LATEST NEWS

Fetching news...

Dead Effect

Dead Effect

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


         ဒီ Game လေးက ဖုန်းအနိမ့်သမားတွေတွက် တကယ်ကို ဆော့ကြည့်သင့်တဲ့ Game ကောင်းလေးပါ။ ထွက်ထားတာလဲ ကြာပြီး နောက်ပြီး Dead Effect 2 ကလည်း ထွက်ထားပြီးသားဆိုတော့ အတောက်ိိုကြာပြီပေါ့။ ဒါပေမယ့် ဒီ Game က အခုထွက်ထားတဲ့ Game တွေနဲ့ တန်းတူယှဥ်လို့ရသေးတဲ့ Gameplay ကော Graphic ကော ပိုင်ဆိုင်ထားတုန်းပါ။ 2 တောင်ထွက်နေပြီး 1 ကြီးဘာလို့ဆော့မှာလဲလို့ တွေးမိနေရင် 2 ကောင်းမကောင်းဆိုတာ 1 ကိုဆော့ကြည့်ပြီးမှ ဘယ်လောက် Improve ဖြစ်လဲဆိုတာ သိရမှာပါ။ 


         Game ရဲ့ ဇာတ်ကြောင်းလေးက 2045 ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး Unite-13 ရဲ့ Elite စစ်သားတွေဖြစ်တဲ့ Davis ဒါမှမဟုတ် Frey နေရာကနေ ကစားရမှာပါ။ Spaceship ပေါ်မှာ ဝရုန်းသုန်းကားတွေဖြစ်နေပြီး Virus တွေ ပြန့်နှံ့နေတော့ သင့်အနေနဲ့ တခြား အဖွဲ့သားတွေကို လိုက်ရှာတာပေါ့ ။ ကံကောင်းခြင်တော့ သုတေသန ဌာနက Professor Wagner နဲ့ အဆက်သွယ်ရခဲ့တယ်။ သူပြောပြချက်အရ အဖွဲ့သားတွေက Virus ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သေရာကနေ ပြန်ရှင်ကာ သန္ဓပြောင်းလဲခဲ့တယ်လို့ ရှင်းပြတယ်။ အဲချိန်မှာဘဲ သင့်ရဲ့ Body Suit ရဲ့ Report ကိုကြည့်ပြီး သင့်မှာပါ ကူးခံနေရပြီဆိုတာ သိလိုက်ရတယ်။




            အဲဒါထက်ပိုဆိုးတာက ဒီ Spaceship က Pilot တွေမရှိတော့ဘူးဆိုတော့ ကမ္ဘာမြေကို Auto Pilot အနေနဲ့ ပြန်သွားတော့မှာပါ။ ကောင်းတယ်လို့ထင်ရပေမယ့် ဒီ Virus တွေပါနေတဲ့ Spaceship ကြီးသာ ကမ္ဘာမြေပေါ်ရောက်သွားရင် Biological Bomb တစ်ခုလို ဖြစ်သွားမှာဆိုတော့ ဇာတ်လမ်းက အတော်ကိုစိတ်ဝင်စားစရာကောင်းတယ်နော်။ သင့်အနေနဲ့ Survive လုပ်မလား ကမ္ဘာမြေကိုကော ကယ်နိုင်ပါအုန်းမလား ? 




           Game က ကြာပြီ ဒါပေမယ့် ဒီထဲက Zombie Type တွေကို သဘောကျတုန်းဘဲ။ ကိုယ့်ကို ဝင်ကိုက်တဲ့အခါ တခြား Zombie တွေလို တန်းတန်းကြီးလာတာမဟုတ်ဘဲ အနီးနားကြမှ ဇက်ကနဲ ငုံ့ပြီး အတင်းဝင်တိုးတာ။ အဲတော့ Aim လုပ်ရတာ အတော်ပြဿနာတတ်တာပေါ့။ Blood Effect ကလည်း ပစ်ရင်ပစ်သလို နံရံတွေမှာပါ စင်ကုန်တာဆိုတော့ အားရစရာတော့ အတော်ကောင်းတယ်။ ကုန်ကုန်ပြောရရင် Low Phone တွေတောင် ကောင်းကောင်း Run နိုင်တာကြောင့် ဒီလို Optimize ဖြစ်တဲ့ Game ကို မဆော့ဘူးတဲ့သူတိုင်း ဆော့ကိုဆော့ကြည့်သင့်ပါတယ်။ 


===================

Android version = 2.3 +

Size = 422 MB

Type = Offline

============





Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...