Call Of Duty Strike Team

0% COMMUNITY SCORE
LOADING...
RATE:


•             ဒီ GAME လေးက အတော်ကြာပြီဖြစ်သလို တစ်ချိန်က အရမ်းဆော့ကောင်းခဲ့တဲ့ Game လေးဆိုလဲ မမှားပါဘူး။ Call Of Duty ကို လူတိုင်းသိထားကြပေမယ့် ဒီ Mobile ပေါ်ထုတ်ထားတဲ့ Strike Team Game လေးကတော့ Tactical Shooter ပုံစံလေးနဲ့ ဆော့ရတာမျိုးပါ။ Game က Old Phone တွေတွက် အဆင်ပြေပေမယ့် နောက်ထွက်တဲ့ Phone  တွေတွက်တော့ အခက်ခဲဖြစ်နေတတ်တယ်။ အဲဒါကြောင့် ဘယ်လိုဖြေရှင်းရမလဲဆိုတာ အောက်ဆုံးမှာရေးပေးထားပါတယ်။


•            Game က ကြာပြီဆိုတော့ အကုန်ပြီးအောင် ဆော့ပြီးတဲ့လူတွေလဲ ရှိကောင်းရှိနိုင်ပါတယ်။ ဒီ Strike Team က 2020 ခုနှစ် US ရဲ့ Joint Special Operations နေရာကနေ ကစားရမှာပါ။ အင်အားကြီးနိုင်ငံတွေရဲ့ တင်းမာမှုတွေကြားမှာ US ဟာ ဘာမဆိုညာမဆိုင်နဲ့ ရုတ်တရက် တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ အထက်အဖွဲ့စည်းဝင်တစ်ဦးဖြစ်တဲ့ Marion Bosworth ဟာ US တစ်ခွင်မှာ အားပေးထောက်ခံသူတွေများနေသလို 2018 ခုနှစ် Stock စျေးကွက်မှာဖြစ်ပွားခဲ့တဲ့ Cyber-Attack နဲ့ပတ်သတ်ပြီးလည်း တရုတ်နဲ့ ပြန်လည်သင့်မြတ်ဖို့တွက် ဦးဆောင်နေတာပါ။




•            ဒါပေမယ့် တရုတ်ဘက်ကတော့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနဲ့ ပတ်သတ်ပြီး US ကဘဲ တာဝန်ခံဖို့ ပြောနေတာကြောင့် နိုင်ငံကြီးတွေကြားမှာ တင်းမာမှုလေးတွေ ဖြစ်လာခဲ့ပါတယ်။ ဆိုးတာက ဒီ ကိစ္စနဲ့ပတ်သတ်ပြီးလည်း ပေါ်ထွက်လာတဲ့ သတင်းအရင်းမြစ်ကိုသိထားကြပေမယ့် နောက်ကွယ်က ဘယ်သူ ကြိုးကိုင်နေတယ်ဆိုတာ ပဟေဠိတစ်ခုလိုဖြစ်နေတာပါ။  ဒါကြောင့် နိုင်ငံကြီးတွေကြားက တင်းမာမှုကို ​ဖြေရှင်းဖို့အတွက် US ကနေ  ဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့စည်းအားလုံးကို ​ပတ်စစ်တိုက်ရှာရင်း Joint Special Operations အဖွဲ့နဲ့အတူ သင်ကိုယ်တိုင် ပါဝင်စုံစမ်းရတော့မှာပါ။






•          Game က ပြောရရင် အခုထိ ဆော့လို့ကောင်းနေတုန်းဘဲ။ ပြီးတော့ ဒီ Game ကို ဆော့ပြီးရင် အခုနောက်ထွက်တဲ့ COD Mobile မှာ ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာ တွေ့ရမှာပါ။ Game က FPS ဆိုပေမယ့် Drone View ပုံစံနဲ့ Tactical ဆန်ဆန်ဆော့လို့ရသေးတော့ အတော်မိုက်တယ်။ ဟိုအရင်တုန်းကတော့ COD ဆိုရင် FPS မှ FPS ဆိုပေမယ့် အခု ပြန်ဆော့ကြည့်လိုက်တော့ FP ထက်တောင် Drone View ကို ပိုသဘောကျမိတယ်။ ဘာလို့ဆို Stealth လုပ်ရတာလွယ်သလို ကိုယ်က Strategy သေချာသုံးပေးရုံဘဲ။ တစ်ချို့ Mission တွေဆိုရင် Silent နဲ့တင် သိမ်းလို့ရတယ်။ FPS ကြိုက်တဲ့လူတွေလည်း Aim Bot တွေပါတော့ Action ဆန်ဆန် ဆက်တိုက် ချိန်ပစ်ရုံဘဲ။ Game က ဟောင်းနေပေမယ့် ကောင်းနေဆဲဖြစ်တာကြောင့် ပြန်ဆော့ခြင်တဲ့သူတွေတွက်တော့ သဘောကျစေမှာပါ။ 




          ⚠️    Game က ဝင်လိုက်ရင် ပြန်ပြန်ထွက်သွားတာမျိုး ကြုံရတတ်တယ်။ အဓိကကတော့ Playstore ကြောင့်ဖြစ်ပြီး Playstore မရှိတဲ့ ဖုန်းတွေဆိုရင် အဲပြဿနာကြုံရမှာမဟုတ်ပါဘူး။ အဲတော့ ဘယ်လို ဖြေရှင်းရမလဲဆိုတာ အောက်က Link ထဲမှာ ဝင်ကြည့်လိုက်ပါ ။ ပြီးတော့ လိုအပ်တဲ့ App တွေကိုလည်း ထည့်ပေးထားတာကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ⚠️


How To Fix Game 
==============



=============

Download Link



===========================

- Android Version = 4.0 +

- Size = 1 GB

- Type = Offline

==============

#Offline_HELLO

#FPS_HELLO

#HELLOYDB

===========

Ready....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...