Cracked Mind

0% COMMUNITY SCORE
LOADING...
RATE:


•         ဒီ Game က ဦးနှောက်ချာချာလည်စေမယ့် Horror Game တစ်ခုပါ။ လည်ဆို ဒီလို Horror Game မျိုး အတော်ရှားပါတယ်။ ဘာလို့ဆို မျက်တောင်ခက်တာကစ အပြင်ကတိုင်း သဘာဝကျကျလုပ်ထားတော့ ကစားရတဲ့သူက တစ်ခုခုအသံကြားတိုင်း မျက်တောင်ခက်လို့ ဖျက်ကနဲ မှောင်သွားတာနဲ့တင် ရင်က Auto တုန်လာတာ။ Graphic ကလည်း Reality ဆန်သလို Dark Environment ကိုလည်း ခံစားစေရတော့ First Person နဲ့ပေါင်းပြီး တကယ်ရောက်နေသလိုကို ဖြစ်နေတာ။ မီးပျက်ရင် ကြောက်တတ်တဲ့ သူတွေက ဒီ Game ကို မစမ်းကြနဲ့နော်။ Admin တောင် ဆော့ရင်းနဲ့ မူးပြီးရူးတော့မယ်။ 


-        Game က ပျော်စရာမိသားစုကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်နေရာကနေ ကစားရမှာပါ။ အရာရာပြည့်စုံနေတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ချိန်မှာ မမျှော်လင့်တဲ့ အဖြစ်ပျက်တွေက သင့်ဘဝထဲ တိုးဝင်လာခဲ့ပါတယ်။ အထူးသဖြင့် လမ်းမှာ ရုတ်တရက် တွေ့ခဲ့တဲ့ လူတစ်ယောက်ရဲ့အဖြစ်ပျက်တစ်ခုကြောင့် သင်ဟာ တစ်လမ်းလုံး အိမ်ရောက်တဲ့ထိ ခြောက်ခြားနေပါတယ်။ သေချာမသိပေမယ့် သင့်အပေါ် အငြိုးကြီးနေတယ်ဆိုတာကိုတော့ ခံစားနေရတယ်။




-        ဒါပေမယ့် အိမ်ပြန်ရောက်တော့ မိသားစုနဲ့ ညစာစားရင်း သာမန်ချိန်လေးတွေ ပြန်ဖြစ်သွားတာပေါ့။ အဲမှာ မိန်းမဖြစ်သူက သင့်ကို အနားယူဖို့ ပြောတော့မှ ခဏလေး မှိန်းလိုက်တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး အိမ်မက်ဆိုးကြောင့် လန့်နိုးလာတဲ့ ချိန်မှာတော့ အရာအားလုံးက ပြောင်းလဲနေပြီ။ တစ်အိမ်လုံးမှောင်မဲနေပြီး ဘယ်သူ့ကိုမှ အရိပ်ရောင်တောင်မတွေ့ရဘူး။ သူ့ရှေ့ဖြတ်ပြေးသွားတဲ့ အရိပ်မဲကြီးကလွဲရင်ပေါ့။ သင်ကတော့ Joey စနောက်နေတယ်လို့ ထင်နေပေမယ့် တကယ်ဟုတ်နိုင်ပါ့မလား ? ဘယ်သူဖြစ်နိုင်မလဲ ?




#HorrorEscapeCrackedMind3D

Developer : #EscapeAdventureGames

===============================

- Android version = 4.1 +

- Size = 164 MB

- Type = Offline

---------------------------




#Offline_HELLO

#Horror_HELLO

#Puzzle_HELLO

#HELLOYDB

===========

Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...