Legacy Of Heroes

0% COMMUNITY SCORE
LOADING...
RATE:


-         ထွက်ထားတာ သိပ်မကြာသေးတဲ့ Game လေးဖြစ်သလို Developer တွေရဲ့ Early Game လေးဆိုလည်း မမှားပါဘူး။ Game က PvP အမျိုးစားဖြစ်ပြီး အသင်း 3 သင်းနဲ့ A,B,C Location ပုံစံ  Point တွေရသလောက်စုရမှာပါ။ တစ်သင်းကို Player သုံးယောက်စီပါဝင်ပြီး ကိုယ်ကြိုက်တဲ့ Role နဲ့ တစ်ဖက်ရန်သူကို တိုက်ခိုက်ပြီး ကစားရမှာပါ ။ 


-         ကိုယ့်နေရာတွက် Defence လုပ်ရင်လဲ Point တိုးသလို တခြား Team ရဲ့ Location ကို သွားယူပြီးလည်း Point တွေ အပိုထပ်စုလို့ရပါတယ်။ အဓိကက ကိုယ့် နေရာလဲ သူများလက်ထဲမပါအောင် သူများနေရာကိုလည်း ကိုယ်က ရသလောက်ယူတတ်အောင်ဆော့ရမှာပါ။ Player 3 ယောက်ပါတော့ Team ညီရင် အရမ်းဗြင်းလို့ကောင်းပါတယ်။ ဥပမာ - Warrior တွေက ထိပ်က Defence လုပ်ပြီး အနောက်က Range တွေသာ ပစ်ချက်တည့်ရင် အသာလေးဘဲ။ 


-          Game က အနီးစပ်ဆုံးပြောရရင် First Person Shooter Game တွေလို PvP အမျိုးစားပါဘဲ။ ဒါပေမယ့် ဒီ Game က အခုခေတ်လို Gun တွေနဲ့မဟုတ်ဘဲ Medieval ခေတ်က ပုံစံကို First Person အနေနဲ့ ဖန်တီးထားတာပါ။ တစ်ယောက်ခြင်းစီမှာ သက်ဆိုင်ရာ Ability တွေပါသလို ပွဲကစားချိန်ကလည်း ၃ မိနစ်ဝန်းကျင်ဘဲ ရှိတာကြောင့် အချိန်ကုန်သက်သာစေတဲ့ Game မျိုးပါဘဲ။ 


-           ဒီ Game မှာ အားသာချက်နဲ့ လိုအပ်ချက် အသီးသီးရှိပါတယ်။ အားသာချက်ကတော့ Graphic နဲ့ Gameplay ပုံစံပါ။ အရမ်းကို Detail ဖြစ်ပြီး Console နီးပါး ဆင်တူအောင် ဖန်တီးထားတာတော့ အရမ်းမိုက်တယ်ပြောရမယ်။ အထူးသဖြင့် ဒီလို Low Size တွေမှာပေါ့။ Graphic နဲ့ပတ်သတ်ပြီး အရမ်း Smooth ဖြစ်သလို Effect တွေကလည်း အတော်အားရတယ်။ ပြီးတော့ Gameplay မှာက Ability နဲ့ ခလုပ်ခွဲထားတာကို သဘောကျတယ်။ ဆိုးတာက fps မငြိမ်သေးတာရယ် Control Smooth မဖြစ်တာရယ်ပါ။ ကြည့်ရတာ Early ဆိုတော့ Setting နဲ့ပတ်သတ်ပြီး အများကြီး မပါပါဘူး ။ အထူးသဖြင့် Control Setting မှာ ပြည့်ပြည့်စုံစုံနဲ့ Gameplay Smooth ဖြစ်သွားရင် အရမ်းကို ဆော့ကောင်းမယ့် Game ဆိုတာ မမှားဘူး။ ဘာဘဲဖြစ်ဖြစ် စမ်းဆော့ကြည့်သင့်တယ်လို့ ​အကြံပေးပါတယ်။ 




#LegacyofHeroes 

Developer : #HuleanStudios

=======================

- Android version = 4.4 +

- Size = 183 MB

- Total Size = 456 MB

- Type = Online

-------------------------





#Online_HELLO

#Action_HELLO

#HELLOYDB

===========

Ready....
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...