Delight The Journey Home

0% COMMUNITY SCORE
LOADING...
RATE:


•            မကြာသေးခင်ကမှ ထွက်လာတဲ့ ဒီ Game လေးက Steam ထက် Mobile မှာ ၁ ရက်စောထွက်လာတဲ့ Game ကောင်းတစ်ခုပါ။ Steam မှာတော့ 19 ရက်နေ့ကမှ ထွက်လာပြီး Mobile ပေါ်မှာတော့  18 ရက်နေ့ကတည်းက ထွက်လာတာပါ။ အဲတော့ Player တွေကြားထဲ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ Story Game လေးတစ်ခု ဝင်ရောက်လာတယ်လို့ ပြောလို့ရပါတယ် ။ 




•            အစကတော့ သာမန် Game လေးလို့ထင်ခဲ့ပေမယ့် Game အစမှာတင် ဇာတ်အိမ်က ပဟေဠိတွေပြည့်ပြီး သိခြင်ဇောတွေ ဖြစ်စေမှာပါ။ ဒီထဲမှာဆိုရင် Sammy ဆိုတဲ့ မျက်မမြင် ကောင်မလေးနေရာကနေ ကစားရမှာပါ။ အရမ်းစိတ်ဝင်စားစရာကောင်းသလို ကောင်မလေးရဲ့ အခက်ခဲတွေကို ရင်ထဲထိ ခံစားစေရမှာပါ။ အစက ကောင်မလေးက မျက်စိမကွယ်သေးပါဘူး။ ဘာကြောင့်ဒီလိုဖြစ်သွားလဲဆိုတာထက် သူမ ရှင်သန်ခဲ့တာက အဖိုးဖြစ်သူနဲ့ပါ။ မြေးဖိုးနှစ်ယောက်တွက် သာမန်နေ့လေးတွေဖြစ်ခဲ့ပေမယ့် တစ်နေ့မှာတော့ အစိုးရရဲ့ သတင်းကြေငြာချက်ကြောင့် ​ကလေးမလေးရဲ့ မိဘတွေဆီကို ပြန်သွားဖို့ အရေးတကြီးပြင်ဆင်ခဲ့ပါတယ်။ အကြောင်းကတော့ သူတို့နေတဲ့နေရာလေးက မကြာခင်မှာဘဲ စစ်မြေပြင်ဖြစ်တော့မှာကြောင့်ပါ။ 





•            Sammy လေးတစ်ယောက် အရွယ်နဲ့မလိုက်အောင် တုန်လှုပ်နေခဲ့ပြီး ​​မြို့ထဲမှာလည်း လူတွေအကုန် အုံ့အုံ့သောင်းသောင်းဖြစ်ကုန်ကြတယ်။ ပိုဆိုးတာက Sammy လေးတို့ မြေဖိုးနှစ်ယောက်သွားမယ့် ဘူတာရုံဟာ ကံဆိုးစွာနဲ့ ဗုံးမှန်ပြီ ပြိုကျခဲ့ပါတယ်။ အနည်းဆုံးတော့ သူမရဲ့ အဖော်ဖြစ်တဲ့ ခွေးလေးဟာ သူမရဲ့ အနားမှာ ရှိနေသေးပါတယ်။ အဲတော့ Sammy လေးရဲ့ ကံတရားဟာ ဘယ်လိုဖြစ်လာခဲ့မလဲ ? Game အစမှာ ပါလာတဲ့ သူမ မျက်လုံးကွယ်သွားတာကကော ? 


•           ဒီ Game မှာပါတဲ့ Gameplay တွေက ကစားသူကိုယ်တိုင်ပါ Blind ဖြစ်သွားစေအောင် လုပ်ထားတာပါ။ ကိုယ့်နေရာကလွဲပြီး အမှောင်ချထားတော့ ဆော့ရတာ စိတ်လှုပ်ရှားစေတယ်။ ပြီးတော့ Gameplay တွေက မတူတာလေးတွေပါ ပေါင်းထည့်ပေးထားသေးတယ်။ ခက်တာက Game က Optimize မဖြစ်သေးပါဘူး။ Developer တွေဘက်ကလည်း ပြင်ပြင်ပေးမယ်လို့ ပြောထားပြီး Steam မှာတော့ ဘယ်လို အခြေနေရှိလဲ မသိသေးဘူး။ 




•             ဒီ Game က Gameplay တွေ Graphic တွေထက် ဇာတ်လမ်းလေးက ပိုဆွဲဆောင်စေတာပါ။ ပြီးတော့ Graphic ကလည်း ချစ်စရာကောင်းပြီး ကြည့်မကောင်းရင်တောင်  Sammy လေးကြောင့် မပြောရက်ပါဘူး။  ပြီးတော့ Game က Full Episode မဟုတ်သေးပါဘူး။ Chapter 1 စာဘဲ Free ပေးထားပြီး ကျန်တာကတော့ ပိုက်ပိုက်နဲ့ပါ။ Admin အနေနဲ့ ပြောရရင်တော့ ဆော့ရင်းနဲ့ စွဲသွားနိုင်တယ်။ Ep အကုန်ထွက်မလာသေးတော့ ဇတ်ငင်ဇတ်ငင် ဖြစ်တတ်တဲ့သူတွေ မဆော့သေးရင် အကောင်းဆုံးပါ။ 


         ⚠️   Offline Game ဆိုပေမယ့် Save စနစ်က Online ဖွင့်ထားမှ မှတ်ပေးတာပါ။ အဲတော့ Offline ဆော့ခြင်ရင် ဆက်တိုင်ဆော့သင့်ပါတယ် ⚠️


=====================

- Android Version = 4.4 +

- Size = 447 MB

- Type = Offline

- Developer = WEXPLORE

======================

Download Link
*****************


===========================

#Offline_HELLO, #Adventure_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...