LATEST NEWS

Fetching news...

Last Dawn

Last Dawn

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


•           ဒီ Game က အခုတလော Daily New ထဲမှာ ပေါ်ပေါ်နေတော့ တခြားသူတွေတွက် ဆော့သင့်လား မဆော့သင့်လားဆိုတာကို သတိပေးခြင်လို့ တင်လိုက်တာပါ။ ဘာလို့ဆို Game ရဲ့ Image တွေအရ အတော်လေးဆော့ကောင်းမယ့် ပုံပေါက်နေသလို RPG ဆန်တဲ့ View တွေကြောင့် ဆွဲဆောင်စေမှာတော့ အမှန်ဘဲ။ 


•           Admin ပြောရရင် ဒီ Game က ကောင်းတဲ့အပိုင်းလဲ ရှိသလို မကောင်းတဲ့ချက်တွေလည်း တွေ့ရတယ်။ Game က MMORPG အမျိုးစားဖြစ်ပြီး Zombie Apocalypse ပုံစံမျိုးနဲ့ ဖန်တီးထားတာပါ။ ဒီထဲမှာ ပိုထူးခြားသွားတာက Game က အခုခေတ် Image နဲ့ MMO ဖန်တီးထားတာဆိုတော့ တခြား Game တွေနဲ့မတူဘဲ အသစ်ဆန်းတော့ ဖြစ်စေမှာပါ။ Role 4 ခုပါဝင်ပြီး Gun တွေ Sci-Fi ဆန်တဲ့ လက်နက်တွေလည်း ပါသေးပါတယ်။ 




•           Graphic က အခုလက်ရှိ Game တွေနဲ့ ယှဥ်ရင်တော့ အတော်နောက်ကျနေပြီး Gameloft ရဲ့ MMORPG ခေတ်နဲ့ နင်လားငါလားဖြစ်နေတယ်။ ဒါကလည်း Mobile တစ်ခုအနေနဲ့မလို့ ပြောစရမရှိသလို အကြောင်းအမျိုးမျိုးကြောင့် Game ထုတ်တာ နောက်ကျသွားတာလဲ ဖြစိကောင်းဖြစ်နိုင်တယ်။ Mobile ရဲ့ MMORPG မှာ အမြင့်တွေ ဒီလောက်ထွက်ထားတော့ အခုဟာကို အားမရပေမယ့် Environment လေး လုပ်ထားတာကိုတော့ စိမ်းစိမ်းစိုစိုနဲ့သဘောကျတယ်။ 





•          အားမရစေမယ့် အပိုင်းကတော့ Game က ဘာမှလုပ်စရာမလိုအောင်ကို Auto တွေပါပါတယ်။ World ထဲမှာလည်း Zoom In/out ကလွဲရင် Camera လှည့်လို့မရပါဘူး။ Boss တွေနဲ့ ယှဥ်ဖိုက်ရင်တော့ Camera ချိန်းလို့ရတယ်။ MMO ရဲ့ ရိုးရာအတိုင်း Power တွေက ဒီထဲမှာ မြင့်ရင်မြင့်သလို Strong ဖြစ်မှာပါ။





•          အဲတော့ Game ရဲ့ Size ကလည်း အတော်ကြီးသလို ပေးသလောက်နဲ့ ကျေနပ်မှုမရမှာစိုးလို့ အခုလို တင်ပေးတာပါ။ ပုံလေးတွေကကြည့်ကောင်းနေတော့ တော်ကြာ အထင်မှားပြီး အကုန်ခံ Download လုပ်မိမှာစိုးလို့ပါ။ ဒီ Game ကို Admin သဘောမကျတာတော့ မဟုတ်ဘူး ဒါပေမယ့် တကယ်လို့ သင်သာ Graphic အမြင့်တွေကို ကိုယ့်ဖုန်းမှာ ထိတွေ့ဖူးရင်တော့ ဒီ Game က တိုးတော့မှာမဟုတ်ပါဘူး။ အဲတော့ အပျင်းပြေစမ်းကြည့်ခြင်တဲ့သူတွေတွက်သာ အဆင်ပြေမှာပါ။ ဒါပေမယ့် Android version လည်း တောင်းတာနည်းသလို Low Phone တွေတွက်လည်း အဆင်ပြေတယ်။ 




====================

- Android Version = 4.1 +

- Size = 1.7 GB

- Type = Online

- Developer = Capetown Games

==========================

Download Link
*****************


=============================

#Online_HELLO, #MMORPG_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...