Antarctica 88

0% COMMUNITY SCORE
LOADING...
RATE:


           ထွက်ထားတာ ၁ ရက်ကျော်ဘဲရှိသေးပြီး Mobile တွက် နောက်ထပ်ဆော့လို့ကောင်းမယ့် Horror Adventure Game တစ်ခုပါ။ Storyline နဲ့သွားတာဖြစ်တာကြောင့် ဇာတ်အိမ်ကို အကြိုက်တွေ့စေရုံတင်မကဘဲ ဒီ Game က စွန့်စွန့်စားစား Action ခန်းတွေပါ ရင်တထိတ်ထိတ်ဆော့ရမှာပါ။ 




          Game က ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့ ဘူမိဗေဒဆိုင်ရာသုတေသနဌာန Antarctice မှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်ကောင်ရဲ့ အဖေဖြစ်သူ Vladimir Efimov ဟာ လွန်ခဲ့တဲ့ ၆ လ လောက်က လက်ရှိသမိုင်းမှတ်တမ်းမှာတစ်ခါမှမတွေ့ဖူးတဲ့ ဓာတုဗေဒဆိုင်ရာ အချက်လက်တစ်ချို့ကို ဒီ Antarctice မှာ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၆ ပတ်လောက်ကစပြီး အဲဒီ ဌာနနဲ့ အဆက်သွယ်လုံးဝပျက်သွားပါတယ်။ အဲ​ဒါကြောင့် အဖေဖြစ်သူကို ရှာဖို့တွက် ဒီ Antarctice ကို အဖော်လေးယောက်နဲ့အတူ ရောက်လာခဲ့တာပါ။ ရောက်ရောက်ခြင်းမှာဘဲ ထူးဆန်းတဲ့ အဖြစ်တွေ စကြုံလာတယ်။ ဘာတွေလဲဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဆော့ကြည့်တော့နော်။ 




           ဒီ Game က သရဲ Game တွေလို Horror မျိုးမဟုတ်ဘဲ လူသူမရှိတဲ့ ရေခဲတောင်ကြားက သတ္တဝါကြီးတွေနဲ့ ကြုံတွေ့ရမယ့် Game ပါ။ Game က ကြောက်စရာမကောင်းပေမယ့် ရင်တုန်စေတာတော့အမှန်ဘဲ။ နှင်းBoat တွေစီးတဲ့နေရာဆိုရင် မောင်းသာမောင်းရတာ လမ်းမမြင်၊ ချောက်မမြင်နဲ့ ရင်တုန်တုန်နဲ့ အူယားစရာကောင်းတယ်။ Game က အကောင်မြင်ရင်တောင် ဖြတ်မလျှောက်ရဲတဲ့ အဖြစ်ပါ။ ဘယ်လိုချိန်မှာလဲဆိုရင် ကိုယ့်မှာ လက်နက်မရှိရင်ပေါ့။ ကျည်အကန့်သတ်နဲ့ဆိုတော့ ဆော့ရတာ စိတ်လှုပ်ရှားစရာကောင်းတယ်။ 


            Game က Graphic အနေနဲ့ ပုံမှန်ဖြစ်ပြီး Gameplay နဲ့ Physics ကတော့ အားရစရာကောင်းတယ်။ Control လည်း Smooth ဖြစ်သလို ကျည်ခွန်ထွက်ကျတာကစ Detail ဖြစ်တယ်။ Admin အထင် Day, Night စနစ်များထည့်ပေးထားလားမသိဘူး။ ဘာလို့ဆို Admin နေ့လည်ကဆော့တော့ မနက်ခင်းဖြစ်ပေမယ့် ညဘက်ပြန်ဆော့တော့ Game ထဲမှာလည်း Night ဖြစ်နေတယ်။ အဲတော့ ပိုစိတ်လှုပ်ရှားစရာကောင်းတာပေါ့။ Size နည်းနည်းလေးနဲ့ စွန့်စားကြည့်သင့်တဲ့ Game ပါ။ 


         ⚠️  Game က Full Unlock ဖြစ်ဖို့တွက် စစဝင်ခြင်းမှာ Internet ခဏဖွင့်ပေးပါ ။ Shop ထဲမှာ Ep အကုန် Unlock ဖြစ်တယ်လို့ပြမှ Internet ကို ပိတ်ဆော့ပါ။ ⚠️

===================

Android version = 5.0 +

Size = 100 MB

Type = Offline

============





Ready.......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...