Dream Score Soccer Champion UFC

0% COMMUNITY SCORE
LOADING...
RATE:


           Football Manager Game လေးဖြစ်ပြီး Juventus သဘောကျတဲ့သူတွေတွက်တော့ ပိုပြီးအကြိုက်တွေ့စေမှာပါ။ Game က Juventus ကနေ တရားဝင် လိုင်စင်ရထားပြီး Kits ကော Logo ပါ Official ပေးထားတာပါ။ ဒါ့ပြင် စစဆော့တဲ့သူတွေတွက်လည်း နာမည်ကြီး ကစားသမားတွေကို ပေးထားတဲ့ Game ပါ။ 




           Game က Football Strategy ဆိုပေမယ့် Simulation မရောက် Manager ဘက်လည်း မရောက်တဲ့ Game ပါ။ Manager Type ဆိုပေမယ့် Glory Mode တွေမှာ Manual ပုံစံနဲ့ ကိုယ့်အသင်းရဲ့ တစ်စိတ်တစ်နေရာကနေ ဝင် Control လုပ်လို့ရပါတယ်။  ဥပမာ လူပေးတာ၊ Position ယူတာ၊ ဂိုး area နားဆွဲယူတာတွေက ကိုယ်တိုင် ဆုံးဖြတ်လို့ရတယ်။ ဒါပေမယ့် Arena Mode မှာတော့ လုံးလုံး Manager ပုံစံဖြစ်သွားတာပါ။ သူတို့ ကန်တာဘဲ ထိုင်ကြည့်နေရုံဘဲ။ 




            Game က ပေးရတဲ့ Size နဲ့တော့ မဆိုးဘူးပြောလို့တယ်။ ကစားကွင်း Graphic တွေက လှတယ်၊ Player တွေရဲ့ မျက်နှာတွေကလည်း တအားကြီးမတူရင်တောင် အနီးစပ်ဆုံးထိ ဖန်တီးပေးထားတယ်။ Game က Football Physics အားနည်းပေမယ့် ကစားသူ ကျေနပ်အောင်လို့တော့ Entertainment ပေးတယ်။ ဒီ Game ရဲ့ အဓိကကတော့ Team Power ပေါ့။ Power ကောင်းရင် Player Level မြင့်ပြီး Skill သွက်နေရင် အသားစီးရမှာပါ။ 




           ဒီ Game မှာ Admin သတိထားမိတဲ့ Skill တစ်ခုရှိတယ်။ အရမ်းလည်း အူတတ်မိသလို လုပ်ထားတာလည်း သဘာဝကျတယ်။ Skill တွေက Long Pass တို့ Long Shot တို့အများကြီးရှိပေမယ့် Diving Skill ကတော့ အလန်ထွက်ဆုံးပါ။ ကြံကြံဖန်ဖန် Mbappe လို ကစားသမားစီမှာ Expert ဖြစ်နေပြီး အဲဒီကစားသမားက သူ့နားရောက်ရင် ဟန်ဆောင် ဒိုင်ပင်ပစ်လို့ရတယ်။ အဲတော့ Free Kick အလွယ်ရတာပေါ့။ Admin တွေ့ဖူးသမျှထဲမှာတော့ အဂေါ်ဆုံး Skill ပါ။ ဘာဘဲဖြစ်ဖြစ် ဆော့ပျော်တဲ့ Game လေးဖြစ်တာကြောင့် အပျင်းပြေစေမှာတော့ အမှန်ဘဲ။  ပြီးတော့ နောက်ခံစကားပြောလဲ ထည့်ပေးထားသေးတာနော်။ 




         
            ⚠️ Game ထဲရောက်ရင် 254 MB လောက်တော့ Download လုပ်ရမှာဖြစ်ပြီး စုစုပေါင်း Download လုပ်မယ့် Size ကတော့ 354 MB ထိရှိပါတယ်။ Total Size အနေနဲ့ကတော့ 626 MB ထိ Storage မှာနေရာယူမှာပါ။ ⚠️


===================

Android version = 4.4 +

Size = 100 MB

Total Size = 626 MB

Type = Online

============





Ready.........
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...