Grand Criminal Online

0% COMMUNITY SCORE
LOADING...
RATE:


          မကြာသေးခင်မှ Beta version ထွက်လာတဲ့ Open World Game လေးဖြစ်ပြီး GTA သဘောကျတဲ့လူတွေတွက်တော့ စမ်းဆော့ကြည့်သင့်ပါတယ်။ Game က အနီးစပ်ဆုံး GTA Chinatown နဲ့ သွားတူနေပြီး Up View ပုံစံနဲ့ထွက်လာတာပါ။ View က GTA သမားတွေတွက်တော့ သိပ်အားရကြမှာမဟုတ်ပေမယ့် Graphic အနေနဲ့ကတော့ Admin ပါ တကယ်သဘောကျပါတယ်။ Ultra ထိတင်လို့ရပြီး fps 60 နဲ့ ကောင်းကောင်း Run နိုင်တဲ့ Game တစ်ခုပါ။ 


         Game က View လေးသာ Third Person ကလာရင် အတော်လေးလူကြိုက်များမယ့် Game တစ်ခုပါ။ Map လည်း အနေတော်ဖြစ်သလို Mission တွေ​ကော Taxi အလုပ်တွေပါ ထည့်ပေးထားတာပါ။ သေနတ်တွေ၊ ကားတွေကတော့ Level အလိုက် Unlock ဖြစ်မှာဖြစ်ပြီးပိုက်ဆံကတော့ နည်းမျိုးစုံရှာလို့ရပါတယ်။ 


          GTA လို Map ထဲမှာ သေနတ်တွေ၊ ကျည်ကာတွေ ဖွက်ပေးထားသလို  ရဲလိုက်တာတွေကစ အတော်မိုက်တယ်လို့ပြောလို့ရတယ်။ ရဲဖမ်းတာက GTA လို ကားပေါ်က လူဆွဲချတာမဟုတ်တော့ဘဲ NFS လို ဘေးခြင်းကပ်တာများရင် မိပါတယ်။ အမှုကတော့ 5 star ထိဘဲ ပါပြီး လောလောဆယ်တော့ ပြေးလို့အကောင်းဆုံးကားက ရဲကားပါ။ Physics Detail နည်းနည်းလိုသေးတယ်လို့ မြင်မိပြီး Graphic တွေ Reflection Effect တွေ Textures Quility တွေကတော့ အတော်ကောင်းကောင်းသုံးထားတဲ့ Game ပါ။ 




           Admin အထင်တော့ အခု Beta မှာ မလို့သာ Male ကိုဘဲ ရွေးလို့ရတာထင်တယ်။ Official ကြရင်တော့ Female ပါ ယူလို့ရနိုင်တယ်။ အိမ်ဝယ်တာတွေက  Official ကြမှ တွဲပါလာနိုင်သလို Online Match ပုံစံတွေလည်း အဲကြမှ Fix ဖြစ်လာနိုင်တယ်။ Official မှာသာ Camera View လေး suprise လုပ်ရင်တော့ တစ်မျိုးပေါ့။ Developer စီသာ တောင်းဆိုတဲ့သူများလာရင် ဖြစ်လာနိုင်ပါတယ်။ 




⚠️ Beta Server လူပြည့်နိုင်ပါတယ် စိတ်မရှည်ရင်တော့ Official သာ စောင့်လိုက်ပါ ⚠️


===================

Android version = 6.0 +

Size = 468 MB

Type = Online

===========





Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...