EVE Echoes

0% COMMUNITY SCORE
LOADING...
RATE:


          EVE Online ကနေ ဆင်းလာတဲ့ MMO အမျိုးစား Game တစ်ခုပါ။ အရင် တရုတ် version ကတည်းက လူကြိုက်များတဲ့ Game တစ်ခုဖြစ်သလို အခု Global ထွက်ထွက်ခြင်းမှာလည်း Rating အတော်ရထားတာပါ။ 


           လူကြိုက်များဆို Game က Space Ship ပေါင်း 100 နီးပါး ထည့်ပေးထားပြီး Factions ပေါင်း 4 ဖွဲ့နဲ့ Sci-Fi ဆန်ဆန် ဒီဇိုင်းစုံအောင်ဖန်တီးထားတာပါ။ Character Images တွေကစ အရမ်း Cool ဖြစ်သလို AI Voice တွေကစ Gender အလိုက် အသံ ၃ မျိုးထိ ရွေးလို့ရပါတယ်။ 


           နောက်ထပ် ဒီ Game ကို ပိုသဘောကျစေမှာက Galaxies ပေါင်း 8000 ထောင်ထိ Explore လုပ်လို့ရတာပါ ။ Solar စနစ်ပေါင်း များစွာပါဝင်သလို တစ်နေရာနဲ့ တစ်နေရာ သွားဖို့တွက်လည်း Jump[s] စနစ်တွေနဲ့ အလင်းနစ်ချီပြီး Travel လုပ်လို့ရတယ်။ 


            ဒီ Game မှာက Factions အုပ်စုပေါ်မူတည်ပြီး Background History တွေ ကွဲသွားပေမယ့် သင့်ရဲ့ ဆုံးဖြတ်ချက်တိုင်းဘဲ Game က ဆက်သွားမှာပါ။ Mining လုပ်တာတွေ၊ Combat တွေ၊ Manufacturing တွေ၊ Trading နဲ့ Transportating တွေကစ သင့်စိတ်ကြိုက် ရွေးချယ်ပြီး စိတ်ကြိုက်လုပ်လို့ရတယ်။ ဒါပေမယ့် အဲလို အေးအေးဆေးဆေးလုပ်ရတာက အစပိုင်းမှာ အဆင်ပြေပေမယ့် အလိမ်ခံရတာတွေ၊ မတန်တဆပေးရတာတွေ၊ သူခိုး၊ ဓားပြ နောက်ဆုံး ဖျက်ဆီးရေးသမားတွေနဲ့ပါ ကြုံရနိုင်ပါတယ်။ 




           Game က Mission ပေါ်မူတည်ပြီး Wallet တွက် ပိုက်ဆံရမှာဖြစ်သလို Mission ပေါ်မူတည်ပြီးလည်း ပြင်ရတဲ့ စရိတ်က ပြန်ကာရအုန်းမှာပါ။ တစ်နေရာနဲ့ တစ်နေရာပေါ်မူတည်ပြီးလည်း Market ရဲ့ စျေးနှုန်းဆိုင်ရာ အတိုးလျော့တွေရှိတာကြောင့် Open Economy ဆန်တဲ့ Game တစ်ခုပါ။ 




           Graphic အနေနဲ့ကတော့ Mobile တွက် အရမ်းအားရစရာကောင်းသလို Space ကို ကိုယ်တိုင်ခံစားကြည့်ခြင်တဲ့သူတွေတွက် လုံးဝ လက်မလွတ်သင့်ပါဘူး။ ဒါတင်မကဘဲ နောက်ခံ Sci-Fi Songs တွေကပါ Game ရဲ့ ခံစားမှုကို Support ပေးတာကြောင့် နားကြပ်လေးနဲ့ အေးဆေးနှပ်လို့ကောင်းတဲ့ GAME ပါ။ 


            Admin ကတော့ Game ရဲ့ Combat ကိုလည်း သဘောကျတယ်။ အထူးသဖြင့် ရန်သူများရင် Target အကုန် ပစ်တာထက် Focus ပုံစံနဲ့ Approach လုပ်တာက ပိုထိရောက်တယ်။ တကယ်လို့ ကိုယ့် Ship က Shield Strong မဖြစ်ရင်တောင် Orbit ပုံစံနဲ့ ဉာဏ်ရှိသလို ကစားလို့ရတယ်။


           PvP တွေကော တခြား Feature အသစ်တွေပါ ပါဝင်သေးတာကြောင့် စစဆော့ခြင်း နားမလည်သေးရင်တောင်မှ တဖြည်းဖြည်းနဲ့ ကျင့်သားရသွားမှာပါ။ ဘယ်လိုလဲ Space ထဲမှာ စွန့်စားဖို့တွက် အသင့်ဘဲလား ? Admin တော့ အရမ်းတွေ လွှတ်သဘောကျနေပြီ။ 


===================

Android version = 5.1 +

Size = 1.9 GB

Type = Online

============




=============

Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...