A3 Still Alive



•          ဒီနေ့ နေ့လည်ကမှ Server Release လုပ်လာတဲ့ Game ဖြစ်ပြီး အရင် Korea version တုန်းက ဆော့ဖူးတဲ့သူ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အခု Global ဆိုတော့ အားလုံးဆော့ခြင်ကြလိမ့်မယ်လို့ Admin ထင်တယ် ။ အထူးသဖြင့် Multiplayer သဘောကျတဲ့သူတွေ၊ Stay Home မှာ သူငယ်ချင်းတွေနဲ့ အတူဆော့ခြင်တဲ့သူတွေတွက် စမ်းဆော့ကြည့်သင့်တဲ့ Game ပါ။ ဘာလို့ ဒီလို MMORPG Game ကို အကြံပေးလဲဆိုရင် ဒီ Game က တခြား MMORPG တွေလို ထွက်လာတာမဟုတ်ပါဘူး။ 




•            ဒီ Game မှာက MMORPG အပြင် Battle Royale ဆိုပြီးတော့ပါ ထည့်ပေးထားတာပါ။ ဟုတ်ပါတယ် PvP ကော PvE ကောပါဝင်ပြီး 100vs100 PvP တွေ Player 30 ပါတဲ့ Battle Royale တွေပါ ကစားနိုင်မှာပါ။ အဲတော့ Game က ကောင်းရဲ့လားဆိုရင် စမ်းကြည့်ရုံလောက်ဘဲလို့ ပြောခြင်ပါတယ်။ ဘာလို့ဆို MMORPG Type ထဲက BR Mode ဆိုတော့ တခြား BR Game တွေနဲ့မတူဘဲ အတွေ့ကြုံသစ်ရပါတယ် ။ ဒီ BR Game မှာဆိုရင် သူငယ်ချင်း သုံးယောက်ထိ အတူကစားနိုင်ပြီး Game ရဲ့ Map ကို Sector ပုံစံမျိုးနဲ့ ခွဲထားတာပါ။ Monster တွေ သတ်၊ Level စု၊ Skill တွေ Upgrade လုပ်ပြီး နောက်ဆုံး Sector ထိ အသက်ရှင်အောင် ကြိုးစားနိုင်ရင် အနိုင်ရမှာပါ ။ 




•           Game က တခြား BR အမျိုးစားတွေထက် အမှောက်ပိုချထားပြီး မြင်ကွင်းကျယ်ခြင်ရင် Map ထဲမှာ Tower Vision အကူညီယူလို့ရပါတယ်။ ဒီ BR Mode မှာ Admin ခံစားမိတဲ့ အတွေ့ကြုံက အနီးစပ်ဆုံး Moba BR တွေကို ဆော့ဖူးတဲ့သူဆိုရင် ဒီ Game ရဲ့ Graphic ကို ပိုသတိထားမိလိမ့်မယ်။ တခြား Game တွေက သူ့ Graphic နဲ့သူ သွားကြပေမယ့် ဒီ Game ထဲမှာတော့ MMORPG ရဲ့ Graphic မျိုးကို BR ပုံစံနဲ့ တစ်သားတည်းခံစားရမှာပါ။ အဲတော့ Skill Effect တွေ၊ Body Deatil တွေက တခြား Game တွေထက် ပိုအားရစရာကောင်းတာကို တွေ့ရလိမ့်မယ်။ BR Type ခြင်းတော့ တူတယ် ဒါပေမယ့် သူတို့က နည်းနည်းကွဲသွားအောင် လုပ်ပေးထားတယ်။ လက်နက်ကို အစပိုင်းမှာ ကြိုက်တာယူလို့ရပြီး ယူထားတဲ့ အဲတစ်မျိုးတည်းကိုဘဲ အသုံးပြုလို့ရမှာပါ။  Manual Control ဆိုတော့ ခက်တော့ခက်တာပေါ့။  






•           အဲတော့ GAME က Main Quest ဖြစ်တဲ့ Storyline နဲ့ဘဲဆော့ဆော့ PvP တွေဘဲဆော့ဆော့ တစ်ခုပျင်းရင်တောင် နောက်တစ်ခုတည်းကို ဝင်ဆော့လို့ရတာပေါ့။ ဒီတော့ ဇာတ်လမ်းသွားကိုတော့ Admin ပြောမပြခြင်တော့ဘူး။ ဘာလို့ဆို အဆုံးထိ ဆော့မယ်သူက ဒီ Global version မှာ မရှိသလောက်ထိ ဖြစ်နိုင်တယ် ။ Korea မှာက Popular ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲဒီ KR version ကို Admin စမ်းခဲ့သလောက်ကတော့ သိပ်အဆင်မပြေခဲ့ဘူး။ အထူးသဖြင့် UI နဲ့ Camera Angle ကို သဘောမကျဘူး။ Game က ထုံးစံတိုင်း Auto Quest နဲ့ Auto Combat တွေက ပါနေတုန်းဘဲ။ အထူးသဖြင့် Netmarble Type တွေဆို သိပြီးသားဖြစ်မှာပါ။  




•            အဲတော့ အခု Global ထွက်လာတော့ Bug လေးတွေတောင် ပိုတွေ့ရသလိုဘဲ။ အထူးသဖြင့် ဒီ World ထဲမှာ Monster သတ်တာက အကောင်သာ သေသွားတယ် Spell Effect တွေက ပေါ်မလာဘူးဖြစ်နေတယ်။ တခြား Mode တွေဖြစ်တဲ့ PvP နဲ့ PvE တွေကျတော့ Skill Effect တွေ တောက်နေအောင် ဖြာထွက်နေတယ်ဆိုတော့ သူတို့ နောက် Update မှာ ပြင်ပါ့စေလို့ဘဲ။ ပြီးတော့ တစ်ခါလေ အသံမထွက်တာတောင် ပါသေးတယ်။ 


•            နောက်ဆုံး လူတိုင်းသိခြင်ကြတဲ့ အချက်ဖြစ်တဲ့ ဒီ Game က Pay To Win ပုံစံလားဆိုရင်တော့ သင်သာအပျင်းပြေဆော့ခြင်ရင် ဒီ Game က စိတ်ကျေနပ်စေမှာဖြစ်ပြီး ရေရှည်ဆော့ရင်တော့ ပိုက်ပိုက်မသုံးရင် တစ်ဖိုင်းဖိုင်း ရိုက်ခံရမယ့် အကွက်ပါ။ အဲတော့ Game က Free To Play = Pay To Win ပေါ့။ ဒါပေမယ့် အပေါ်က Admin ပြောခဲ့တဲ့ BR ကတော့ လုံးဝ Skill သက်သက်ဘဲဖြစ်တာကြောင့် အဲတစ်ခုဆော့ခြင်ရင်တော့ စမ်းဆော့ကြည့်သင့်တယ်လို့တော့ အကြံပေးပါတယ်။ အများကြီး ရေးခြင်ပေမယ့် Game ထဲရောက်ရင် ပိုပြီး စုံစုံလင်လင် သိရပါလိမ့်မယ်။ အဲတော့ ကလိခြင်တဲ့သူတွေ စမ်းဆော့ကြည့်ကြပါ။ 
( Game အသစ်မို့လို့သာ တင်ရတာ GI ပေါ်လာပြီးကတည်းက Mobile Player တွေတွက် Auto Quest Type မတိုးတော့ဘူးလို့တော့ မြင်မိတယ် )





         ⚠️  Game ထဲရောက်ရင် 2.5 GB လောက်ထပ်ပြီး Download လုပ်ရမှာဖြစ်တာကြောင့် Storage မှာ အနည်းဆုံး 3 GB ဝန်းကျင်ထိ ရှင်းထားဖို့လိုပါတယ်။ ⚠️


=====================

- Android Version = 6.0 +

- Size = 200 MB

- Total Size = 2.74 GB

- Type = Online

- Developer = Netmarble

======================

Download Link
*****************


============================

#Online_HELLO, #MMORPG_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )

Related Posts

  • Raft Survival Multiplayer ( Test ) •           အခုဆိုရင် လူကြိုက်များတဲ့ Raft Survival Game ဟာ Early Access အနေနဲ့ Online Multiplay… Read More
  • •           အခုတလော လူပြောများနေတဲ့ ဒီ GAME လေးက Football Fan တွေတွက်တော့ Feature အသစ်တွေ ယူဆောင်ပေးလာတဲ့ Game ​ကောင်းတစ်ခုပါ။ Champion Of The Fields … Read More
  • S2D Multiplayer         Slendytubbies ဟာ series လိုက်ထွက်နေတဲ့ Horror Game တစ်ခုဖြစ်ပြီး Solo ကော Multiplayer ပါ ထည့်သွင်းလေ့ရှိပါတယ်။ ထွက်သမျှ Game တိုင… Read More
  • Final Fantasy 7 The First Solider ( Beta ) •              အခုဆိုရင် Final Fantasy 7 ရဲ့ The First Solider Game ဟာ Beta အနေနဲ့ ဒီလ ၁ ရက်နေ့ကနေ့ ၇ ရက်နေ့အထိ NA server… Read More
  • The Ghost •       ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ အားလုံးကြိုက်တဲ့ Multiplayer Horror အမျိုးစားဖြစ်ပြီး Android ကော iOS မှာပါ နှစ်မျိုးလုံး အတူတူထွက်လာတာပါ။ ပ… Read More

Comments

လူကြည့်အများဆုံး GAMES