League Of Legend Wild Rift
• အခုဆိုရင် နှစ်နဲ့ချီပြီးစောင့်နေခဲ့ရတဲ့ GAME လေးဟာ Open Beta အနေနဲ့ ထွက်လာပါပြီ။ ဒီတစ်ခါတော့ အရင်လို VPN ကျော်၊ Invite ရတဲ့သူမှ ဆော့လို့ရတာမျိုးမဟုတ်တော့ဘဲ ကြိုက်တဲ့ Account နဲ့ ဝင်ဆော့လို့ရပါပြီ။ အဲလိုမှ မဟုတ် Playstore က ရမှ ဆော့ခြင်ရင်လည်း နည်းနည်းဘဲ စောင့်လိုက်ပါ။ Game က အားလုံးမျှော်လင့်ထားတဲ့တိုင်း ကျေနပ်စေမှာ အမှန်ဘဲ ။ Mobile MOBA ကို Level ထပ်မြင့်ပေးတဲ့ Game လေးဖြစ်တာကြောင့် ဘယ်သူမဆို မကြိုက်ရင်တောင် အနည်းဆုံး စမ်းဆော့ကြည့်သင့်တဲ့ Game ကောင်းတစ်ခုပါ။
• ဒီ Game လေးက သင် ဆော့ဘူးတဲ့ တခြား Mobile MOBA တွေထက် အတွေ့ကြုံသစ်တွေကို အများကြီးပေးမှာပါ။ ရိုးရှင်းတဲ့စနစ်မဟုတ်ပေမယ့် Challenge ဖြစ်စေတဲ့ Gameplay ဒီဇိုင်းတွေကြောင့် ဆော့ရတာ သာမန်ထက် အနိုင်ရလိုစိတ်တွေ ပြင်းထန်လာစေမယ့် Game တစ်ခုပါ။ ဘာလို့ဆို အစပိုင်းမှာ ရင်နှီးမှုမရှိလို့ ကိုယ်နဲ့ Champion တူ Level တူရဲ့ ရိုက်နပ်မှုကို ခံခဲ့ရရင် ဘာကြောင့် သူက ကိုယ့်ထက် သာသွားတာလဲ ၊ သူ့အသင်းက ဘာလို့ စည်းလုံးပြီး ဘယ်လို Combo မျိုးနဲ့ Map တစ်ခုလုံးကို အချိန်ကိုက် ကစားပြသွားတာလဲဆိုတာကို ဒေါသမထွက်ရင်တောင် မခံခြင်စိတ်နဲ့ လေ့လာမိစေမှာ အမှန်ဘဲ။ ဒါတောင် Last Hit တွေရဲ့ အားသာချက်တွေ မပါသေးဘူး။
• ဒီ Game မှာက Player တွေကို ဘယ်လောက်ထိ Battle နဲ့ ရင်းနှီးအောင်လုပ်ထားလဲဆိုရင် Bot Match တွေမှာတောင် Intermediate Level တွေက သင့်ကို Tower ထဲဝင်ရိုက်တဲ့ထိ Team Combo အမျိုးမျိုးကို တွေ့ကြုံရမှာပါ။ ပြောခြင်တာက ဒီ Game ရဲ့ AI Level တွေက သာမန်ဆော့ဖူးနေကြ AI တွေထက် အဆင့်မြင့်ပါတယ်။ AI ရဲ့ Tower ခိုးတာတွေကစ တိကျတာကြောင့် ကိုယ်က PvP မှာ မဆော့ရဲသေးရင် AI တွေနဲ့ Co-Op လုပ်ပြီး အတွေ့ကြုံရအောင်ဆော့ကြည့်ပါ။ တစ်ခါလေ PvP ထက်တောင် ပွဲကောင်းနေတတ်တယ်။
• Admin စိုးရိမ်နေတာက Map တအားမှောင်ရင် အများစုက တွန့်သွားကြမှာကိုပါ။ အခုတော့ Map Bright တိုးလို့ရတော့ ဘယ် Game ကဘဲ ကူးကူး ကြည့်ရတာ အဆင်ပြေနေလိမ့်မယ်။ ဒီ GAME မှာက အများကြီးပြောစရာ လေ့လာစရာတွေရှိပေမယ့် တကယ်သဘောကျမိစေမှာက Game က မျှမျှတတဖြစ်နေတာပါ။ ကိုယ်က ဘာ Skin ရထားလို့ Bonus ( + ) ပေးထားတာမျိုးတွေ မရှိပါဘူး။ ဘယ် အမှတ်သားတွေကို ဘယ်လောက်ထိတိုးရင် Battle မှာ ဘယ်လောက်သာမယ်ဆိုတာမျိုးတွေလဲ လုံးဝ မရှိပါဘူး။ Item , Spell , Rune အကုန်လုံးက တန်းတူ အသုံးပြုရတာဖြစ်တာကြောင့် ဘယ်သူက ပိုသာတယ်ဆိုတာမျိုး လုံးဝလုံးဝ မရှိပါဘူး။ ပြောရရင် ဒီ Game က သင့်ရဲ့ အရည်ချင်းကို ဘယ်အထောက်ပံ့မှမလိုဘဲ ကိုယ်တိုင် မျှမျှ တတ ကစားရမှာပါ။ ဟို Skin ကြီးရှိလို့ ရှိန်တာမျိုး၊ Level ဘယ်လောက်မြင့်ထားလို့ ကြောက်နေရတာမျိုးတွေ လုံးဝ ဖြစ်မှာမဟုတ်ပါဘူး။ သူတူ ကိုယ်တူ တန်းတူဖြစ်တာကြောင့် အရည်အချင်းနဲ့ Teamwork ကဘဲ စကားပြောသွားမှာပါ။ ဘယ် Squad Skin ကြီးနဲ့ဘဲလာလာ ဗြင်းသာဗြင်း။
• နောက်တစ်ခုက Recall မှာ Champions တစ်ကောင်နဲ့တစ်ကောင် Base ပြန်တာခြင်းမတူပါဘူး။ ပြောရရင် ပိုဆွဲဆောင်စေတာပေါ့။ ဟို Skin ရှိမှ ဒီ Skin ရှိမှ Base ပြန်တာပုံပြောင်းတာမျိုးမဟုတ်ဘဲ Original ကော Skin ကော နှစ်ခုလုံးက သူ့ Role နဲ့သူ လာတာပါ။ နောက် အသစ်ရောက်လာတဲ့ Seraphine ဆိုရင် Original မှာတောင် ဒီဇိုင်းအတော်လှတာပါ။ ပြီးတော့ ဒီ LOL မှာက Squad Skin တွေဆိုရင် ဥပမာ - KDA Skin တူတွေဆိုရင် 5 ယောက်စုံတိုင်း သူတို့ရဲ့ Music Secret Song လေးတွေ ပေါ်လာတာမျိုးတွေက Skin ဝယ်ရကျိုးနပ်စေမယ့် အရာတွေပါ။ ပြီးတော့ ဒီ Game ရဲ့ Champions Pick Menu တွေ ၊ Game ထဲဝင်တဲ့ Animation တွေက တခြား Game တွေနဲ့မတူဘဲ အားရစေလိမ့်မယ်။
• အဲတော့ GAME က အကုန်လုံးကို ပြောရင် လည်ပြီး ရှုပ်သွားမှာစိုးလို့ အခုမှ စဆော့တဲ့ သူတွေဆိုရင် Tutorial ဆော့ဖို့မပျင်းပါနဲ့။ Champion အသစ် တစ်ကောင်တောင် အလကားရမှာပါ။ Event နှစ်ခုနဲ့ Skin ကော Champions တွေကော စောင့်ကြိုနေတာကြောင့် အတွေ့ကြုံရအောင် ဆော့ကြည့်သင့်ပါတယ်။ Level အလိုက်လဲ နောက်ထပ် ရအုန်းမှာနော်။
• နားမလည်သေးရင်တောင် Game က ပြထားတဲ့ လမ်းအတိုင်း ကိုယ့်ဘာကို Tower Defence လုပ်ပါ။ Game က စပ်ပေးထားတဲ့ Item ပစ္စည်းတွေဘဲသုံးပြီး အရင်လေ့လာပါ။ Ward ခေါ် မီးတိုင်လေးတွေကိုလည်း ရှင်းတဲ့စနစ်ကော မြင်တဲ့စနစ်ကို Map တစ်ခုလုံးမှာ အသုံးဝင်အောင် ချုံထဲတွေမှာ ချထားပါ။ ကိုယ်က အဆင်မပြေဘူး သေချာဆော့ခြင်ပြီး ရင်းနှီးအောင်လုပ်ခြင်ရင် AI Match တွေကလည်း ခေတဲ့ ကစားပွဲတွေတော့ မဟုတ်ပါဘူး အတွေ့ကြုံရပါတယ်။ နောက်ဆုံးအရေးကြီးတာက Role တစ်ခုကို နားလည်အောင်အရင် ဆော့ပြီး AFK မဖြစ်စေဖို့ပါ။ အခုက Server ပြဿနာလေးတွေတွေ့ရတတ်တာကြောင့် Ban တဲ့ အချိန်ကို လျော့ထားတယ်ဆိုပေမယ့် လုံးဝ မလုပ်မိစေပါနဲ့။ ဒီ Game မှာပါတဲ့ Role တိုင်းက Support ကစ လုံးဝအားမငယ်စေပါဘူး။ Battle မှာ ဘယ်သူမဆို အသုံးဝင်တာကြောင့် ကိုင်ခြင်တဲ့ Champions တွေတောင် များနေလိမ့်မယ်။
• အဲတော့ အားလုံး ဆေးဆေးဆေးဆေးကစားရင်း GAME ရဲ့ အတွေ့ကြုံကို အထာကျတဲ့ထိ ရအောင်ယူထားကြပါ။ Riot ရဲ့ ရှေ့ဆက်မယ့် ခရီးက အများကြီးကျန်သေးပါတယ်။ ပြောစရာ အများကြီးရှိသေးပေမယ့် Game အရေတွက် များလာတာနဲ့အမျှ အသားကျကျဖြစ်သွားစေမှာပါ။ အဲတော့ League Of Legend : Wild Rift ကို သူငယ်ချင်းတွေနဲ့အတူတူ အခုဘဲ ဆော့ကစားကြဖို့ အကြံပေးပါတယ်။
⚠️ Admin က Acc သစ်မှာ ဘာ VPN မှမကျော်ဘဲ နောက်ထပ် ထပ်ဖွင့်လို့ရတာကြောင့် အကုန်လုံးအဆင်ပြေမှာပါ။ ဖြစ်နိုင်ရင် Google Account ကိုဘဲ သုံးပြီး ဝင်ကြပါ။ ⚠️
=====================
- Android Version = 4.4 +
- Total Size = 2.2 GB
- Type = Online
- Developer = Riot
==================
#Online_HELLO, #MOBA_HELLO, #HELLOYDB
Ready......
.
Comments