CrossFire Survival Zombie

0% COMMUNITY SCORE
LOADING...
RATE:


•              ထွက်ထားတာ ၂ ရက်ကျော်ဘဲရှိသေးပြီး FPS အမျိုးစား Game တစ်ခုပါ။ အရင်ဆုံး ပြောရရင် Game က ကောင်းရယ်သန်းနဲ့ ဘာလို့ Developer တွေက တလွဲတေ ပြထားလဲဆိုတာ အတော်ဆိုးပါတယ်။ Rating ကောင်းမလိုနဲ့ အသင့်တင့် GAME တစ်ခုလို့ ပြောလို့ရတယ်။ 


•              Game က Zombie Game အမျိုးစားဖြစ်ပြီး Wave ပုံစံနဲ့ဆင်တူ ဆော့ရမယ့် Gameplay မျိုးပါ။ အခန်းတွေကတော့ Ads ကြည့်ရုံနဲ့ Unlock ဖြစ်မှာ ဖြစ်ပြီး Weapon တွေကတော့ Level အလိုက်နဲ့ Upgrade စနစ်ပါဝင်ပါတယ်။ Gameplay က Zombie တင်မဟုတ်ဘဲ တခြား All or Nothing Mode လည်းပါပါတယ်။ အလွယ်ပြောရရင် Player 8 ယောက်ပါဝင်တဲ့ Map တစ်ခုမှာ တစ်ယောက်ကို တစ်ယောက် သတ်ရင်း Point ယူတာမျိုးပေါ့။ Online ကော Offline ကော ဆော့လို့ရပြီး Map ကလည်း Zombie Mission နဲ့ ကွာသေးပါတယ်။ 




•             Game က Graphic ပြင်ထားတာလေးက မဆိုးဘူးလို့ပြောလို့ရသလို FPS အနေနဲ့ Gun Animation တွေ Reload တွေ Reflection တွေက အတော်ကောင်းတာပါ။ Map ကတော့ မနက် ၊ ညနေ ၊ ည ဆိုပြီး များအောင်လို့ ခွဲထားတာမျိုးပေါ့။ Zombie Character ကလည်း ကြည့်ကောင်းသလို Night Map တွေဆိုရင် အတော်ဆော့ကောင်းတာပါ။ ကျည်အလင်းဖျာတာတွေ၊ Damage ကြမ်းတာတွေက Game ကို ဆော့ပျော်စေတယ်။ 




•           ခက်တာက အပေါ်ဆုံးမှာပြောခဲ့သလို ပုံတလွဲတွေတင်ထားတာလား ဒါမှမဟုတ် နောက်လာမယ့် Update ကို ပြတာလားဆိုတာမသိပေမယ့် ဂျင်း Game လို့ ထင်သွားနိုင်ပါတယ်။ ပိုဆိုးတာက Game ကို MMO feature ပါတယ်ဆိုပြီး ရေးထားတာပါ။ Admin ကတော့ ဆော့ရတာ သဘောကျပေမယ့် အဲလိုကြီးလုပ်ထားတော့ စိတ်ပျက်မိတယ်။ အဲတော့ Playstore မှာပါတဲ့ ပုံတွေ၊ စာတွေကို မကြည့်ဘဲ ဒီတိုင်း သာမန် Game တစ်ခုလိုမျိုးဆော့ကြည့်ရင် အဆင်ပြေစေမှာပါ။ Admin တင်ပေးထားတဲ့ ပုံတွေက In Game ရဲ့ Real Image တွေနော်။ 






=====================

- Android Version = 6.0 +

- Size = 212 MB

- Type = Online / Offline

- Developer = LCP

================

Download Link
*****************


=========================

#Offline_HELLO, #FPS_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...