LATEST NEWS

Fetching news...

Harvest Master

Harvest Master

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


              Farming Game လေးဖြစ်ပြီး စိုက်ပျိုးရေး ဝါသနာပါတဲ့သူတွေအတွက် သဘောကျစေမယ့် Game လေးပါ။ ဒီ game ကခြား Farming game တွေထက် ဇာတ်လမ်းပိုသဘာဝကျတယ်လို့ ပြောလို့ရတယ်။ သင်က ဦးလေးဖြစ်သူဆုံးသွားပြီးနောက်ပိုင်း သူ ပိုင်ဆိုင်တဲ့ ဒီ လယ်အိမ်လေးကို ရောင်းဖို့တွက် ဦးလေးနေတဲ့ ရွာကို အလည်လာခဲ့ပါတယ်။ ဒါပေမယ့် ရွာခံနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း သင်ဟာ ဒီ အိမ်လေးကို မရောင်းတော့ဘဲ စီးပွားရေးဆက်လုပ်ဖို့ရာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ 




             အခြေနေတွေက အေးအေးဆေးဆေးဖြစ်ခဲ့ပေမယ့် မထင်ထားတဲ့ ပြဿနာက စပြီးရှုပ်တော့ပါတယ်။ ဦးလေးဟာ အကြွေးတွေ တင်နေတာဖြစ်ပြီး တကယ်လို့ အဲအကြွေးတွေကို မပေးနိုင်ခဲ့ရင် သူပိုင်တဲ့ လယ်နဲ့ အိမ်ကို ရောင်းပေးရတော့မှာပါ။ အဲတော့ သင့်အနေနဲ့ စီးပွားရေးကို သေချာလုပ်ပြီး ဦးလေးဖြစ်သူရဲ့ အိမ်ယာလေး မဆုံးရှုံးရအောင် ကြိုးစားရတော့မှာပါ။




              Game က Farming ဆိုတဲ့တိုင်း လယ်စိုက်၊ မွေးမြူရေးလုပ်၊ ငါမျှားတာတွေအပြင် ပျားမွေးမြူရေးတွေပါ လုပ်လို့ရပါသေးတယ်။ ဒါ့ပြင် Relationship တွေပါ ပါသေးတာကြောင့် အိမ်ထောင်တွေပါ ပြုလို့ရသေးတယ်။ စိုက်ပျိုးရေး သဘောကျတဲ့လူတွေတွက် အပျင်းပြေဆော့ကောင်းတဲ့ Game လေးဖြစ်သလို 2D Picture လေးနဲ့ Classic ဆန်တဲ့ Game လေးပါ။


Apk only ဖြစ်တာကြောင့် Install တင်ရုံပါဘဲ။ 

===================

Android version = 4.0 +

Size = 20 MB

Type = Offline

============


Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...