Battle Rival



         အခုတလော Admin ဆော့ဖြစ်နေတဲ့ MOBA Game လေးဖြစ်ပြီး Easy Moba အမျိုးစားလေးပေါ့။ တကယ်လည်း ဆော့ရတာ မလောင်သလို အချိန်အနေနဲ့လည်း 3 မိနစ်ကနေ ၁၀ မိနစ်ထိလောက်ဘဲ ပေးရတဲ့ Game လေးပါ။ ဒါပေမယ့် Game က Casual လိုမျိုးလားဆိုတော့ မဟုတ်ပါဘူး။ ဒီ game မှာက Character အနေနဲ့ Battle ထဲမှာ Level 10 ထိသာ ရှိပြီး Skill အကွက်အနေနဲ့လည်း 3 ခုဘဲပါတာပါ။ 3v3 ပုံစံဆိုပေမယ့် Map တွေက တစ်ပွဲနဲ့တစ်ပွဲ lane ခြင်းမတူဘဲ အစုံဆော့ရတော့ ရိုးမသွားစေဘူး။ 


         Game Mode အနေနဲ့ Arena, Royale , Chess ဆိုပြီး ၃ မျိုးပါပါတယ်။ Arena က အပေါ်ကပြောခဲ့သလို 3v3 အမျိုးစားပါ။ Level တက်တာလဲ အချိန်ကိုက်ဖြစ်သလို Item တွေကလည်း လွယ်လွယ်နဲ့ အရှင်းဆုံး နားလည်အောင်ပြောရရင် ML ထဲ Roam လိုမျိုး ကိုယ်တိုင်သုံးရတာမျိုးတွေ များပါတယ်။ တစ်ခုတော့ ရှိတယ် 3v3 Mode ရဲ့ Type က ​အမျိုးမျိုးရှိတယ်။ အကုန်လုံးက Tower ချိုးရတာဆိုပေမယ့် Team အားသာချက်ကို Support ပေးတဲ့ Buff အနေအထားတွေက ပြောင်းတယ်။ Marca Prison မှာဆိုရင် Punishment Core ကို ရလိုက်တာနဲ့ ကိုယ်က Buff Effect အနေနဲ့ တခြားလူတွေထက် Size ကြီးသွားပါတယ်။ Dragon's Tomb မှာကြတော့ Guardian ကို သတ်တာနဲ့ Team Buff Effect ကို တန်းတူရတာပါ။ 




          Game က Heros တွေကိုလည်း Reward ကနေ အလကားရတာပါ။ Skin တွေကတော့ စိန်နဲ့ဆိုပေမယ့် အဲဒီ စိန်တွေပါ Reward ကနေ ရတတ်ပါတယ်။ Hero ကိုလည်း Upgrade လုပ်ပေးရသလို ကိုယ်ကြိုက်တဲ့ Role ကိုဘဲ သေချာဆော့သွားဖို့ အကြံပေးပါတယ်။ Game က 3v3 မှာသာ Team နဲ့ဆိုတော့ Battle ထိန်းနိုင်ပေမယ့် Royale ဖြစ်တဲ့ Survival မှာကြတော့ Range Role တွေ အတော်အဆင်မပြေတော့ပါဘူး။ Physical သမားတွေဘဲ အဲ Mode မှာ အသုံးများကြပါတယ်။ အဲတော့ မှားမကိုင်မိစေနဲ့ပေါ့။ 




           Heroes လေးတွေလည်း ကြည့်ရအဆင်ပြေသလို Graphic ကလည်း အသင့်တင့်နဲ့ ကြည့်ကောင်းတာကြောင့် MOBA ကိုမှ အချိန်အကြာကြီး မဆော့ခြင်တဲ့ သူတွေတွက် အဆင်ပြေစေမယ့် Game ကောင်းလေးပါ။


===================

Android version = 6.0 +

Size = 267 MB

Type = Online

============




Ready.......

Comments

လူကြည့်အများဆုံး GAMES