Badlanders

0% COMMUNITY SCORE
LOADING...
RATE:


             ဒီ Game ရဲ့ Gameplay က တခြား Mobile Game အမျိုးစားတွေနဲ့ မတူဘဲကွဲထွက်သွားတာကြောင့် ဆော့ရတာ အသစ်ဆန်းတော့ဖြစ်စေတယ်။ 


            BR ဆိုလည်း ဟုတ်တယ် Survival ဆိုလည်း ဟုတ်တယ်။ ဒါပေမယ့် နောက်ဆုံးကျန်တဲ့လူမှ အနိုင်ရတာမဟုတ်ဘဲ နယ်မြေကနေ လွတ်အောင် ပြေးနိုင်တဲ့သူတိုင်း အနိုင်ရမှာပါ။ Game က ရှင်းရှင်းပြောရရင် Item ရှာပြီး ပစ္စည်းပြန်ရောင်းတဲ့ ပုံစံဘဲ။ အရင်ဆုံး Map ထဲမှာ သင်အပါဝင် တခြား Player တွေကိုပါ တစ်နေရာစီချထားပေးမယ်။ ပြီးရင် မိနစ် ၂၀ ကန့်သန့်ထားပြီး ဒီ Map ထဲက အဆောက်အဦးတွေထဲက ပစ္စည်းတွေကို ရသလောက်လိုက်ရှာရမှာ။ ကြားထဲမှာ ရန်သူကိုတွေ့ရင် သတ်ကြ ပစ်ကြပေါ့။ ကိုယ့်စီမှာ Bag ကလည်း ပြည့်သွားပြီ Time ကလည်း ၁၀ မိနစ်အောက်ရောက်နေပြီဆိုရင် ဒီ နယ်မြေကနေ ထွက်ပြေးလို့ရပြီ။ Map ထဲမှာ Escape လုပ်ဖို့တွက် နေရာ လေးခုထိ ပေးထားတယ်။ တစ်ခုခြင်းစီမှာ သူ့ အချိန်နဲ့သူ ကန့်သတ်ထားပြီး အချိန်မကုန်ခင် အဲနေရာကို ရောက်အောင်သွားရုံဘဲ။ ဒီကြားထဲကမှ ကိုယ်သွားတဲ့နေရာက အချိန်ပြည့်သွားရင် နောက်တစ်ရာကို ပြန်ပြေးရမှာပေါ့။ တစ်ခုတော့ရှိတယ် နောက်ဆုံးကျန်တဲ့ နေရာတွေက လွတ်ဖို့ရာ အတော်ခက်တယ်နော်။ ဘာလို့ဆို Player အများစုက အဲနေရာမှ တစ်ယောက်နဲ့တစ်ယောက် သတ်ပြီး ပစ္စည်း လုဖို့ရာ စောင့်နေတတ်ကြတယ်။ 



             တကယ်လို့ သင်က အန္တရာယ်ကင်းကင်းနဲ့ နယ်မြေက လွတ်သွားရင်တော့ ကိုယ်ရထားတဲ့ ပစ္စည်းတွေနဲ့အတူ Warehouse ကို တစ်ခါတည်း ပါသွားမှာပါ။ အဲကြရင် ကိုယ်ပါလာတဲ့ ပစ္စည်းတွေထဲက မလိုအပ်တဲ့ ပစ္စည်းတွေကို  Trade ဖြစ်ဖြစ် ရောင်းတာဖြစ်ဖြစ် လုပ်လို့ရသလို အဲဒီက ရတဲ့ ပိုက်ဆံတွေနဲ့လည်း Weapon တွေ Armor တွေ ထပ်ဝယ်လို့ရတယ်။ တကယ်လို့ ခုနက နယ်မြေထဲမှာသာ အသတ်ခံခဲ့ရရင် ဘာပစ္စည်းမှ ပြန်ပါလာမှာ မဟုတ်ပါဘူး။ အဲတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ Game ပါ။ ဒီထဲမှာ တွေ့ရမယ့် အမျိုးစားတွေက ပစ္စည်းရှာတဲ့လူရယ် ၊ သူများစီက ပစ္စည်းကို ပြန်ဖြတ်ယူပြီး Loot လုပ်ခြင်တဲ့သူတွေပေါ့။ 



              ပစ္စည်းအရများပြီး ပိုက်ဆံတွေများလာရင် Blackmarket ထဲက Item အကောင်းစားကြီးတွေ ဝယ်ပြီး နယ်မြေ ထဲကို ထပ်သွားလို့ရတယ်။ အဲတော့ Game က Map ထဲမှာတင် ပစ္စည်းရှာရုံတင်မဟုတ်ဘဲ Battle  Map ထဲမဝင်ခင်ကတည်းကိုက သေနတ်တွေ စိတ်ကြိုက်သယ်လာလို့ရတယ်။ ဒါပေမယ့် ခုနကပြောသလို သေရင်တော့ ဘာမှ ပါလာမှာမဟုတ်ဘူးနော်။ Challenge ဖြစ်သလို ပစ္စည်းတွေပါသွားရင်လည်း အတော်လောင်မယ့် Game ပါ။ 


           ⚠️  Game က Test ဆိုတော့ Bug တွေ Lag တာတွေ ရှိသေးပါတယ်။ fps လည်း သိပ်မငြိမ်သေးပါဘူး။ Player လည်း နည်းသေးသလို Match ရှာရတာလည်း နည်းနည်းကြာတယ်။ ပြီးတော့ Game ထဲရောက်ရင် Update တွက် 170 MB ဝန်းကျင်လောက် ထပ် Download လုပ်ရမှာပါ။ Total Size အနေနဲ့ကတော့ 1.35 GB ထိရှိပါတယ်။ Android တွက်ဘဲ ထွက်သေးတာဖြစ်ပြီး iOS တွေက မရသေးပါဘူး။ Official ကြမှ ဒီ Game မှာ ဘာကြောင့် ဒီလိုဖြစ်ပွားတယ်ဆိုတာကို Background Story လေးနဲ့ Admin ပြောပြပေးမယ်။ အခုက စာလည်းရှည်တော့ Game ကို သိယုံလောက်ဘဲ ပြောပြပေးထားတယ်။ပြီးတော့  Escape From Tarkov သမားတွေ ပိုသိလိမ့်မယ်။ 


====================

Android version = 4.4 +

Size = 560 MB

Total Size = 1.3 GB

CPU = 1.4 GHz +

Ram = 1.5 GB +

Type = Online

============





Ready........
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...