Cyberika
အခုမှ Alpha Test ဘဲရှိသေးတဲ့ ဒီ Game က Cyberpunk ဆော့ခြင်တဲ့သူတွေတွက် သဘောကျစေမှာဖြစ်သလို FPS မဟုတ်တာကလွဲရင် 2084 ခုနှစ် Cyber World ထဲမှာ သေချာ ဖန်တီးထားတဲ့ RPG game တစ်ခုပါ။
Character Customize ပါပြီး Cyberpunk လို ဒီဇိုင်းတွေကို Mini ပုံစံနဲ့ဖန်တီးလို့ရတာကြောင့် Detail တော့ မဖြစ်ပေမယ့် မဆိုးဘူးလို့ပြောလို့ရတယ်။
ဒီ Game မှာက ဇာတ်လမ်းသွားပါဝင်ပြီး နောက်ခံဇာတ်ကြောင်းကတော့ သင်က ကြေးစားလူတစ်ယောက်ပါ။ တစ်နေ့ တာဝန်အရ Makana Biotech ရုံးကို လိုက်ရှာရင်း Kay Poxman ဆိုတဲ့ လူတစ်ယောက်နဲ့ စုံခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တဲ့သူဖြစ်ပြီး ကုမ္ပဏီပါ ဒေဝါလီ ခံခဲ့ရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ခေတ်လွန်နည်းပညာကြောင့် သူမသေခင် Backup လုပ်ခဲ့တဲ့ Chip စက်ဟာ သင့်ကိုယ်ထဲမှာ အသုံးပြုနေတာကြောင့် အခုလို သူရဲ့ Memory နဲ့ စကားပြောလို့ရနေတာပါ။
Kay ပြောတာက သူဟာ ကိုယ့်ကိုကိုယ်သတ်သေတာမဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ လုပ်ကြံမှုလို့ သင့်ကို ပြောပါတယ်။
အဲဒါကြောင့် သူ့ကို သတ်ခဲ့တဲ့ လူသတ်သမားကို လိုက်ရှာပေးရမှာဖြစ်ပြီး ဒီ Cyber World ထဲမှာ တခြားတခြားသော Hacker အဖွဲ့စည်းတွေ Black Market တွေကနေ တစ်ဆင့် စုံစမ်းဖော်ထုတ်ရတော့မှာပါ။
Game က Auto Quest လဲမပါသလို Auto Combat လဲ လုံးဝ မပါပါဘူး။ Item တွေကို Mission တစ်လျှောက်စုဆောင်းလို့ရပြီး Admin ပိုသဘောကျတာက Creds ဖြစ်တဲ့ Money စနစ်ပါ။ ပုံမှန် Game တွေမှာ ပိုက်ဆံရရင် စျေးဝယ်ဘာဝယ်လုပ်လို့ရပေမယ့် ဒီ Game မှာတော့ ပိုပြီး သဘာဝကျပါတယ်။
ဥပမာ Blackmarket က လူဆိုးတွေနဲ့ ချရင်း Creds ရခဲ့ရင် အဲဒီ Creds ကို မြို့ထဲက ATM စက်ကနေ တစ်ဆင့် ကိုယ့်ရဲ့ Account ထဲကို Transfer လုပ်ပေးရပါတယ်။ ဘာလို့ဆိုတော့ Bag မှာထည့်လို့ရတာက အကန်သတ်နဲ့ဖြစ်ပြီး တခြား Item တွေ ယူခြင်ရင်တော့ အဲအတိုင်းသွားရမှာပါ။
• မြို့ထဲမှာဆိုရင် Face ပြင်တဲ့ဆိုင်တွေ ဘာတွေတော့ ထားပေးထားသေးတယ်။
နောက်ထက် ပိုစိတ်ဝင်စားမှာက ဟိုဒင်းဟိုဟာ ဆိုင်တွေပါ ပါမယ်ထင်တယ်။ Admin ကတော့ Level မရောက်သေးလို့ ဝင်မရသေးဘူး။
ကိုယ့်ရဲ့ Character ကို Skill တွေပါ မြင့်ပေးလို့ရပြီး Admin အထင်တော့ Cyber Cop တွေပါ ပါမယ်ထင်တယ်။ ဘာလို့ဆို Warn Level တွေ Map မှာ ပါနေတာကြောင့်။
Game က Open World သာဆိုရင် အတော်မိုက်မှာဖြစ်သလို အခု ပုံစံမှာလဲ တစ်နေရာနဲ့ တစ်နေရာသွားဖို့ ကားမောင်းရသေးပါတယ်။ Mini ပုံစံလေးဖြစ်ပြီး မမောင်းခြင်ရင်တော့ ပိုက်ဆံပေးပြီး ကျော်လို့ရတယ်။ ဒါပေမယ့် ကိုယ့်ဘာကိုယ် မြန်မြန်မောင်းရင်လည်း ပြထားတဲ့ အချိန်ထက် စောရောက်တယ်။
Deep ဖြစ်တဲ့ထိ သေချာမဆော့ရသေးပေမယ့် အခုဆော့ကြည့်ရသလောက်တော့ သဘောကျမိတယ်။ Top view ဆိုပေမယ့် Graphic Environment ကို သဘောကျပြီး Update မှာ ထပ်မြင့်လာနိုင်တယ်။ ပြီးတော့ PvP တွေကော ပြထားပြီး Admin ကတော့ ဇာတ်လမ်းကြောင့် အလားအလာ ရှိတယ်လို့တော့ မြင့်မိတယ်။
[ Android version = 4.3 + ]
[ Size = 130 MB ]
[ Developer = kefir ]
( သဘောကျမကျကို ကြယ်လေးနိပ်ပြီး Rating ပေးသွားအုန်းနော် 😉 )
Comments