Arcus Archery
• Admin တွက်တော့ တကယ်ကို အံ့သြစေတယ်။ ဘာလို့လည်းဆိုတော့ ရှင်းရှင်းပြောရရင် အစတုန်းက Admin လည်း သာမန် Game မျိုးနဲ့ Wave ပုံစံလေးလို့ထင်ခဲ့တာပါ။ ရိုးရိုးလေးဆိုပြီး Game တင်ဖို့ Information တွေစုကာရှိသေး ရုတ်တရက် တွေ့လိုက်တာက Game ရဲ့ Size ပါ။ 1.9 GB ကျော် 2 GB နီးပါးဖြစ်နေတော့ အတော်ကြောင်သွားတယ်။ ပြီးတော့ Download လုပ်ထားတာ 500 MB ဝန်းကျင်ဆိုပေမယ့် ချက်ခြင်းဆိုသလို ညနေကြတော့ တန်း Update ထပ်တောင်းတယ်။
• အဲဒါနဲ့ Game ကို သေချာပြန်ဆော့ကြည့်တော့ Storyline လို့မထင်ရပေမယ့် Mission တွေက ဇာတ်လမ်းသွား Game တစ်ခုလို Cutscene တွေနဲ့ ထိုးထိုးပြထားတော့ နည်းနည်းစိတ်ဝင်စားလာတယ်။ Game က လေးပစ်တော်တဲ့ သာမန်ကောင်မလေးနေရာကနေ ကစားရမှာပါ။ သူမက မြို့ပြင်မှာဘဲနေပြီး တစ်ယောက်တည်းနေတတ်တဲ့ ကောင်မလေးပေါ့။ ရွာထဲမှာ ရန်သူတွေ ကျူးကျော်တာတွေ့ရင်း ဝင်ကူရင်းကနေ အထက်လူတန်းစားတွေရဲ့ လေးစားမှုကို ရလာခဲ့တယ်။ အဲကြောင့် သူမကို တော်ဝင်အခန်းနားပွဲတော်ကို တက်ရောက်ဖို့ ဖိတ်ကြားလာတယ်။
• ကောင်မလေးက တစ်ယောက်တည်းအနေများတော့ လူအများနဲ့ ထိတွေ့ရမှာကို သူမ အရမ်းကြောက်တာ။ အဲကြောင့် သူမက လူအများကြီးရှိတဲ့နေရာဆိုရင် အလိုလို မွန်းကြပ်လာတတ်တယ်။ အဲအတွက်လည်း Gameplay ကို သပ်သပ် ခွဲထုတ်ပြီး ဆော့ပေးရသေးတယ်။ ဒီလိုနဲ့ သူမရဲ့အိမ်မှာ နယ်ပယ်အသီးသီးက အကူညီ တောင်းခံစာတွေ တန်းစီရောက်လာတော့တာပေါ့။
• Game က မြှားပစ်တာရယ် Fight လုပ်ရတာတွေက အဓိကလို့ထင်ရတယ် ။ စာရလို့ ရွာကိုကာကွယ်ပေးရမယ်ဆိုရင် အရင်ဆုံး Wall တွေ စိတ်ကြိုက် မြှင့်လို့ရတယ်။ Enemy လာတဲ့ လမ်းပေါ်မူတည်ပြီး ကိုယ်က Tower တစ်ခုပေါ် တစ်ခုပြောင်းရင်း ကာကွယ်ပြီး ပစ်ပေးရုံဘဲ။ မြို့တွေဆိုရင် အစောင့်တွေပါ ကူတိုက်ပေးတယ်။ Game က အဲတိုင်းဘဲလားဆိုတော့ မဟုတ်ဘူး ခုနက အပေါ်က ပြောခဲ့သလို ခန်းမထဲမှာပါ လူရှောင်တာမျိုးတွေ ဆော့ရသေးတာဆိုတော့ Game ရဲ့ Size နဲ့ယှဥ်ရင်တော့ ပိုပါလာနိုင်သေးတယ်လို့ ထင်တယ်။ တချို့ Mission တွေမှာ Cutscene အသစ်နဲ့ Item အသစ်တွေပါ ရသေးတာဆိုတော့ နောက်ထပ် ဘာတွေ ပါအုန်းမလဲဆိုတာ စိတ်ဝင်စားစရာပါ။
• Game ဒီဇိုင်းက ဟိုလိုလို ဒီလိုလိုတောင် အစကထင်သွားနိုင်တယ်။ တော်သေးတယ် Archer ဖြစ်နေလို့သာ။ ပြီးတော့ Admin ဆော့ကြည့်ရသလောက်တော့ Update မှာ အတော် Fix ဖြစ်သလို Aim လဲ Smooth ဖြစ်သွားတယ်။ အဲတော့ Game သစ်လေးဖြစ်တာကြောင့် စမ်းဆော့ကြည့်ရင်လည်း ဆော့ကြည့်ပေါ့။ Graphic က တအားမကောင်းပေမယ့် ဇာတ်ဝင်ခန်းတွေက အသစ်တွေပါပါလာတော့ စိတ်ဝင်စားစရာတော့ ကောင်းတယ်။
⚠️ GAME က Playstore က Download လုပ်မယ်ဆိုရင် 500MB ဝန်းကျင်လို့သာပြထားပေမယ့် တကယ် Download လုပ်တာက 900MB အထက်မှာရှိတယ်။ ဘာလို့ဆို Apkpure မှာတောင် xapk type နဲ့ 1.7 GB ရှိတယ်။ Size များပြီး သိပ်မသက်ရောက်တဲ့ ဒီ Game လေးက ဘာတွေများ လျှိုထားနိုင်လဲ ?
#Arcus_Archery
Developer : #LWMedia
=====================
- Android Version = 5.0 +
- Size = 630 MB +
- Type = Offline
===============
#Offline_HELLO
#Adventure_HELLO
#HELLOYDB
===========
Ready....
Comments