Cluck Night



         ဒီ Game လေးက ရယ်လည်းရယ်ရသလို Admin မျက်လုံးထဲတော့ KFC ကြီးဘဲ သွားသွားမြင်နေမိတာ။ Player 5 ယောက်ပါဝင်ပြီး Identity V တို့လို့ 1 vs 4 ကစားရမှာပါ။ Game က ထူးဆန်းတာက ကြက်နဲ့ လူကြားက ကစားပွဲတစ်ခုပါ။ ကြက်တွေကလည်း တော်လှန်ရေးအနေနဲ့ မီးစက်တွေကို လိုက်ဖျက်ပြီး သူတိို့ကို အစားမခံရအောင် ကြက်သတ်သမားစီကနေ ရုန်းရမှာပါ။ အဲလိုဘဲ ကြက်မုဆိုးကလည်း ကြက်သားစားရဖို့တွက် ကြက်ရိုက်ထွက်ရမှာပါ။ 


          Game က တခြား Type တွေနဲ့ ဆင်တူ ကစားရမှာဖြစ်ပြီး ပိုထူးခြားသွားတာကတော့ ကြက်ဖြစ်သွားတာပါ။ လိုအပ်တဲ့မီးစက်တွေ ဖျက်ပြီးရင် ကြက်တွေကလည်း လွတ်နိုင်သလို ကြက်အကန့်သတ်နဲ့ ကင်ပြီးသွားရင်လည်း လူတွေဘက်ကလည်း အနိုင်ရမှာပါ။ Game က ဘယ်သူ့ဘက်ကမှ ပိုတယ်မရှိပါဘူး။





          နည်းနည်းလေး ခံစားရတာတစ်မျိုးဖြစ်ပေမယ့် လူလည်း ဆော့ကောင်းသလို ကြက်လည်း အဆင်ပြေတာဘဲ။ ကြက်မျိုးစုံကလည်း Ability အစုံပါသေးတာကြောင့် ကိုယ်ကြိုက်ရာရွေးဆော့ရုံဘဲ။ ကြက်လုပ်မလား ကြက်ကင်စားမလား ကြိုက်တာပေါ့ ။ သူငယ်ချင်းတွေနဲ့လည်း ကြက်ဖွဲ့လို့ရတယ်နော် ။


===================

Android version = 5.0 +

Size = 262 MB

Type = Online

=============





Ready.....

Comments

လူကြည့်အများဆုံး GAMES