Abi A Robot's Tale

0% COMMUNITY SCORE
LOADING...
RATE:


           Adventure အမျိုးစားဖြစ်ပြီး Art အတော်ကောင်းတဲ့ Game လေးပါ။ 2D Platformer ဖြစ်သလို Size အနေနဲ့လည်း နည်းနည်းလေးနဲ့ တကယ်ကောင်းတာပါ။ Robot နှစ်ကောင် နေရာကနေ  ကစားရမှာဖြစ်ပြီး လူတွေစွန့်ပစ်သွားတဲ့ ကမ္ဘာကြီးထဲမှာ ဝင်ရောက်ကစားရမှာပါ။ 



  
          ပြောရရင် Wall E တောင် သွားသတိရစေမှာဖြစ်သလို အဲဒီ Feeling မျိုးလည်း ခံစားစေရမှာပါ။ အဓိကကတော့ ဒီ Robot လေးတွေက သက်ရှိ ငှက်ဖြူလေးကို ထူးထူးဆန်းဆန်း လိုက်ရှာနေတာပါ။ အဲတော့ ငှက်ကလေးဘယ်သွားလဲဆ်ိုတာကို လမ်းမှာတွေ့တဲ့ Robot တိုင်းကို လိုက်မေးရင် လူတွေ ဘာလို့ ဒီနေရာကို စွန့်ပစ်သွားလဲဆိုတဲ့ အမှန်တရားကို ရှာဖွေရမှာပါ။ 




          စိတ်အေးလက်အေးဆော့ခြင်တဲ့လူတွေတွက် တကယ်ကို သဘောကျစေမှာဖြစ်သလို တကယ်လည်း ဆော့ကောင်းတဲ့ Game လေးပါ။ Graphic ထက် Art အရမ်းကောင်းသလို Environment ကြီးကိုလည်း တကယ်ကို လှလှပပတွေ့ရမှာပါ။ Point Click ပုံစံနဲ့ လုပ်ပေးထားတော့ Control လည်း Easy ဖြစ်စေတဲ့ Game ပါ။ 


===================

Android version = 5.0 +

Size = 84 MB

Type = Offline

============




Ready.......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...