Bloodstained Ritual Of The Night

0% COMMUNITY SCORE
LOADING...
RATE:


•              ဒီ Game လေးက PC နဲ့ Console ပေါ်မှာ နာမည်ကြီးခဲ့သလို အခုဆိုရင် Mobile ပေါ်ကိုလည်း ရောက်ရှိလို့လာပါပြီ။ Pay To Play ဖြစ်တာကြောင့် တန်ဖိုးအနေနဲ့လည်း Playstore မှာဆိုရင် 9.99 $ ထိရှိပါတယ်။ ပြောရရင် Console နဲ့ PC Game အများစုက Mobile ပေါ်ရောက်လာရင် ပိုက်ပိုက်နဲ့ ထွက်လာတာများပါတယ်။ ဘာလို့ဆို တကယ်လည်း ခပ်ပေါပေါ Game တွေမှ မဟုတ်တာ။ Admin ကတော့  Game က ပိုက်ပိုက်များပေမယ့် Developer တွေကို တတ်နိုင်ရင် Support ပေးကြပါလို့ ပြောခြင်ပြီး တခြားမတတ်နိုင်တဲ့သူတွေတွက်လည်း ထည့်ပေးထားပါတယ်။ 


•              အဲတော့ ဒီ Game က Storyline ကိုမှ အေးအေးဆေးဆေးနဲ့ အပီပြင်ဆော့ခြင်ရင်တော့ လုံးဝကို အကြံပေးပါတယ်။ အထူးသဖြင့် Castlevania သမားတွေဆိုရင် ပိုသဘောကျကြမှာပါ။ Gameplay က Platform ပုံစံဆိုပေမယ့် Boss တွေနဲ့ အပီပြင်ကြမ်းလို့ရတာကြောင့်သဘောကျမိတာတော့ အမှန်ဘဲ။ 




•             Game ရဲ့ ဇာတ်လမ်းကို 1783 ခုနှစ် England မှာနေရာယူထားပြီး မကောင်းဆိုးဝါးတွေ ပေါ်ထွက်လာတဲ့ချိန်မှာတော့ Alchemy အစည်းရုံးက သူတို့ရဲ့ နေရာတွေတွက် စိုးရိမ်လာခဲ့ပါတယ်။ အဲဲဒါကြောင့် Alchemists တွေက ယဇ်ပူဇော်ဖို့အတွက် အသိဉာဏ်မဲ့တဲ့ထိ ပြင်ဆင်လာခဲ့ကြတယ်။ အကြောင်းကတော့ Shardbinders လို့ခေါ်တဲ့ Crystal အစွမ်းနဲ့ ပြောင်းလဲထားတဲ့ လူသားတွေဟာ တစ်နည်းအားဖြင့် မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်တဲ့ သက်ရောက်မှုမျိုးထိဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် Shardblinders တွေကို ယစ်ပူဇော်တဲ့အနေနဲ့ အသုံးချခဲ့ပြီး အပြစ်မဲ့တဲ့ လူသားတွေဟာ အကြောင်းမဲ့ သေခြင်းနဲ့ ရင်ဆိုင်လာခဲ့ကြရတယ်။ 



•              ဒါပေမယ့် ယဇ်ပူဇော်တဲ့ထဲမှာ ထူးထူးခြားခြားလွတ်မြောက်ခဲ့တဲ့သူတွေ ရှိပါတယ်။ အဲဒီထဲကတစ်ယောက်က Main Character ဖြစ်တဲ့ မိဘမဲ့ Miriam လေးဖြစ်ပြီး သူမကို ပြောင်းလဲနေချိန်မှာဘဲ ရုတ်တရက် အားရုတ်ပြီး မေ့လဲခဲ့တာကြောင့် ယဇ်ပူဇော်မှုဟာ မဖြစ်မြောက်ခဲ့ပါဘူး။ နောက်တစ်ယောက်ကတော့ Gebel ဖြစ်ပြီး သူကတော့ ယဇ်ပူဇော်တာကို အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ အသက်ရှင်လွတ်မြောက်ခဲ့ပြီး Gebel ဟာ သူ့ကို ဒီလိုဖြစ်အောင် လုပ်ခဲ့လို့ လက်စား​ချေဖို့ရာ ပြန်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းအားတွေကို ပြန်အသုံးချပြီး မကောင်းဆိုးဝါးတွေကို စေလွတ်ခါ Alchemist အဖွဲ့စည်းကို ဖျက်ဆီးခဲ့ပါတယ်။ 10 နှစ်လောက်အကြာမှာတော့ Miriam လေးဟာ ပြန်လည်နိုးထခဲ့ပြီး ကြားထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို သူမ ဘာမှ မသိခဲ့ပါဘူး။ ဒါပေမယ့် သူမရဲ့ ယဇ်ပူဇော်မှုမှာ ရခဲ့တဲ့ စွမ်းအင်အမာရွတ်ဟာ သူမရဲ့ အရေပြားကို Crystallizes အသွင် တဖြည်းဖြည်းပြောင်းလဲလာခဲ့တာကြောင့် ရှေ့ဆက်ပြီး သူမရဲ့ အဖြစ်ဟာ ဘာတွေကြုံရအုံးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ Game တစ်ခုပါ။ 




•             Game က Graphic Setting နဲ့ ပတ်သတ်ပြီး ဘာမှသိပ်မပါပါဘူး။ Picture Quility နဲ့ Vsync လောက်ဘဲ ပါပြီး Blood Effect တွေကတော့ ချိန်းလို့ရပါတယ်။ အဲတော့ Game က Graphic နဲ့ပတ်သတ်ပြီး Resolution အတိုးလျော့လောက်သာ ကွာမှာဖြစ်ပြီး ကျန်တာတွေကတော့ တန်းတူခံစားရမှာပါ။ 



•            Gameplay ကတော့ အတော်ကို အားရပါတယ်။ အထူးသဖြင့် Weapon တွေက မျိုးစုံကိုင်လို့ရပြီး ကိုယ် Explore လုပ်ရင်လုပ်သလောက် Item တွေရမှာပါ။ Admin သဘောကျတာက Game က Story ပိုင်းမှာ အားကောင်းရုံတင်မကဘဲ နောက်ခံသံတွေပါ ထည့်ပေးထားတော့ စာဖတ်ပျင်းရင်တောင် အေးဆေးဘဲ။ ချရတာလဲ အားရသလို ဆော့ရတာလည်း စိတ်ဝင်စားစရာကောင်းတယ်။ အထူးသဖြင့် ဒဏ္ဍာရီဆန်ဆန် အကောင်ကြီးတွေ တိုက်ခိုက်ခြင်ရင်တော့ ဒီ Game က အဲလို ခံစားမှုမျိုးကို ပေးမှာပါ။ 




======================

- Android Version = 7.0 +

- Size = 1.5 GB

- Type = Offline

- Developer = Netease

===================

Download Link
*****************



Facebook Plan 
=============
https://www.facebook.com/groups/265296731465930/permalink/379574680038134/

===========================

#Offline_HELLO, #ARPG_HELLO, #HELLOYDB #fb_hello

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...