LATEST NEWS

Fetching news...

FAR Lone Sails

FAR Lone Sails

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•           Playstation 4, Xbox One, Nintendo Switch တို့မှာ ထွက်ထားတဲ့ ဒီ Game လေးက အခုဆိုရင် Mobile ပေါ်ကို ရောက်ရှိလို့လာပါပြီ။ Steam မှာဆိုရင် Rating 9 ထိ ရထားတဲ့ ဒီ Game လေးက တကယ်ကို ဆော့ကောင်းတဲ့ Indie Adventure Game လေးပါ။ 


•          Admin ကတော့ ပြောရရင် ဘယ်လိုသဘောကျလို့ ကျမှန်းကို မသိတာ။ အဲလို Art လှလှလေးတွေနဲ့ အေးအေးဆေးဆေး ဆော့ရတဲ့ Game မျိုးဆိုရင် မိုးအေးအေးနဲ့ အရမ်းဇိမ်ကျတယ်။ ပြီးတော့ Game Environment ကလည်း မိုးတိမ်တွေ အုံ့မှိုင်းပြီး ကျယ်ပြန့်တဲ့ လူသူမရှိတဲ့ နေရာမှာဆိုတော့ ဆော့ရတာ တစ်စုံတစ်ရာကို လွမ်းသလိုလို၊ Game ထဲကိုဘဲ ရောက်သွားသလိုလိုနဲ့ အရမ်း Feel လို့ကောင်းတယ်။ 




•         Game က Art တင်လှတာမဟုတ်ဘူးနော် Gameplay ကလည်း ရိုးရိုးလေးနဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ Game ပုံစံလေးက Platform အမျိုးစားဖြစ်ပြီး စက်အကြီးကြီးကို မောင်းဖို့အတွက်  လမ်းတစ်လျှောက်မှာ ရသလောက် လောင်စာတုံးလေးတွေ ၊ ပစ္စည်းလေးတွေ စုပေးရမှာပါ။ အဓိကက စက်ကြီးရွေ့ဖို့တွက် ကိုယ်က လောင်စာထည့်၊ Engine နိုး၊ ပြီးရင် စက်ပူလာရင် Steam ထုတ်၊ လိုအပ်ရင် ရေဖြန်း ကြိုးဆွဲပေါ့။ ဒါပေမယ့် ဒီ Game မှာ ပိုစိတ်ဝင်စားစရာကောင်းတာက ဘယ်ခရီးကို ဦးတည်နေတယ်ဆိုတာပါ။ 




•        ပြောရရင် Game က ဟိုးအရင်က ရုံတင်ဇာတ်ကားဖြစ်တဲ့ Mortal Engines ကိုတောင် သွားသတိရစေတယ်။ နယ်မြေတစ်ခုစာစက်အကြီးကြီးမဟုတ်ပေမယ့် အဲဒီ ဇာတ်လမ်းထဲကလို Feeling မျိုးကို ဒီ Game ထဲမှာလည်း ခံစားမိတယ်။ Gameplay ကလည်း အတော် Smooth ဖြစ်သလို ဆော့ရင်းဆော့ရင်းနဲ့ ပျင်းစရာကောင်းလာတာမဟုတ်ဘဲ ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာတာပါ။ Admin အနေနဲ့ ပြောရရင်လည်း ဒီ Game လေးက တကယ်ကို ဆော့ရတန်တဲ့ အမျိုးစားပါ။ လောင်စရာလည်း မလိုဘူး၊ ဒေါသထွက်စရာလည်းမလိုဘူး၊ စိတ်ထဲမှာ ဘာဆက်ဖြစ်မလဲဆိုတာဘဲ တစ်ဖွားဖွား ဖြစ်စေမယ့် Game ကောင်းတစ်ခုပါ။ 


=====================

- Android Version = 5.1 +

- Size = 394 MB

- Type = Offline

- Developer = Mixtvision Game

==========================




#Offline_HELLO, #Adventure_HELLO, #HELLOYDB

Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...