Battle Force

0% COMMUNITY SCORE
LOADING...
RATE:


         ဒီ Game က အခုမှ Early Access ဘဲရှိသေးပြီး FPS သမားတွေတွက်တော့ Cyberpunk ဆန်ဆန်နဲ့ သဘောကျစေမယ့် Game လေးပါ။ Team Battle ပုံစံနဲ့ တခြား FPS game တွေလို Gameplay မျိုးဆိုပေမယ့် ဒီ Game ထဲမှာက Character 6 ယောက်ထိပါဝင်ပြီး တစ်ဦးစီတိုင်းမှာလည်း မတူညီတဲ့ Ability တွေနဲ့ အားသာချက်ကိုယ်စီရှိပါတယ်။ 




          ဥပမာ - Bat ကောင်မလေးဆိုရင် သူ့ရဲ့ Ability သုံးတာနဲ့ ရန်သူရဲ့ လှုပ်ရှားမှု မှန်သမျှကို Sonar နဲ့ Focus လုပ်ပြီး ထောက်လှမ်းလို့ရတယ်။ အတော်ကြမ်းတယ်။ ပြီးတော့ Main Weapon တွေ Armor တွေလည်း ထပ်ပြီး Upgrade လုပ်လို့ရသလို Battle ထဲမှာလည်း လူ ထပ်ချိန်းလို့ရတယ်။ 




         Graphic အနေနဲ့လည်း အတော်မိုက်သလို Sci-Fi ဆန်တဲ့ Environment ကလည်း Neon Light Effect တွေနဲ့ ကစားသူတွေကို ဆွဲဆောင်နိုင်တယ်။ Reload Animation တွေလည်း သေသပ်သလို ကြားခံပစ္စည်းတွေ ကွဲသွားတာတွေ၊ ကျည်ထိတဲ့ မျက်နှာပြင်ပေါ်မူတည်ပြီး အသံကွဲသွားတာတွေက ပိုအားရစရာကောင်းတယ်။ Game က Early Access ဆိုတော့ လိုအပ်ချက်တွေ Bug လေးတွေ ရှိနေသေးပေမယ့် ဆော့ပျော်တဲ့ First Person Shooter game တစ်ခုပါ။ 


===================

Android version = 4.1 +

Size = 250 MB

Type = Online

============





Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...