Gunner Shooting King
မကြာသေးခင်ကမှ ပွဲထွက်လာတဲ့ GAME လေးဖြစ်ပြီး လောလောဆယ်တော့ Test version ဘဲ ရှိသေးပါတယ်။ Game က Survival အမျိုးစားဖြစ်ပြီး Polygon Graphic နဲ့ Big Map ပုံစံလုပ်ပေးထားတာပါ။ Map 4 ခုထိ Explore လုပ်လို့ရပြီး Gun နဲ့ Character အများစုက Free တွေပါ။
အရင်က Top View ပုံစံနဲ့ထုတ်ထားပြီး ဒီတစ်ခါတော့ FPS ပုံစံနဲ့ နောက်ထပ် ဖန်တီးထားတာပါ။ Game က Timer နဲ့ဆော့လို့ရသလို Survival အမှတ်နဲ့ လည်း Challenge လုပ်လို့ရပါတယ်။ Game က သေနတ်နှစ်လက်ထိ ကိုင်လို့ရပြီး Map ထဲက Shop တွေ Item Box တွေက တစ်ခါဘဲ ရမှာပါ။ Shop က ဝယ်ပြီးတာနဲ့ တန်းပိတ်တာဖြစ်ပြီး ဓာတ်မီး Battery တွေ၊ ဗုံးတွေကတော့ Coin တွေပိုစုရမှာပါ။
Game က ဖန်တီးထားတဲ့ ပုံစံမဆိုးဘူးပြောရမယ်။ တကယ်လို့ 3D ဒီဇိုင်းနဲ့သာ Fix လုပ်ပေးရင်တော့ လူကြိုက်များလာမယ့် Game တစ်ခု ဖြစ်လာနိုင်တယ်။ Admin ကတော့ Polygon သဘောကျတော့ သိပ်ကိစ္စမရှိဘူးပေါ့။ Game က ခက်လဲခက်တယ်လို့ပြောလို့ရတယ်။ အထူးသဖြင့် Zombie Dog တွေပေါ့။ ကိုယ့်ရဲ့ Run Speed နဲ့ Balance ဖြစ်နေပြီး ဓာတ်မီးအားကုန်သွားရင် ပိုတောင်ဆိုးပါတယ်။ မမြင်မကန်းနဲ့ ယမ်းသန်းပစ်ရတာပေါ့။ အဲတော့ အားချွေတာဖို့လဲလိုတယ်။ ကျန်တာကတော့ Map ထဲမှာ Explore လုပ်ပြီး အစာတွေ၊ ဆေးဝါးတွေ လိုက်စုရမှာပါ။ Game က အခုထိ Test ဘဲရှိသေးတာပါ။ အဲတော့ Official ကြရင်တော့ ဒီထက် ပိုစိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းတွေ ပါလာနိုင်ပါတယ်။
===================
Android version = 5.0 +
Size = 236 MB
Type = Offline
===============
================
Ready............
Comments