CarX Rally
• အခုမှ ထွက်လာတဲ့ ဒီ Game လေးက Mobile Racing သမားတွေတွက် အရမ်းကို သဘောကျမှာပါ ။ ပြောရရင် CarX Series ဆော့ဖူးတဲ့သူတွေဆိုရင် ပိုသိကြမှာပါ။ ဒီ Developer ကနေ ထုတ်ထားတဲ့ CarX Drift 1 / 2 နဲ့ CarX Highway တို့ဆိုတာ Mobile ပေါ်မှာ တကယ်ကို Quility ကောင်းတဲ့ Game မျိုးတွေပါ။
• အခု Game မှာဆိုရင်လည်း Developer တွေဘက်က အသစ်ဆန်းအနေနဲ့ Rally အမျိုးစားကို ထုတ်လာတာပါ။ Admin အနေနဲ့ ပြောရရင် သဘောလည်းကျသလို အားမရတဲ့ အပိုင်းတွေလည်း ရှိတယ်။ Rally Game က Mobile မှာဆိုရင် အရမ်းလူကြိုက်များတဲ့ Rally 3 က Size နဲ့ မလိုက်အောင် Graphic ကော Gameplay ကော အရမ်းမိုက်တာပါ။ အရှင်းဆုံးပြောရရင် Graphic Optimize ဖြစ်လို့ ပိုသဘောကျကြတာမျိုးပေါ့။
• အခု Drift အမျိုးစားတွေထုတ်တဲ့ Developer က ရုတ်တရက်ကြီး Rally ပြောင်းထုတ်လိုက်တော့ နည်းနည်းတော့ ဂွကျမိတယ်လို့မြင်မိတယ်။ အထူးသဖြင့် Graphic က အရင် GAME တွေကလောက် Optimize မဖြစ်တော့ဘဲ Phone Requirement ပိုတောင်းလာတယ်။ ဒီ Game ကို ဘာ Engine သုံးလဲမသိပေမယ့် အရင် Game တွေကတော့ Unreal 4 သုံးထားတော့ အရမ်းမိုက်တယ်။ အခု Game က မမိုက်ဘူးလားဆိုတော့ မိုက်ပါတယ်။ အထူးသဖြင့် သဘာဝအလှကို ပိုခံစားရတာပေါ့။
• Solo Racing ဖြစ်ပြီး Map ကလည်း များပါတယ်။ ဒီ Game မှာ ပိုအားကောင်းတာက Graphic တင်မဟုတ်ဘဲ Weather နဲ့ Lighting စနစ်တွေပါ။ နေ့ဆိုရင်လည်း Environment က စိမ်းစိုပြီး ကစားသူကို စိတ်ကြည်စေသလို Night ဆိုရင်လည်း အလင်းဖြာတာတွေကစ အတော် Realistic ဖြစ်ပါတယ်။ အခုမှ ထွက်ခါစဆိုတော့ လိုအပ်ချက်လေးတွေရှိနေသေးပေမယ့် Graphic ကောင်းကောင်းနဲ့ စိတ်အေးအေး ကားမောင်းခြင်တယ်ဆိုရင်တော့ ဆော့ကြည့်သင့်တဲ့ Game တစ်ခုပါ။
=====================
- Android Version = 6.0 +
- Size = 400 MB
- Type = Offline
- Developer = CarX Technologies
===========================
Download Link
*****************
============================
#Offline_HELLO, #Racing_HELLO, #HELLOYDB
( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
Comments