Fighting
• ဒီ Game လေးက အခုမှ Test အဆင့်ဘဲရှိသေးပြီး RPG Game ကောင်းလေးတစ်ခုပါ။ 2D Platform ဆိုပေမယ့် Admin တော့ အတော်သဘောကျတယ်။ ပြောရရင် Chinese Game မှန်သမျှက 3D လောကထဲမှာ MMORPG ဆိုတဲ့ သံသရာထဲ သပွတ်အူလည်ပတ်နေချိန်မှာ အခုလို 2D Game လေးက Admin အတွက်တော့ အမြင်စမ်းစေတယ်။ ပြီးတော့ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ Game က Male ကော Female ကော ယူလို့ရပါတယ်။ Admin တော့ Female လေးက ချစ်စရာကောင်းတာကြောင့် သူမရဲ့ Role ဘက်ကနေဘဲ ပြောပြပေးမယ်။
• ဟိုးအရင် အချိန်တုန်းက ထူးဆန်းပြီး နာမည်အရမ်းကြီးတဲ့ ကျောင်းတော်ကြီးတစ်ခုရှိခဲ့တယ်။ ရတနာသိုက်တွေရှိတဲ့အပြင် အနာရောဂါမှန်သမျှကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ စွမ်းအားတွေကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတယ်။ ဒါပေမယ့် လူအများစုက ကျောင်းတော်ကြီးအနားကို ယောင်မှားလို့တောင် မကပ်ရဲကြပါဘူး။ ဘာလို့ဆို ပရလောကသားတွေရဲ့ နေထိုင်ရာအရပ်ဖြစ်သလို စွမ်းအားအလွန်ကြီးမားတဲ့ မိစ္ဆာတွေရဲ့ စောင့်ရှောင်မှုတွေကြောင့် ပရမုဆိုးတွေကလွဲပြီး ဘယ်သူမှ မသွားရဲခဲ့ကြဘူး။
• သင်က ငယ်စဥ်ကလေးဘဝကတည်းက သခင်မရဲ့ မွေးစားခြင်းကို ခံခဲ့ရပြီးအရွယ်ရောက်သည်အထိ သခင်မနဲ့အတူ ကြီးပြင်းခဲ့ရတာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ သခင်မဆီကို သတင်းတစ်ခုရောက်လာခဲ့ပြီး မကြာခင်မှာဘဲ သခင်မက သင့်ကို ထားသွားခဲ့ပါတယ်။ ဘာလို့ဆို အန္တရာယ်ကြီးမားတဲ့ အရပ်ဖြစ်တဲ့ ကျောင်းတော်ကြီးဆီကို တစ်ယောက်တည်း ထွက်သွားခဲ့တာကြောင့်ပါ။ သင်အနေနဲ့ သခင်မ ပြန်လာမယ့်ရက်ကို စောင့်မျှော်နေခဲ့ပေမယ့် ထင်ထားသလိုမဖြစ်ခဲ့ပါဘူး။ သခင်မဟာ ကျောင်းတော်က မိစ္ဆာတွေကို ရင်ဆိုင်နိုင်ခဲ့ပေမယ့် နောက်ဆုံး ကိန်းအောင်ကျန်နေတဲ့ ပန်ချီးကားရဲ့ ကျိန်စာနတ်ဆိုးကြားမှာ အစနမရှိအောင် ပျောက်ကွယ်သွားခဲ့တယ်။ ဒါကြောင့် သင်ကိုယ်တိုင် သခင်မကို ပြန်ရှာဖို့ ခရီးထွက်လာရင်း ကျောင်းတော်ကြီးရဲ့ စွမ်းအားအစစ်မှန်ဟာ သေရွာကနေတောင် ပြန်ခေါ်လို့ရနိုင်တယ်ဆိုတာ သိခဲ့ရတယ်။ အဲတော့ ဇာတ်လမ်းလေးက တွေးစရာအတော်ကောင်းတယ်။ သခင်မက ဘယ်ရောက်သွားတာလဲ ? ပြန်တွေ့ခဲ့ရင်ရော အရင်လို ဖြစ်နေအုန်းမလားဆိုတာ စိတ်ဝင်စားစရာပါ။ တကယ်လို့ အသက်ပြန်ရှင်ဆေးက တစ်ကြိမ်တည်းသုံးခွင့်ရမယ်ဆိုရင်ကော ?
• Game လေးက 2D ဆိုပေမယ့် လုံးဝ အထင်သေးလို့မရတဲ့ Game လေးပါ။ Setting ထဲမှာ Graphic Effect ထပ်တိုးလိုက်တော့ အထူးသဖြင့် Skill Effect တွေက အတော်အားရစရာကောင်းတယ်။ ပြီးတော့ Skill အကုန်လုံးက No Cooldown ပါ။ အဓိကက Manna ဖြစ်ပြီး Manna မကုန်မခြင်း Skill ဆက်တိုက် သုံးလို့ရတယ်။ Art တွေကလည်း အတော်ကြည့်ကောင်းသလို Enemy Type တွေကလည်း ဒဏ္ဍာရီဆန်ဆန် မိစ္ဆာတွေဆိုတော့ စိတ်ဝင်စားစရာကောင်းတယ်။
⚠️ Game က Chinese Language ဘဲရသေးတာဖြစ်ပြီး အခုမှ Test အဆင့်ဘဲ ရှိသေးတာပါ။ လောလောဆယ်ဆော့ရင်တော့ Guest Mode နဲ့ ဝင်စမ်းလို့ရပါတယ် ။ ⚠️
#斗诡
Developer : #feiyu
🌸🌸🌸🌸🌸🌸🌸🌸🌸🌸
Android Version = 4.4 +
Size = 303 MB
Type = Online
🌸🌸🌸🌸🌸🌸🌸🌸
Download Link
#Platform_HELLO
#Online_HELLO
#HELLOYDB
🌸🌸🌸🌸🌸🌸
Ready....
Comments