Brawlhalla Mobile

0% COMMUNITY SCORE
LOADING...
RATE:


        ဒီ game က Steam , Xbox, Nitendo Switch နဲ့ PS4 တို့မှာ အသီးသီးထွက်ခဲ့ပြီး ဒီတစ်ခါတော့ Mobile ပေါ်ရောက်ရှိလာပါပြီ။ တကယ်ကို ပျော်စရာကောင်းပြီး ဆော့ရတာ ဆွဲဆောင်မှုရှိတဲ့ Game တစ်ခုပါ။ လူအတော်များများ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကောင်တွေကို တစ်နေရာထဲမှာ စုတွေ့ရမှာဖြစ်ပြီး Lara တို့ Ben 10 တို့ကစ တွေ့မြင်ရမယ့် Game ပါ။ 



        Game က Fighting အမျိုးစားဆိုပေမယ့် PvP တွေ Rank တွေပါ ထည့်ပေးထားတော့ ဆော့ရတာ ပို Challenge ဖြစ်တဲ့ Game ပါ။ Skin တွေပါ ထည့်ပေးထားသလို လက်နက်တွေကလည်း Battle ထဲကြမှ အသကုန် မိရာကိုင် ဗျင်းရုံပါ။ Online လည်း ဆော့လို့ရသလို Offline လည်း ဆော့လို့ရပါတယ်။ ဒါပေမယ့် Offline လည်း ခက်သလို Online မှာ တခြား Pro Player တွေနဲ့ တွေ့ရင်လည်း လောင်တတ်ပါတယ်။ 




         Game က ရိုးရှင်းပြီး ဆော့လို့ကောင်းပေမယ့် Camera View ကတော့ Admin ချိန်ဆော့တာပါ။ ဘာလို့ဆို ချသာချသာ ကိုယ့်ကောင်က ဘယ်ကောင်မှန်းမသိ   ဗျင်းရင်းနဲ့ အောက်ကျပြီး မသာပေါ်ရော။ ဆိုးတာက ဖုန်း Screen မှာဆိုတော့ အရောင်ခွဲတာတောင် အကောင်တွေ ရောသွားတတ်တယ်။ 




        အဲတော့ Camera လေး ချိန်ခြင်ရင် ချိန်ဆော့ကြပါ။ ဘယ် Mode အမိုက်ဆုံးလဲဆိုရင်တော့ Free Online Mode က အကြမ်းဆုံးပါ။ Player 4 ယောက်လုံး သူ့ဘက်ကိုယ့်ဘက်မရှိဘဲ ဗျင်းရုံဘဲ။ Skill ကြမ်းတဲ့ကောင်နိုင်သွားရင်တောင် ကျန်တဲ့လူတွေက လက်ခုပ်မတီးခြင်တီးခြင်နဲ့ တီးပေးရတယ်။ တကယ်ကို လောင်တဲ့ Game ပါ။ ပြီးတော့ ပျော်စရာလည်းကောင်းတယ်။ 




===================

Android version = 5.0 +

Size = 497 MB

Type = Online/ Offline

===================





Ready....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...