Cooking Simulator

0% COMMUNITY SCORE
LOADING...
RATE:


            လုံးဝ အကြိုက်တွေ့စေမယ့် GAME လေးဖြစ်သလို Simulator ဆိုတဲ့တိုင်း Cheft တစ်ယောက်လို ခံစားရမယ့် ချက်ပြုတ်ရေး Game ကောင်းလေးပါ။ Playstore မှာတော့ Pre- Register ဘဲရှိသေးပြီး ခုဟာက Beta version ပါ။ Beta မှာတောင် ဟင်း နှစ်မျိုးတည်းနဲ့ Admin တော့ တိုင်ကိုပတ်ချာလည်နေပြီ။ မိန်းကလေးတွေတွက် လုံးဝ သဘောကျစေမှာဖြစ်သလို Boy တွေတွက်လည်း Challenge ဖြစ်စေမယ့် Game ပါ။ 


             Game က Realistic ဖြစ်သလို ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ဆားတွေဘာတွေကစ ( g ) ( ml ) နဲ့ တိုင်းစပြီး ချက်ပြုတ်ရတာပါ။ Order မှာတဲ့ ဟင်းကို သတ်မှတ်ထားတဲ့ အချိန်တိုင်း ပြီးအောင် ချက်ပေးရမှာဖြစ်ပြီး စားသုံးသူရဲ့ Review ကလည်း ကိုယ်ချက်တဲ့ပေါ်မူတည်ပြီး ပေးတာပါ။ 


              Game က ဟင်းတစ်မယ် ချက်ပြီးရင် အသစ်ကပြန်စတာမဟုတ်ဘဲ ဆက်တိုက် Order မှာတဲ့တိုင်း ချက်ပေးရတာပါ။ အဲတော့ ပထမ ချက်ပြီးသား ပန်းကန်တွေကို ပြန်ဆေးရတာ တစ်လုပ်၊ နောက်မှာတဲ့ Order ထဲပါတဲ့ ပစ္စည်းတွေကို ပြန်ရှာရတာ တစ်လုပ်ပေါ့။ Admin တော့ ဆားတွေကော ရှိသမျှ အကုန် တန်းစီထားတာ ။ မဟုတ်ရင် ဟိုသွားလိုက်ဒီသွားလိုက်နဲ့။ 


               Game က အစတုန်းက Tutorial ပုံစံနဲ့ ဘာလုပ်ဘာလုပ်ဆိုတာပြထားတော့ အဆင်ပြေနေတာပေါ့။ နောက် ကိုယ်တိုင်လည်း လုပ်ရော တိုင်ကော ရွာကော ပတ်ပါလေရော။ Menu မှာပါတဲ့ အတိုင်းလိုက်ရှာရတာ အမော။ ပြီးတော့ ဟင်းခက်အမွှေးကြိုင် ချိန်ဆတဲ့အခါမှာလည်း မှန်တယ်မှားတယ်မပြတော့ လူက ထည့်သာထည့်ရသာ အူနေတာ။ တော်သေးတာပေါ့ ဂရမ်တွေ မီလီတွေ ပြထားလို့။ 


            Admin စလုပ်တုန်းကဆိုရင် ဟင်းရည်ထည့်တာ ပန်းကန်ပြားထဲ ထည့်မိလို့ အကုန်ပြောင်ပြီး ငါးပါးတွေကိုမှောက်လို့ ။ အချိန်ကလည်း ပြည့်နေပြီဆိုတော့ မျက်နှာပြောင်ပြီး ပန်းကန်အလွတ်ကြီး ပေးလိုက်တာ အူတွေကို တက်နေတာဘဲ ။ မပူပါနဲ့ အခု Admin ချက်တတ်နေပါပြီ။ ဆိုင်ဖွင့်ရင် လာအားပေးကြအုန်းနော်။ အရသာက Special တွေဖြစ်စေရမယ်။ 


               ပြီးတော့ ဒီ game ကို အတော်မကျေနပ်ဘူး။ မနက်စာတောင်မစားရသေးဘဲ ဒီ game ကို သွားဆော့မိတာ Game ထဲက Sound Effect တွေနဲ့တင် ဗိုက်က ထသောင်းကျန်းပါလေရော။ အဲတော့ စားပြီးဝါးပြီမှ ဆော့ကြပါ။ ကိုယ်ဟင်းချက်တတ်တယ်ဆိုတာ ဒီ game နဲ့ သက်သေပြလို့ရတယ်နော်။ 

👩‍🍳👩‍🍳👩‍🍳👩‍🍳👩‍🍳👩‍🍳👩‍🍳👩‍🍳👩‍🍳

Android version = 6.0 +

Size = 395 MB

Type = Offline

👩‍🍳👩‍🍳👩‍🍳👩‍🍳👩‍🍳👩‍🍳






Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...