King Of Hunters
ဒီ GAME က အခု Final Beta ဖြစ်ပြီး Moba BR ထဲမှာတော့ အကောင်းဆုံးဖြစ်လာမယ့် Game တစ်ခုပါ။ ဘာလို့အဲလိုပြောလဲဆိုရင် ဒီ Game မှာ တခြား Moba တွေနဲ့မတူဘဲ Feature အသစ်တွေ ထည့်ပေးထားပါတယ်။ ဒါ့အပြင် Graphic ကလည်း Over ဖြစ်တော့ ကြမ်းတယ်လို့တော့ပြောလို့ရတယ်။
Game က BR Mode တစ်ခုတည်းတင်မကဘဲ တခြား Mode တွေပါ ဆော့လို့ရပါသေးတယ်။ ဥပမာ Tower ချိုးပြီး လုတာမျိူးတွေလိုပေါ့။ အဲလို Mode ကြတော့ Moba Gameတွေနဲ့သွား တူနေပြီး အတော်ကွဲပြားသွားတာပါ။ နှစ်သင်းယှဥ်ပြိုင်ရတာဖြစ်ပြီး တစ်ဖက်ကို ၁၅ ယောက်အထက်ထိ အုပ်စုလိုက် ဗျင်းရတာဆိုတော့ 5v5 ထက်တော့ ကြမ်းတယ်လို့ပြောလို့ရတယ်။ သတ်မှတ်ချိန်က မိနစ် 40 ထိ ရှိပြီး Tower Point မပြည့်မခြင်း ဆော့ရမှာပါ။ ရန်သူ့ Tower ကိုချိုး ကိုယ့် Towerကို ထောင် ပြီးရင် Defense လုပ်ပြီး ကျန်တဲ့အဖွဲ့သားတွေက ဆက်တိုက်ရတာပါ။
ကြားထဲမှာ တောတိုးတာတွေ၊ Item စုတာတွေ လုပ်လို့ရပြီး စီးစရာတွေပါ ပေးထားတော့ Map ကလည်း တကယ် အကျယ်ကြီးပါ။ ခုပြောနေတာက BR မဟုတ်ဘူးနော် နောက်ထပ် ပုံစံသစ်နဲ့ Tower Moba Mode ကိုပြောတာ။
BR Mode ကတော့ ထုံးစံတိုင်း နောက်ဆုံးအသက်ရှင်သူက နိုင်တာပေါ့။ ဒီ Game မှာ ပိုစိတ်ဝင်စားစရာကောင်းတာက Stealth နဲ့ Parkour ဒီဇိုင်းတွေထည့်ပေးထားတာပါ။ အဲအချက်က တကယ်ကျေနပ်စရာကောင်းသလို Assassin's Creed လိုမျိုး အငွေ့သက်တောင် ပေးနိင်တဲ့ Game ပါ။ ရှိသမျှ အဆောက်အဦးတွေ၊ တံတိုင်းတွေကို ကျော်တက်လို့ရပြီး ထန်းပင်ပေါ်တွေကစ ရန်သူကို Stealth Action နဲ့ ချုံခို တိုက်လို့ရတယ်။ Weapon အနေနဲ့လည်း ကိုယ်ကြိုက်တာ ယူလို့ရသလို Skill တွေ Spell တွေကလည်း Level လိုက်စုရပါသေးတယ်။ ပြောရရင် Game တစ်ခုလုံးက တခြား BR Moba တွေထက် ပိုစိတ်ဝင်စားစရာကောင်းသလို စဆော့တဲ့လူတွေတွက်လည်း ခက်ခဲရှုပ်ထွေးနိုင်တယ်။
Graphic အနေနဲ့ကတော့ အတော်ကြည့်ကောင်းသလို Mid Phone တွေတောင် High Graphic ထိ Support ပေးတော့ သေချာပြင်ဆင်ထားတဲ့ Game လို့လည်း ပြောလို့ရတယ်။ Control ကလည်း တခြား Game တွေလို ပုံစံဆိုပေမယ့် နှိပ်ရတာလေးတွေတော့ နည်းနည်းများတယ်။ ဥပမာ ရန်သူနဲ့ ကြုံရင် အပို Item တွေက အတော်အရေးကြီးပါတယ်။ Camera က အဆင်ပြေပေမယ့် Fix မဖြစ်သလို ခံစားရတယ်။ ပြောရရင် Auto တွေ ဆော့တာများတော့ Battle တွေမှာ ကြောင်ကြောင်နေတာ အမှန်ဘဲ။ ဘေးဘက်တွေဘာတွေက အလစ်ဝင်ဝင်သုတ်ကြတာကို။
အဲတော့ အခု Version က Chinese ပါ။ Final Beta ဆိုတော့ အခုဆော့ရင် Guest Mode နဲ့ ဝင်ဆော့လို့ရပါတယ်။ Game က အစပိုင်းသာ ဘာမှန်းမသိနိုင်နိုင်ပေမယ့် နောက်ပိုင်းကြရင် ကိုယ့်ဟာကို Stunတွေ Slow တွေ ဘာမိလို့မိသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။ ဆော့ကြည့်သင့်လားဆိုရင်တော့ အကြံပေးပါတယ်။ တကယ်လည်း ဆော့ကောင်းတဲ့ Game ပါ။
===================
Android version = 6.0 +
Size = 1.40 GB
Type = Online
============
Ready....
Comments