Giant Dancing Plushies



•         မကြာသေးခင်ကမှ ထွက်ထားတဲ့ ဒီ GAME လေးက Admin တွက်တော့ တကယ်ကို ထူးဆန်းမိတယ်။ ပြောရရင် Gameplay ကိုက ဆော့ရတာ ​တစ်မျိုးကြီးဖြစ်နေပေမယ့် Beat နဲ့တင် သဘောကျသွားမှာသေချာတယ်။ အထင်မသေးနဲ့နော် ပိုက်ပိုက် GAME တစ်ခုတင်မကဘဲ Playstore မှာပါ Rating အတော် ကောင်းတယ်။



•         ဘယ်လိုလဲဆိုတော့ ဂြိုလ်သားတွေက အရုပ်ကြီးကြီးတွေကို မြို့ထဲမှာလာချပြီး သံစဥ်နဲ့အတူ ကခိုင်းတာပါ။ မြို့ကို ဖျက်ဆီးတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒီတိုင်း လူတွေအများကြီး မော့ကြည့်ရလောက်အောင် ဒစ်စကိုကကွက်တွေနဲ့ သွားရတာပါ။ သာမန် ကားလေးတွေ မထိအောင်ကြိုးစားရင်း ဒီ သံစဥ်ရဲ့ မီးရောင် Light တွေနဲ့အတူ တစ်လှမ်းခြင်း က ပေးရမယ့် Game ပါ။ ဒါပေမယ့် တစ်ခုတော့ရှိတယ် စစ်တပ်ကတော့ သင့်ကို လာချလိမ့်မယ်။ 




•         Admin ကတော့ အရမ်းသဘောကျတယ်။ ဘာလို့ဆိုတော့ အောက်ကနေ စစ်တပ်က လာထုနေတာတောင် ကိုယ်က သံစဥ်ထဲမှာ​မျောပြီး တစ်ကွက်ခြင်း မျက်နှာပြောင်ပြီး က နေတာ။ သူ့ဘာသူ ဘာကြီးဘဲလာလာ ဂရုမစိုက်ဘဲ ဆက်သွားမယ်ဆိုတာမျိုးပေါ့။ ဆက်သွားတယ်ဆိုပေမယ့် ကားတွေဘာတွေ ရှောင်သွားရမှာနော်။ အနီးစပ်ဆုံး​ မြင်သာအောင်ပြောရရင် Running Game လိုမျိုး ဘယ်ရွေ့ညာရွေ့ ရှောင်ရတာမျိုးဆိုပေမယ့် ခု Game က တစ်လမ်းခြင်း Harmony အလိုက် က သွားရတာမျိုးပါ။ ပုံစံလေးကို အရမ်းသဘောကျသလို Camera Angle ကလည်း သံစဥ်လိုက် ပြောင်းတာကြောင့် အငြိမ့်ဘဲ။ 


•           Game က Exp အဓိကဖြစ်ပြီး Character လေးတွေလည်း Customize လုပ်လို့ရသေးတယ်။ နောက်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းကို ထည့်ပြီးတော့လည်း ရှိတ်လို့ရသေးတယ်နော်။ 

=====================

- Android Version = 6.0 +

- Size = 200 MB

- Type = Offline

- Developer = Rogue Games

========================

Download Link
*****************



===========================

#Offline_HELLO, #Fun_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )

Comments

လူကြည့်အများဆုံး GAMES