LATEST NEWS

Fetching news...

House Of Fear Another World

House Of Fear Another World

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


           ဒီ Game က ဆော့ရတာ အတော်လည်း ထူးဆန်းသလို Mystery ဆန်ဆန်နဲ့ စွန့်စားခြင်တဲ့သူတွေတွက်တော့ အကြိုက်တွေ့စေမှာပါ။ Puzzle game ဆိုပေမယ့် Supernatural ဆန်တာကြောင့် သဘာဝလွန် စွမ်းအားတွေ၊ မမြင်နိုင်တဲ့ ဖြစ်တည်မှုတွေကိုပါ တွေ့ရအုန်းမှာပါ။ 


           Game ထဲမှာဆိုရင် သင်က သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ပိတ်မိနေသူတစ်ဦးပါ။ ဝိညာဥ်မလေးပြောပြချက်အရ ဒီ လောက နှစ်ခုရဲ့ ညီမျှမှုက ချိုးဖောက်ခံနေရပြီး ပေါင်းကူတံတားဟာလည်း ပိတ်ခံထားနေရပါတယ်။ အဲတော့ ပျောက်ဆုံးသွားတဲ့ ဂိတ်နဲ့ပတ်သတ်တဲ့ သဲလွန်စတွေကို ပြန်ရှာပြီး သင့်အနေနဲ့ ဒီ လောကနှစ်ခုကြားက အိမ်ကြီးထဲမှာ စွန့်စားရတော့မှာပါ။ 




           အစက ဒီ Game ကို သာမန်တခြား Game တွေလို ရိုးရိုးလေးလို့ဘဲ ထင်ခဲ့မိတာ။ တကယ်ဆော့ကြည့်တော့ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် Teleport တွေ၊ သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ သဘာဝလွန် သဲလွန်စတွေ၊ နောက်ပြီး ရှုပ်ထွေးတဲ့ Puzzle တွေက တစ်ချက်မှားရုံနဲ့ အသက်ပါ ပျောက်သွားနိုင်ပါတယ်။ အနည်းဆုံး ကြောက်စရာမကောင်းဘူးလို့ မလိမ်ခြင်ပေမယ့် Puzzle ရှင်းပြီးတိုင်း၊ တံခါးဖွင့်တိုင်း ထွက်လာတဲ့ အသံတွေက ကိုယ့်နား ရောက်နေသလို ခံစားရတာတော့ မိုက်တယ်။ ထူးထူးဆန်းဆန်း Puzzle တွေကိုမှ စိတ်ဝင်စားရင်တော့ စွန့်စားကြည့်သင့်တဲ့ Game ကောင်းလေးပါ။ 


===================

Android version = 5.0 +

Size = 144 MB

Type = Offline

=============





Ready.......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...