Dead Zone

0% COMMUNITY SCORE
LOADING...
RATE:


          Action TPS အမျိုးစားနဲ့ Console Graphic အရသာကို ခံစားစေရမယ့် Game ကောင်းပါ။ အရင်က ဒါမျိုးပုံစံတူ Zombie game တစ်ခု ထွက်ခဲ့ပါသေးတယ်။ Graphic ကောင်းပေမယ့် Free Move မဟုတ်လို့ ထင်သလောင် သဘောမကျခဲ့ကြဘူး။ ဒါပေမယ့် အခု နောက်ထပ်ထွက်လာတဲ့ Dead Zone မှာတော့ Sci-Fi ပုံစံကို ဒီဇိုင်းဆွဲထားပြီး Free Move ပုံစံနဲ့ Insane Graphic ကြီးကို ဖန်တီးပေးထားတာပါ။ 




           Game က Mission အလိုက် Wave ပုံစံကစားရတယ်ဆိုပေမယ့် Graphic ကြီးကတော့ လုံးဝအထင်ကြီးစရာကောင်းပါတယ်။ နောက်ထပ် Project RIP လို ပုံစံပေါ့။ Reflection Effect တွေ Body Detail တွေတင်မကဘဲ Movement Physics တွေကစ Mobile တစ်ခုတွက် အတိုင်းတာလွန်နေတယ်။ ဒါပေမယ့် ဒီလို တအား High နေတဲ့ Game ပုံစံတွေ စစထွက်ခြင်းမှာ Bug ဆိုတာ အနည်းနဲ့အများ ရှိစမြဲပါ။ ဒီတစ်ခုကတော့ Less Bug ဖြစ်ပေမယ့် Difficult တအားမြင့်လွန်းပါတယ်။ 




           Easy လို့သာရေးထားပေမယ့် Campaign 3 လောက်ဆိုရင် လုံးဝ Impossible ဖြစ်သွားပြီ ။ ဘယ်လောက်ဘဲ Weapon Upgrade တွေလုပ်လုပ် လက်မသွက်ရင် ဘယ်လိုမှ မနိုင်တော့ဘူး။ အဲတော့ စိန်ခေါ်ဖို့ရာ ခက်သလို အခက်မသင့် ဒေါသပါ ထွက်နိုင်ပါတယ်။ တစ်ခါလေ တစ်ကောင်ထဲကျန်မှ အဲတစ်ကောင်က ကိုယ့်ကို ဆက်တိုက် ကုတ်သွားတာမျိုးတွေပေါ့။ ပြီးတော့ Level မြင့်လာတာနဲ့အမျှ Enemy Damage တွေက ပိုမြင့်သလို Hp ကလဲ မာလာတယ်။ သာမန် အပျင်းပြေဆော့တဲ့သူတွေ Graphic ကြည့်ခြင်တဲ့သူတွေလောက်သာ အဆင်ပြေစေမှာဖြစ်ပြီး Campaign အားလုံးဆော့ခြင်ရင်တော့ အတော်လေးစိတ်ရှည်ပြီး လက်သွက်မှ ဖြစ်မှာပါ။ Size လည်း သိပ်မရှိတာကြောင့် Graphic နဲ့တင် ဆော့ရတန်တဲ့ Game လို့ပြောလို့ရပါတယ်။ 




===================

Android version = 4.1 +

Size = 327 MB

Type = Offline

=============





===============

Ready...........
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...