Epic Conquest 2
• မကြာသေးခင်ကမှ ထုတ်ပြလာတဲ့ ဒီ Game လေးက Admin တွက်တော့ တကယ်ကို မထင်ထားခဲ့ပါဘူး။ အခုမှ Early Access ဘဲရှိသေးပြီး အရင် Epic Conquest တုန်းကလည်း အတော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ လူနည်းနည်းလေးနဲ့ ဖန်တီးခဲ့တဲ့ Epic Conquest Game ဟာ အခုဆိုရင် Feature အသစ်တွေနဲ့အတူ Epic Conquest 2 ဆိုပြီး ထုတ်ပြလာခဲ့တာပါ။
• အရင်က RPG Game လေးဆိုပေမယ့် အခုတော့ Open World Map ကြီးနဲ့ Adventure RPG တစ်ခုဖြစ်သွားခဲ့ပါပြီ။ အဲတော့ စွန့်စားခြင်တဲ့သူတွေတွက် အန်ကိုက်ဖြစ်စေရုံတင်မကဘဲ Background Story ကလည်း ထုံးစံတိုင်း စိတ်ဝင်စားစရာကောင်းပြီး Strong ဖြစ်နေတုန်းပါ။ ပြောရရင် အရင် Game တုန်းက Admin သိပ်မမှတ်မိတော့ပေမယ့် အခု Game ကလည်း Dialog တွေ အတော်ကောင်းတယ်။ နောက်ထပ်ထွက်လာနိုင်ရင် Voice Actor ထည့်ပေးရင် ပိုမိုက်မှာ။
• Game က စကတည်းကိုက Mystery ဖြစ်တဲ့အပိုင်းကနေစတာပါ။ အိမ်မက်ဆိုးတွေ မက်တတ်တဲ့ Claris ဆိုတဲ့ ခပ်စွာစွာကောင်မလေးနေရာကနေ ကစားရမှာဖြစ်ပြီး သူမရဲ့ အစ်မဖြစ်တဲ့ Bella ကတော့ သူမကို အမြဲဂရုစိုက်တဲ့သူပေါ့။ အစ်မဖြစ်တဲ့ Bella က ဒီ တိုင်းပြည်ရဲ့ Knights တွေကို Level အလိုက် တိုက်ခိုက်နိုင်အောင်လို့ Demons တွေကို Rank စနစ်နဲ့ စာတမ်းပြုစုပေးရတဲ့ သူတစ်ယောက်ပါ။ ညီမဖြစ်တဲ့ Claris ကတော့ Rookie Knight အဆင့်မှာတင် ဝိုင်းကြီးပတ်ပတ်လည်နေတဲ့ သူလေးပေါ့။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Erika နဲ့ Will တို့ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ အပေါင်းပါတွေပါ။ Claris လေးက အမြဲတမ်း Rookie အဆင့်မှာ နေရာတာကို မကျေနပ်သလို ဒီထက်မြင့်တဲ့ Demon တွေကို တိုက်ခိုက်ခြင်တာပါ။
• ဒါပေမယ့် တစ်ဖက်ကကြည့်ရင်လည်း အစ်မဖြစ်သူက သူမရဲ့ အသက်အန္တရာယ်တွက် စိုးရိမ်နေတာဖြစ်သလို Knights တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း အတော်မလွယ်တဲ့ အလုပ်ပါ။ အဲတော့ အမြဲ တစ်ဇွတ်ထိုးလုပ်တတ်တဲ့ Claris လေးတစ်ယောက် သူမ အရမ်းဖြစ်ခြင်တဲ့ Knight တစ်ယောက်ဖြစ်ဖို့တွက် ဘယ်လိုတွေ နည်းလမ်းရှာအုန်းမလဲဆိုတာ ကိုယ်တိုင်ကစားကြည့်လိုက်တော့နော်။
• Game က အရမ်းကောင်းတာပါ။ အရသာပျက်မှာစိုးလို့ အများကြီး မပြောခြင်ပေမယ့် တစ်ချို့ အပိုင်းတွေဆိုရင် အရမ်းအူတက်နေတာဘဲ။ ပထမ အခန်းမှာဆိုလည်း Claris တစ်ယောက် အလုပ်မသွားခြင်လို့ အစ်မဖြစ်သူကို ပက်ချွဲနေတာလေးတွေက အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ Knight တိုင်းက Reward ကိုကြည့်ပြီး Quest လုပ်ကြတာလားဆိုတာကိုလည်း ဒဲ့ ဖော်သွားသေးတယ် ။ အဲဒါထက်မိုက်တာက Knight ဦးစီးမှူးက သူရဲ့ အတိတ်ကအကြောင်းရာတွေဖော်ကောင်လုပ်လို့ဆိုပြီး Alasterကို ပစ္စည်းနဲ့ပါ ကောက်ပေါက်တဲ့အပိုင်းဆို အူတက်နေတာဘဲ။ Dialog တွေ Plot တွေကတော့ ဖတ်ဖို့ရာ လုံးဝမပျင်းနဲ့ အရမ်း စိတ်ဝင်စားစရာကောင်းသလို ရယ်နေရမှာ အသေချာဘဲ။
• Game က GI နဲ့ နည်းတူတယ်။ Map ကို Explore လုပ်လို့ရပြီး Chest တွေလည်း လိုက်ရှာလို့ရတယ်။ တစ်နေရာနဲ့တစ်နေရာ သွားရလွယ်အောင်လို့ Check Point မှတ်တဲ့ Teleport တွေလည်း ပါသေးတယ်။ Game က ကိုယ့်အားကိုယ်ကိုးရမှာဖြစ်ပြီး Weapon တွေကောင်းဖို့တွက် Materials တွေ လိုသေးပါတယ်။ အဲတော့ အကုန်အကုန် ကိုယ်ထူကိုယ်ထ စနစ်သုံးရမှာပါ။ ဒါ့အပြင် Quest တိုင်းက လုံးဝမရိုးသလို ဉာဏ်သုံးပြီးလည်း ရန်သူကို တစ်ပတ်ရိုက်လို့ရသေးပါတယ်။ Heavy Attack ဖြစ်တာကြောင့် Combat တွက်ကလည်း အားရစေမှာ အမှန်ဘဲ။
• Admin ကတော့ အရမ်းသဘောကျတယ်။ ပြီးတော့ ဒီ GAME က Mobile မှာတင်မဟုတ်ဘဲ Steam မှာလည်း ဆော့လို့ရသေးပါတယ်။ Rating အတော်ရထားသလို တကယ်လည်း ဆော့ရတန်တဲ့ Game ပါ။ Graphic က Old School ဆိုပေမယ့် အရင် Game ကထက် Camera View တွေပိုထည့်ပေးထားတာတော့ အတော်သဘောကျတယ်။ Admin ကတော့ အကြံပေးတဲ့ Game ကောင်းတစ်ခုပါ။ စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းတွေကတော့ Game ထဲ ဆက်ခံစားကြည့်တော့ပေါ့။ အရမ်းမိုက်တယ်။ Claris လေးအကြောင်းကို Admin က စာရှည်မှာစိုးလို့ မပြောတော့တာ တကယ်ဆော့ကြည့်ရင် သူမဘာလို့ Knight ဖြစ်ခြင်လဲဆိုတာ ပိုနားလည်သွားလိမ့်မယ်။
=====================
- Android Version = 4.4 +
- Size = 140 MB
- Type = Offline
- Developer = Gaco Games
=======================
Download Link
*****************
>> Playstore <<
>> Apkpure <<
==========================
#Offline_HELLO, #RPG_HELLO, #Open_World_HELLO, #HELLOYDB
( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
Comments