DC Battle Arena
Suprise Game လေးဖြစ်ပြီး Admin ကတော့ သဘောကျလွန်းလို့ မစောင့်နိုင်တော့ဘူး။ ခုဟာက Beta Version ဖြစ်ပြီး Beta မှာတောင် Bug မရှိသလောက် အဆင်ပြေတဲ့ Game ပါ။ Admin တအားသဘောကျသွားတာက Harley Quinn လေးပါ။ အရမ်းချစ်စရာကောင်းလွန်းလို့ အပြင်မှာတောင် ခေါ်ထားခြင်မိတယ်။ ပြောရရင် Character ဒီဇိုင်းပိုင်းကို မချီးကျူးဘဲကို မနေနိုင်ဘူး။ Wonder Women တို့ ဆရာ Bat တို့ တောင် လုံးလုံးပုပုလေးတွေနဲ့ ချစ်စရာအရမ်းကောင်းတယ်။
Game က PvP အမျိုးစားဖြစ်ပြီး Player 6 ယောက် ကစားရတဲ့ BR ပုံစံ MOBA Game ပါ။ တစ်သင်း နှစ်ယောက်နဲ့ သုံးသင်းပါဝင်မှာဖြစ်ပြီး တစ်ယောက်ခြင်းစီတိုင်းမှာ အခွင့်ရေး သုံးခါစီရှိပါတယ်။ ကိုယ်က အဲထဲကမှ နောက်ဆုံးကျန်နေခဲ့ရင် အနိုင်ရမှာပါ။ Game က Coin စု ပစ္စည်းဝယ် ပြီးရင် Ulti ပွင့်အောင်လို့ လိုက်စုရပါသေးတယ်။
ဒီ GAME မှာ ပိုပြီး နောက်ထပ်သဘောကျမိတာက Animation လှုပ်ရှားပုံတွေက အရမ်းသေသပ်သလို Harley တို့ဆိုရင် ပုံစံမြင်ရုံနဲ့ အရမ်းချစ်မိမှာသေချာတယ်။ ပြီးတော့ နောက်ခံ Voice တွေကလည်း ပီသတော့ ထိချက်တိုင်းမှာ " တိန် တိန် " နဲ့ Detail Sound တွေပါ ခံစားရမှာပါ။ ပြီးတော့ Phyiscs ကလည်း တကယ်အကောင်းဆုံးသုံးထားပြီး ရိုက်ချက်တိုင်းရဲ့ တုန့်ပြန်မှုတွေကစ ကစားသူကို ဆွဲဆောင်စေတယ်။
Game ထဲရောက်ရင် Graphic ကို ထပ်မြင့်ဆော့ပါ။ အဲခါကြမှ Effect တွေက သိသိသာသာ ကောင်းလာမှာဖြစ်ပြီး fps လည်း ငြိမ်တော့ အေးဆေးဘဲ။ Animation ဘယ်လောက်သုံးတယ်မသုံးတယ် နိုင်တဲ့ပွဲမှာ ပြတဲ့ ပုံစံနဲ့ ရှုံးတဲ့ပွဲတောင်မှာ ပြတဲ့ ပုံစံတောင်မတူပါဘူး။
Game ထဲမှာပါတဲ့ Money Type တွေက ကိုယ်တိုင်ရှာစုလို့ရပြီး Heros တွေကစ Task လုပ်ပေးရုံနဲ့ အလကားရတာပါ။ အဓိကကတော့ Character Level နဲ့ Upgrade ကအရေးကြီးဆုံးပါ။ နားလည်အောင်ပြောရရင် Power က စကားပြောပါတယ်။ အဲအချက်ကလည်း တစ်ခါလေ Rank မဟုတ်တဲ့ Classic တွေမှာ နည်းနည်းစိတ်ပျက်မိတယ်။ တခြားဘက်က Power High တွေနဲ့ တွေ့ရင် ဂိရော။ ဒါကလည်း ကြုံခဲပါတယ်။
Official မထွက်ခင် အရင် စမ်းဆော့ကြည့်သင့်တယ်လို့ Admin အကြံပေးတယ်။ လာမပြောနဲ့ Admin ကတော့ Harley Quinn ကို အရမ်းတွေ သဘောကျနေပြီ။
⚠️ Game ထဲရောက်ရင် 400MB လောက်ထပ်ဆွဲရမှာဖြစ်ပြီး Total အနေနဲ့ကတော့ 860 MB ရှိပါတယ်။ ⚠️
===================
Android version = 6.0 +
Size = 83 MB
Total Size = 860 MB
Type = Online
===========
Ready....
Comments