Aurora: Quarantine

0% COMMUNITY SCORE
LOADING...
RATE:


•           ဟိုအရင်အချိန်တုန်းက လူသားတွေဟာ ကမ္ဘာမြေကြီးကို နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့ကြတယ်။ လေထုညစ်ညမ်းမှုတွေ၊ ရေမသန့်ရှင်းမှုတွေ၊ မြေဆီလွှာဖျက်ဆီးမှုတွေက တစ်ယောက်တစ်မျိုးစီနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေဖြစ်လာခဲ့တယ်။ နောက်ပြီး ဆင်းရဲ၊ ချမ်းသာ ကွာဟမှုရဲ့ ရိုက်ခတ်မှုကြောင့်လည်း လူ့တန်းစားတွေကွဲကာ မညီမျှမှုတွေ ဖြစ်လာခဲ့ကြတယ်။ 


 •           နောက်ဆုံးမှာတော့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက သီးခြားမြို့တော်တွေ တည်ဆောက်လာပြီး S.I.G.H.T ဆိုတဲ့ အဆင့်မြင့်ဆုံး လုံခြုံရေးတွေနဲ့ ကာကွယ်လာပါတယ်။ ပိုဆိုးတာက အဲဒီမြို့တော်တွေက လူချမ်းသာ အသိုင်းဝိုင်းတွေတွက်ဘဲ သီးသန့်ဖြစ်ခဲ့တယ်။ တစ်နေ့ The Association လို့ခေါ်တဲ့ ပုန်ကန်သူတွေက မြို့တော်တွေထဲက တစ်ခုဖြစ်တဲ့ Silverpolis ကို ဝင်ရောက်စီးနှင်းခဲ့ပါတယ်။ အဲမှာ Aaronsohn ဓာတ်ခွဲခန်းထဲက Toxic ပစ္စည်းတွေကို ဝင်လုခဲ့ပြီး မြို့လယ်ခေါင်မှာ အဲဒီ Toxic တွေကို ဗုံးတစ်ခုအဖြစ်နဲ့ လုပ်ကြံခဲ့ပါတယ်။ Toxic ကြောင့် မြို့သူမြို့သားတွေ တစ်ယောက်မှမကျန် မိနစ်ပိုင်းတွင်း အကုန်သေဆုံးကုန်ကြတယ်။ ဗုံးက ပေါက်ကွဲရုံတင်မကဘဲ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ Toxic အဆိပ်တွေဟာ မြို့ထဲကို ဘယ်သက်ရှိမှ ဝင်လို့ မရအောင် အခြေနေဆိုးခဲ့တယ်။ အဲဒါကြောင့် S.I.G.H.T က Robot တစ်ခုကို စေလွှတ်ခဲ့ပြီး မြို့ထဲက အဆိပ်တွေ ဖြေလျော့ဖို့တွက် နည်းလမ်းရှာတော့ပါတယ်။ 




 •            ဒီလို Game လေးက ဆော့ရတာ တကယ်လည်း တန်သလို အပန်းလည်းပြေတယ်။ အရင်က PC မှာဆော့နေကြ Game လေးနဲ့ တူပေမယ့် ဒီတစ်ခုကတော့ လုံးဝ Upgrade ပုံစံနဲ့ Sci-Fi ဆန်သွားပြီ။ Realistic Graphic တင်မကဘဲ Shadow တွေ Lighting တွေကစ ဆွဲဆောင်မှုရှိတာကြောင့် သဘာဝကျတဲ့ Graphic မျိုးကို တွေ့ရမှာပါ။ ဒါ့ပြင် Ability တွေကို အသုံးချပြီး အခက်ခဲတစ်ခုစီတိုင်းကို ဉာဏ်ရှိသလို ကစားရတာဖြစ်တာကြောင့် Puzzle Adventure သမားတွေတွက်လည်း သဘောကျစေမှာပါ။ပြီးတော့ Energy နဲ့ဆိုတော့ Challenge လည်း ဖြစ်တယ်။  Physics အသားပေး Game ဖြစ်တာကြောင့် စိတ်ငြိမ်ငြိမ်လေးနဲ့ Control လုပ်ရင် အခန်းတိုင်းကို လွယ်ကူစေမယ့် GAME ကောင်းလေးပါ။ 




- Controller နဲ့လည်း အဆင်ပြေသလို ဖုန်းအနိမ့်တွေတွက်လည်း အေးဆေးဆော့လို့ရတယ်နော်။ 


#AuroraQuarantine

=====================

• Android version = 4.0 +

• Size = 465 MB

• Type = Offline

-------------------------





#Offline_Hello

#Adventure_Hello

#HELLOYDB

============

Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...