Horror Forest 3



          အခုမှ Early Access ဘဲ ရှိသေးပြီး MMO အမျိုးစားနဲ့ Open World Zombie Game တစ်ခုပါ။ ပြီးတော့ ဒီ Game ကို ပိုစိတ်ဝင်စားစေမှာက  Auto Task မပါသလို Auto Combat လည်း လုံးဝ မဟုတ်ပါဘူး။ အခုမှ Test ဘဲရှိသေးတာဆိုတော့ အားသာချက် အားနည်းချက်ကတော့ ကိုယ်စီရှိသေးပါတယ်။ 


          Game က Auto Task တွေ မပါကတည်းကိုက ဆော့ရတာ ကိုယ်တိုင် Explore လုပ်ရမှာပါ။ Exp ရှာမယ် Gold စုမယ် ပြီးရင် Level အလိုက် လက်နက်တွေ ထပ်ဝယ်ရုံဘဲ။ Task က အစပိုင်းတော့ ခဏတိုင်း ရပေမယ့် နောက်ပိုင်းကြရင် Level အလိုက်ဘဲ ပေးတော့တာပါ။ Map က လောလောဆယ်တော့ 1 ခုဘဲ ပေးထားသေးပြီး ကျန်တဲ့ Map ကတော့ Official ကြမှ ပါလာနိုင်ပါတယ်။ 


          Gold နဲ့ Skill Point တွေကို သေချာစဥ်းစားပြီးမှ သုံးပါ။ Level အလိုက် လက်နက်တွေက Unlock ဖြစ်တာဆိုတော့ Upgrade Item တွေကိုလည်း တအားမသုံးမိစေနဲ့။ ပြီးတော့ စိန်တွေကိုလည်း လျှောက်မဖြုန်းမိစေနဲ့။ Game က Time အလိုက် 2×Exp,2×Gold အမိုက်ဆုံးကတော့ 4×Gold လေးဆ ထိရတဲ့ အချိန်အကန့်သတ်ပေးတဲ့ Bonus တွေကို စိန်နဲ့ ဝယ်လို့ရသေးတယ်။ ကျည်ကလည်း ဝယ်ရတာဆိုတော့ Bonus ကိုသုံးတတ်ရင် Gold ပိုရမှာဖြစ်ပြီး Suit တွေကစ ဝယ်ဖို့ အခွင့်ရေးရနိုင်ပါတယ်။ 


           ဒီမှာ ပြောခြင်တာက Enemy AI တွေက သူတို့ကို သွားချမှ ပြန်ချတာမျိုးမဟုတ်ဘဲ အနားနားကပ်သွားရင်တောင် လိုက်ဆွဲတာပါ။ အဆိုးဆုံးကတော့ သူတို့ကို ပြန်လုပ်ရင် Speed တောင်တက်လာပြီး ပြေးပြီးလိုက်ကိုက်တာပါ။ ကောင်းတာက Physical Attack က Zombie များရင် များသလို တန်းတူ Hit ဖြစ်တယ်။ Physical Attack မှာက Critical Hit တွေမပါပေမယ့် Gun တွေမှာတော့ ကိုယ်ပစ်ရင် ပစ်သလို Damge ပိုထွက်ပါတယ်။ Gun ကောင်းဖို့လည်းလိုသလို Gun အလိုက်လဲ ကျည်စျေးနှုန်းက မြင့်လာတတ်တယ်။ 


            နောက်တစ်ခုက Enemy Level မြင့်တိုင်း Gold ပိုရတယ်လို့ မထင်ပါနဲ့ Exp ဘဲ ပိုပေးတာပါ။ Admin ဆို Gold Double သုံးထားရင် စက္ကန့်ပိုင်းတွင်း အကျိုးရှိအောင် ကိုယ့် Level အောက်က Zombie တွေကိုဘဲ သွားရိုက်တာပါ။ များလေ ရိုက်လို့ကောင်းလေပေါ့။ ပြီးတော့ HP က ပြန်တက်တော့ တောထဲမှာ နေရတာအဆင်ပြေပေမယ့် သတိထားရမှာက ဒီ Game မှာ Energy က အရေးကြီးပါတယ်။ Energy တွက် စိန်ပေးပြီး ပြန်ဖြည့်လို့ရသလို Menu ကို Game မဆော့ဘဲနဲ့လည်း ပြန်ဖြည့်လို့ရပါတယ်။ Energy က ဘာလို့ အရေးကြီးလဲဆိုရင် တကယ်လို့ Zombie နဲ့ချနေတုန်း ကုန်သွားခဲ့ရင် ပတ်လက်ကြီး ကျန်ခဲ့မှာပါ။ သေသွားရင်တော့ စခန်းကဘဲ ပြန်စမှာပေါ့။ 


            Game က Online ဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ အတူ Server တစ်ခုတည်းမှာ အတူတူဆော့လို့ရပါတယ်။ လူများလေ သတ်ရတာ ပိုလွယ်လေပေါ့။ ဒီ Game က အခုမှ Beta ဆိုပေမယ့် Bug ဖြစ်နေတဲ့ ပိုင်းတွေက Enemy AI အချို့ပါ။ တစ်ခါလေ သူတို့ချင်းချင်းပြန်ချနေတတ်ပြီး သူတို့ကို သွားချရင်တောင် ပြန်မချဘဲ ထွက်ပြေးနေတာမျိုးတွေပါ။ ပြီးတော့ Graphic High မှာ fps stable မဖြစ်သေးပါဘူး။ ကြည့်ရတာ Pin ကြောင့်လည်း ပါအုန်းမယ်ထင်တယ်။ ပြီးတော့ Character ကလည်း Female ဘဲ သုံးလို့ရသေးတာပါ။ ဆံပင်ပုံစံနဲ့ မျက်နှာအနေထား Avatar က Lara နဲ့တောင် သွားဆင်နေသလိုဘဲ။ Game က အားရစရာသိပ်မကောင်းသေးပေမယ့် Auto တွေလုံးဝမပါတော့ ဆော့ရတာတော့ အပျင်းပြေစေတယ်။ 


===================

Android version = 5.0 +

Size = 575 MB

Type = Online

============





Ready......

Comments

လူကြည့်အများဆုံး GAMES