Elite Strike SA



           ထွက်ထားတာ တစ်ပတ်တောင် မပြည့်သေးတဲ့ GAME လေးဖြစ်ပြီး PvP Shooter သမားတွေတွက် နောက်ထပ် သဘောကျစေမယ့် Game လေးပါ။ ဒါပေမယ့် ဒီ Game က စစ်အတွေ့ကြုံထက် Fashion ဆန်ဆန် လူငယ်ပုံစံနဲ့ ကစားရမှာပါ။ 




           Game က တခြား Shooter တွေလို Death Match ပုံစံတွေနဲ့ ဆော့ရမှာဖြစ်ပြီး အဖွဲ့လိုက် ပစ်ရမယ့် Game ပါ။ ထူးဆန်းတာက ဒီ Game မှာ HP ဖြည့်ရင် Dance လုပ်ရတာပါ။ တော်တော်လေး ထူးဆန်းနေသလို Shooter သမားတွေတွက် ကြောင်တောင်တောင် ဖြစ်နေနိုင်တယ်။ ဒါပေမယ့် Game က ခုနကပြောသလို Freestyle နဲ့ Fashion ဆန်ဆန်တွေ့မြင်ရမယ့် Shooter အမျိုးစားပါ။ 




          Graphic အနေနဲ့ Unreal သုံးထားပေမယ့် Chatacter Detail တွေကတော့ အားနည်းသေးတယ်လို့ Admin မြင်တယ်။ Environment လှသလို Gun detail တွေကလည်း မဆိုးဘူးပြောရမယ်။ ဘာဘဲဖြစ်ဖြစ် New Game လေးမလို့ စမ်းကြည့်ကြပါ။ အကြိုက်ခြင်းကတော့ တစ်ယောက်နဲ့တစ်ယောက်ဘယ်တူမလဲ။ 


===================

Android version = 5.0 +

Size = 594 MB

Type = Online

============




Ready....

Comments

လူကြည့်အများဆုံး GAMES