Blade Of God

0% COMMUNITY SCORE
LOADING...
RATE:


•          ​ဒီ Game က အတော်များများလည်း သိပြီးသားဖြစ်သလို Chapter 1 ဘဲဆော့ပြီး ​ဇက်ငင်ဇက်ငင် ဖြစ်နေကြမယ်ဆိုတာ သေချာပါတယ်။ ဟုတ်တာပေါ့ Game က ပိုက်ဆံပေးဝယ်မှ နောက် Chapter ပွင့်မှာကို။ RPG Game လေးလဲ ဖြစ်သလို Storyline ကြီးနဲ့ ထုတ်ပေးထားတာဆိုတော့ Mobile သမားတွေတွက် မဆော့ခြင်ဘဲနေပါ့မလား။ ပြီးတော့ BOD 2 ဆိုပြီးတောင် ဟိုတလောတုန်းက ထပ်ကြေငြာသွားသေးတယ်။ အဲတော့ Admin ကတော့ Blade Of God 2 ကြီးထွက်လာပြီးမှ 1 မဆော့ရသေးဘဲ ယောင်ချာချာဖြစ်နေမှာစိုးလို့ တင်ပေးလိုက်ပြီ။ အရင်တုန်းက ထွက်ထွက်ခြင်းတင်ပေးထားဖူးပေမယ့် အခုဟာကတော့ နောက်ထပ် ထပ်တင်တာပေါ့။ ဘာလို့လဲဆိုတာ သိခြင်ရင် အဆုံးထိ ဖတ်ကြည့်လိုက်။ 


•          Game က Norse ဒဏ္ဍာရီကို အခြေခံထားပြီး Chaos ဆိုတဲ့ သွေးနှောလူသားတစ်ယောက် နေရာကနေ ကစားရမှာပါ။ နတ်ဘုရားတွေနဲ့ ပတ်သတ်တာဖြစ်တာကြောင့် ဖန်တီးသူဖြစ်တဲ့  Odin , နတ်ဘုရားဖြစ်တဲ့ Thor , ပျက်ဆီးမှုရဲ့  Loki တို့ပါတာပေါ့ ။ ဟိုးအရင် ကမ္ဘာကြီးဖြစ်တည်လာတဲ့အချိန်ကနေစပြီး Odinဟာ နတ်ဘုရား ၁၂ယောက်ကို ဒီ ကမ္ဘာကြီးမှာ ခန့်အပ်ခဲ့ပါတယ်။ အဲဒါကိုမှ Loki က အာဏာလိုခြင်တာကြောင့် ရှုပ်ထွေးမှုတွေကြားထဲမှာ War Of Oracles ကြီးဖြစ်ပွားလာခဲ့တယ်။ 


•           ဒီလိုနဲ့ နှစ်တွေကြာလာပြီးနောက်ပိုင်း Loki က သူ့ရဲ့ အရေးနိမ့်မှုကို ပြန်လက်စားချေဖို့တွက် ပျက်ဆီးမှုရဲ့ နတ်ဘုရားလေးပါးကို တစ်ဖန် ဦးဆောင်လာခဲ့ပါတယ်။ အကြောက်တရား၊ ကပ်ရောဂါ၊ အကျင့်ပျက်ချစားမှု နဲ့ နာကျင်မှု တွေကို ကမ္ဘာ​လောကဆီသယ်ဆောင်လာခဲ့ပြီး လူသားမျိုးနွယ်တွေရဲ့ နယ်ပယ်ကို ကျူးကျော်လာခဲ့ပါတယ်။ အဲဒီ အခြေနေတွေကို ကာကွယ်ဖို့နဲ့ တော်လှန်ဖို့ဆိုတာက Chaos ဖြစ်တဲ့ သင်သာ မျှော်လင့်ချက်ရှိတော့တာပါ။ 


•           ဖြစ်ခြင်တော့  Midgard မှာ အဖြစ်ဆိုးတွေကြုံခဲ့ပြီးနောက်ပိုင်း  လူအများက သင့်ကို သေသွားပြီလို့တောင် ထင်မှတ်ခဲ့တာပါ ။  တကယ်တော့ သင်က Muspell ဆိုတဲ့ မြေအောက်ကမ္ဘာကို ရောက်နေတာဖြစ်ပြီး သင့်ရဲ့ ကိုယ်စောင့်နတ်ဖြစ်တဲ့ Hemi လေးပြောပြချက်အရ သင်ဟာ Fallen Gods တွေရဲ့ ကျိန်စာသင့်နေရာကို ရောက်နေတာပါ။ သင့်ကိုစောင့်ရှောက်ဖို့တွက် Hemi လေးက ဘာမဆိုပေးဆပ်ရမှာဖြစ်သလို ဒီကနေ လွတ်မြောက်ဖို့တွက်လည်း စွမ်းအင်တွေ လျော့နည်းနေတယ်။ အဲဒါကြောင့် Midgard ကို ပြန်ဖို့တွက် သင်ဟာ လိုအပ်တဲ့ Soul တွေကို လိုက်စုရတော့မှာပါ။ 


.          ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးဘူး။ မြို့တော်လည်းပြန်ရောက်ရော သင့်မိဘတွေက God ရဲ့ ဖမ်းဆီးမှုမှာ အချုပ်နှောင်ခံခဲ့ရပြီး ဦးလေးဖြစ်သူဘဲ ကျန်ခဲ့တာပါ။ အဲဒါနဲ့ ဦးလေးနဲ့ တိုင်ပင်ပြီး နောက်ထပ် မိဘတွေကို သွားကယ်ရအုန်းမှာပါ။ Chapter တိုင်းက စိတ်ဝင်စားစရာကောင်းသလို ခက်လဲ ခက်ပါတယ်။ Boss ကို သာမန် ဆော့ရုံနဲ့တော့ နိုင်ဖို့ မလွယ်တဲ့ Game ပါ။ 


 •         Game က ဟိုးအရင်ကတည်းက သာမန်ပုံစံလေးနဲ့ ထုတ်ခဲ့ပေမယ့် လူအများသဘောကျလာတဲ့အချိန်မှာတော့ Developer တွေက အကြီးကြီးပြန်ပြင်ဆင်ခဲ့ပါတယ်။ အများပြောပုံအရ Boss အခန်းတွေနဲ့ Combat ပုံစံတွေက GOW ကဲသို့ အားရစရာကောင်းတယ်လို့ပြောကြပါတယ်။ တကယ်လည်း ဆော့ရတာ အတော်ကျေနပ်စရာကောင်းပါတယ်။ Graphic လည်း Stable ဖြစ်သလို  Effect တွေကလည်း Skill ကွက်တွေနဲ့ အတော်ကြည့်ကောင်းတဲ့ Game ပါ။
 
•           Easy Game မဟုတ်သလို Conuter ပြန်လုပ်ဖို့ ခက်တဲ့ Game ပါ။ Skill မဟုတ်ဘဲ သာမန် Physical နဲ့ တ့စ်ဖက်ရန်သူရဲ့ Attack ကိုတောင် ဖျက်လို့မရပါဘူး။ အဲတော့ အတော်လေး စိတ်ရှည်မှဖြစ်သလို Boss တွေမှာလည်း အထာနပ်မှ နိုင်ဖို့လွယ်မယ့် Game ပါ။ Character က Male ကော Female ကောပါပါတယ်။ 


 •      ❗️    Game က ခက်လဲအတော်ခက်သလို ဆော့ရတာလဲ တကယ်တန်ပါတယ်။ ပိုက်ဆံရှိတဲ့သူတွေတွက် Developer ကို Support ပေးစေခြင်သလို မရှိတဲ့သူတွေတွက်လည်း တန်းတူဆော့နိုင်အောင်လို Admin က Full Version ပေးထားပါတယ်။ ဂျင်းလို့ထင်နေမှာစိုးလို့ Admin က Chapter 2 က Ss တွေကို ထည့်ပေးထားတယ် ။ See First ထားတဲ့ Hello Fan တွေတွက် ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ ❗️





         ⚠️   Game ထဲရောက်ရင် လုံးဝလုံးဝ Internet မဖွင့်မိစေပါနဲ့။ Server က Acc သစ်ချိန်ပေးပြီး နောက် Chapter တွေတွက် ပိုက်ဆံ ၆၀၀၀ ပေးနေရလိမ့်မယ်။ Nick Name လုပ်ခိုင်းရင် Skip လုပ်လိုက်ပါ။ Online မလုပ်မိစေနဲ့  ⚠️


#Blade_Of_God

Developer : #PG_Soul Game

=======================

Android version = 6.0 +

Size = 2.15 GB

Type = Offline

Password = helloydb

=====================





#Facebook_Plan_HELLO

#Offline_HELLO

#RPG_HELLO

#HELLOYDB

============

Facebook Plan
****************
https://m.facebook.com/groups/265296731465930?view=permalink&id=337886777540258

===========

Ready.........
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...