Last Night At Horror Survival

0% COMMUNITY SCORE
LOADING...
RATE:


             ဒီ Game လေးက ပုံစံကြည့်တော့သာ သိပ်ကြောက်စရာမကောင်းဘူးလို့ ထင်ရပေမယ့် Jump Scare ကတော့ အတော်ကို ထည့်ထားတာပါ။ တစ်ခါလေ လူပါ ယောင်ယောင်ပြီး ထအော်မိတယ်။ တကယ်လို့ မအော်မိခဲ့ရင်တောင် ရင်တွေ တစ်ဒိန်းဒိန်းဖြစ်မှာ သေချာတယ်။ Horror game ဆိုတော့ ထုံးစံတိုင်း အလုပ်ပြန်ရင်း လမ်းမှာ အရိပ်လိုလို သရဲလိုလိုတွေ့ရင်း ကားက တခြားလမ်းတစ်နေရာကို ထိုးကျသွားတာပေါ့။ 



             အဲမှာ အိမ်အိုကြီးတစ်လုံးကို တွေ့ရင်း ဝင်သွားရာကနေ စတော့တာဘဲ။ Game က ကြည့်တော့သာ Shadow Lighting တွေနဲ့ Graphic ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တော့ အကုန်လုံးက Fake Shadow တွေပါ။ Textures ကို အရိပ်စစ်တွေလို ထင်ရအောင် လှည့်သုံးထားတော့ Reflection တွေနဲ့ Game က Realistic ဆန်သလိုဖြစ်နေတာပေါ့။ တစ်ခုကောင်းတာက အပေါ်ကပြောသလို Jump scare က မထင်တဲ့ ချိန်တိုင်း ပေါ်လာတော့ အတော်မိုက်တယ်။ အဲလို ပေါ်လာတဲ့ခါကြရင် အသံ Effect တင်မဟုတ်ဘဲ View ပါ Blur ပုံစံနဲ့ ဝါးတားတားဖြစ်သွားတော့ တကယ်တွေ့လိုက်ရသလို ဖြစ်အောင် ခံစားရတယ်။ 




            ဆိုးတာက GAME က ကျည်ကို သေချာ စနစ်တကျသုံးရတာပါ။ ပြီးတော့ Zombie က တစ်ကောင်တည်းဘဲ ထပ်နေတော့ အဲအပိုင်းက နည်းနည်းကြောက်စရာမကောင်းဘူး။ ကောင်းတာက အဲဒီ Jump Scare နဲ့ Fake Shadow တွေဘဲ။ ပြီးတော့ ကားစီယာတိုင် လှည့်တာတောင် လက်ခွပြီးလှည့်တာတွေပါတော့ သဘာဝကျတယ်လို့ မြင်မိတယ်။ 



===================

Android version = 5.0 +

Size = 54 MB

Type = Offline

=============





Ready.....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...