Code SOG



•               အခုဆိုရင် အရင်က Admin တင်ပေးခဲ့တဲ့ Trailer ထဲက Game လေးက Test အနေနဲ့ ချပြလာခဲ့ပါပြီ။ အစက Admin ထင်ထားတာက MMORPG လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် ဘယ်ဟုတ်မလဲ တရုတ်ကြီးက Battle Royale ကိုမှ Pirate နဲ့ပေါင်းပြီး Survival ပုံစံနဲ့ ပေါင်းထုပ်ပေးလိုက်တာ။ Game က ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့ အချက်တွေလည်း တွေ့ရတယ်။ 




•               Battle Royale ဆိုတော့ ထုံးစံတိုင်း အယောက် 100 ထဲကမှ နောက်ဆုံး ကျန်ခဲ့တဲ့သူ ဒါမှမဟုတ် အဖွဲ့က အနိုင်ရမှာပေါ့။ တခြား Game တွေလိုမျိုးလို့ ထင်ရပေမယ့် ဒီ Game မှာ ကွဲသွားတာက မြေပြင် တိုက်ပွဲထက် ပင်လယ်တိုက်ပွဲကို ဦးစားပေးထားတာပါ။ Map တစ်ခုလုံးက ကျွန်းတစ်ခုတည်းမဟုတ်ဘဲ ၊ ကျွန်းတွေ အစုလိုက်အစုလိုက်နဲ့ အများစုက ပင်လယ်ပြင်ကို ပိုအသားပေးထားတာပါ။ Game စတာနဲ့ ကစားသမားအကုန်လုံးက ကိုယ်သွားမယ့် သင်္ဘောလမ်းကြောင်းကို ရွေးရပြီး ကျွန်းစုနားရောက်တဲ့ခါကြမှ ကောင်ကင်ကို အကုန်လွှတ်တင်လိုက်တာပါ။ အခုခေတ်နည်းပညာတွေလုံးဝမပါဘဲ တရုတ်ရိုးရာလူဂျက် ဝတ်စုံပုံစံနဲ့ လေဟင်ဝဲရတာတော့ ကျေနပ်စရာကောင်းတယ်လို့တော့ မြင်တယ်။ ဒါပေမယ့် ထင်သလောက် အဲအတွက် Control က Smooth မဖြစ်ဘူး။
 


•              အဲဆို ကိုယ်သတ်မှတ်ထားတဲ့ ကျွန်းပေါ်ရောက်သွားတော့ Battle စပြီလားဆိုတော့ အပြည့်ဝ မဟုတ်သေးပါဘူး။ လူလူခြင်း တွေ့ရင်တော့   သတ်တာပြုတာ ရှိပေမယ့် အဓိကက ရသလောက် ရိက္ခာနဲ့ item တွေ စုရမှာပါ။ သင်္ဘောဆောက်ဖို့တွက် သစ်တွေ၊ သင်္ဘောပေါ်က Gun တွေသုံးဖို့တွက် လိုအပ်တဲ့ Item တွေရှာရမှာပါ။ ကစားသမားတစ်ယောက်ကို လက်နက် ၂ ခုထိ ကိုင်လို့ရပြီး Range Weapon ကော Physical Weapon ကော သုံးလို့ရတယ်။ ဓားတွေ၊ ယမ်းသေနတ်တွေအပြင် Magic Weapon တွေပါ သုံးလို့ရသေးပါတယ်။ ပိုမိုက်တာက Armor တွက် ဝတ်စုံတွေက အတော်ကြည့်ကောင်းပြီး ရရင် ရသလို အကောင်းစားတွေ တွေ့ရတတ်တယ်။ ပြီးတော့ ဝတ်စုံနဲ့ လက်နက်ပေါ်မူတည်ပြီး Character အမူယာပြောင်းသွားတာကလည်း မဆိုးဘူးပြောရမယ် ။






•             Item တွေ စုရုံဘဲလားဆိုတော့မဟုတ်သေးပါဘူး။ Craft စနစ်တွေပါ ထည့်ပေးထားပြီး Upgrade တွေပါ လုပ်လို့ရသေးတယ်။ နောက်ဆုံး ပင်လယ်ထက်မှ Battle ဆိုင်ရင် အမြှောက်ရဲ့ ကျည်အမျိုးစားတွေကလည်း ကွဲသေးတယ်။ ဒီ Game မှာ သဘောကျစရာကောင်းတာက ရွက်သင်္ဘောနဲ့ ပတ်သတ်ပြီး Control အတော်စုံတာပါ။ ကျောက်ဆူး ချတာ၊ အမြှောက်ပေါ်မူတည်ပြီး Range အကွာဝေး လုပ်ပေးထားတာတွေက ရန်သူနဲ့ Battle ဆိုင်တဲ့အခါကြရင် အတော် Smooth ဖြစ်ပြီး ထိန်းချုပ်ရလွယ်တယ်။ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်တာက Battle ဆိုင်နေတုန်း အခြေနေမကောင်းရင်၊ ဒါမှမဟုတ် ကိုယ်ပစ်ကွင်းထဲရောက်လာခါကြမှ ကြားထဲက သန္တာကျောက်တန်းတွေနဲ့ ခံသွားတာက အူယားစရာကောင်းသလို GAME ကို ဆွဲဆောင်မှုလည်းရှိစေတယ်။ 




•             အဲတော့ GAME က မြေပြင်ကော၊ ပင်လယ်ထက်မှာကော ဆော့လို့ရတယ်ဆိုပေမယ့် ပင်လယ်ပြင်ကို ဦးစားပေးထားတဲ့ Battle Royale Game တစ်ခုပါ။ တရုတ်က BR game တွေ အထုတ်များတယ်ဆိုပေမယ့် Feature အသစ်တွေနဲ့ ပုံစံမကွဲ ကွဲအောင်လုပ်ပြီး ဆွဲဆောင်တာကတော့ အကွက်မိတယ်လို့ ပြောရမယ်။ အခု Game မှာလည်း အတွေ့ကြုံရအောင်အတော် လေ့လာရမှာဖြစ်ပြီး ခက်တာက တရုတ်ကြီးက တရုတ် Version ကြီးနဲ့ တရုတ်တွေကို ဦးဆုံး လေ့ကျင့်ခိုင်းသလိုဖြစ်နေတယ်။ ပြီးမှ Global ရောက်လာရင် တရုတ်ကြီးတွေက Global မှာ ဂရက်ထပြန်ရော။


•             အခု Game က လောလောဆယ် လူအကန့်သတ်နဲ့ဘဲ ဆော့ခွင့်ရတာပါ။ Admin တောင် Pre လုပ်ထားပြီး Test ခွင့်ရတာတောင် server ကြပ်နေတုန်း မရမက ဝင်စမ်းကြည့်ရတာပါ ။ Download Server တောင် တော်တော်နဲ့မပေးဘူး တရုတ်ကြီးက။ ဒီကြားထဲ Login In မှာ ထပ်ပြီး Register လုပ်ပြီးမှ Code ထည့်ပြီး ဆော့ခွင့်ရတာပါ။ နောက်တစ်ခု ဘဝင်မကျတာက ဒီ Game က Phone စျေးကွက်ကို အတို့ထောင်လုပ်နေသလိုဘဲ။ ဘာလို့ဆိုတော့ ဖုန်းတိုင်း ဆော့ဖို့ရာ မလွယ်ဘူး။ Optimize မဖြစ်တာထက် High Phone တွေတွက် ဦးစားပေးထုတ်ထားတဲ့ Game ဖြစ်မျိုး ဖြစ်နေတယ်။ Graphic Setting တွေက Phone ပေါ်မူတည်ပြီး အကန့်သတ်တွေ လုပ်ပေးထားပြီး Quility ကောင်းကောင်းလိုခြင်ရင် ဖုန်းကောင်းကောင်းသုံးဆိုတာမျိူးပေါ့။ ဒါက မထူးဆန်းပေမယ့် ခက်တာက Mid Phone တွေတောင် မှီတယ်ဆိုရုံဘဲ ဖြစ်မယ် Game ပါ။


•               အခုက Test အဆင့်ဘဲဆိုတော့ ဘာမှပြောလို့ မရသေးပါဘူး။ Bug တွေ Error တွေကတော့ တွေ့နေရသေးပြီး တစ်ခါလေ Freeze တောင်ဖြစ်သွားတတ်တယ်။ ပြီးတော့ Pin ကလည်း အခြေနေမကောင်းသေးဘူး။ အဲတော့ Admin က အားလုံးသိအောင်လို့ တင်ပေးတာဖြစ်ပြီး တကယ်အေးအေးဆေးဆေး ဆော့ခြင်ရင်တော့ Beta ဖြစ်ဖြစ် Official ဖြစ်ဖြစ် စောင့်ကြည့်ဖို့ရာ အကြံပေးတယ်။ အခု Test ကလည်း လူအကန့်သတ်နဲ့ဘဲ ပေးတာပါ။ 


=====================

- Android Version = 7.0 +

- Size = 2 GB

- Type = Online

- Developer = တရုတ်ကြီး

=====================


=========================

#Online_HELLO, #BattleRoyale_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )

Related Posts

  • PUBG New State° Official ထွက်တာ မနေ့ကဆိုပေမယ့် Mobile Device အားလုံးတွက်ကော၊ iOS သမားတွေတွက်ပါ ဒီနေ့မှဘဲ အကုန်တန်းတူဆော့ခွင့်ရတာပါ။ ‌Original ဖြစ်တဲ့ PUBG Mobile နဲ့ပတ်သတ်ပြီး နိုင်ငံ… Read More
  • Final Fantasy 7 The First Solider ( Beta ) •              အခုဆိုရင် Final Fantasy 7 ရဲ့ The First Solider Game ဟာ Beta အနေနဲ့ ဒီလ ၁ ရက်နေ့ကနေ့ ၇ ရက်နေ့အထိ NA server… Read More
  • Horror Brawl ( Beta )             ဟိုတစ်လောကတင် Ice Scream 4 ထုတ်ပေးထားတဲ့ Keplerians က ဒီတစ်ခါမှာတော့ လုံးဝ မထင်ထားတဲ့ Game အသစ် တစ်ခုကို ထပ်မံချပ… Read More
  • Final Fantasy VII The First Solider° မနေ့ကဘဲ Official ထွက်လာတဲ့ Final Fantasy ရဲ့ ပထမဦးဆုံး Battle Royale Game တစ်ခုဖြစ်ပြီး ဂျပန်အခြေစိုက် Square Enix ကနေ Mobile Platforms တွက် သီးသန့် ဖန်တီးပေးထားတာပါ။… Read More
  • Tales From The Wasteland ( CBT )           လောလောဆယ် Thai မှာ Close Beta Test နေတဲ့ Survival Game လေးတစ်ခုဖြစ်ပြီး FarHarbor Studio ဆိုတဲ့ Developer အသစ်ကနေ ဖန်တီးပေးထားတာပါ။ Game Developer ကလည်း အသစ်ဖြစ်… Read More

Comments

လူကြည့်အများဆုံး GAMES