Battle Royal Fire Force

0% COMMUNITY SCORE
LOADING...
RATE:


          BR ကိုမှ Sci-Fi ဆန်ဆန် Offline ဆော့ခြင်ရင်တော့ ဒီ Game လေးကို သဘောကျစေမှာပါ။ Polygon Graphic နဲ့ BR ကိုမှ Solo, Duos, Squad, Team Fight ဆိုပြီး ကြိုက်နှစ်ရာ ဆော့လို့ရပါတယ်။ FPS ကော TPS ကော ပြောင်းလို့ရပြီး Character တွေကစ Style အစုံနဲ့ Ability အစုံကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။ 


          Game က BR ကို Offline ဆိုရင် အတော််များများအထင်သေးတတ်ကြတယ်။ ဘာလို့ဆို BR game အများစုရဲ့ Bot ခေါ် AI တွေက သတ်ရလွယ်တာကို။ ဒါပေမယ့် ဒီ Game လည်း အတူတူလို့ပြောလို့ရပေမယ့် AI တွေက Cheat သမားတွေလားတောင် ထင်ရတယ်။ Map တစ်ခုလုံး Safe Zone သေးသွားတဲ့ထိ Enemy တွေက Ghost လို ပေါ်လာကြတာပါ။ Aim ကလည်း Bot Aim လို့ထင်ရလောက်အောင် အဝေးကြီးကနေလည်း ထိအောင်ပစ်နိုင်တယ်။ အဲတော့ Solo ဆိုရင် Survive ဖြစ်ဖို့ရာ သိပ်မလွယ်ဘူး။ 



          Game က HP အတော်ရှားသလို HP ကဘဲ ဒီ game ကို ခက်စေတာပါ။ Guns တွေ Sword တွေ ဘယ်လောက်ရရ HP ပါတဲ့ Box ကို လိုက်ရှာရတာ အမော။ အပေါ်ကပြောသလို Enemy တွေက တကယ်ကို Cheater တွေပါ။ ဘာလို့ဆို နံရံခြားနေတာတောင် ကိုယ့်ကို နံရံဖောက်ပြီး လာလာပစ်တတ်တယ်။ မလောင်ခြင်ရင်တော့ Team Fight လေးဘဲ စမ်းကြည့်ကြပါ။ Bug လေးတွေ ရှိသေးပေမယ့် ပေးရတဲ့ Size နဲ့တော့ အပျင်းပြေစေတဲ့ Game လေးပါ။ 



===================

Android version = 5.0 +

Size = 98 MB

Type = Offline

=============





Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...