Legends Royale

0% COMMUNITY SCORE
LOADING...
RATE:


•             ဒီ GAME လေးက အခုမှ Early Access ဘဲရှိသေးပြီး Test အနေနဲ့ လိုအပ်ချက်တွေကော၊ သဘောကျတာတွေကော တွေ့ရတဲ့ Game တစ်ခုပါ။ ဒီ Game က ပြောရရင် Apex လိုမျိုးတောင် ခံစားမိတယ်။


•            FPS အမျိုးစားဖြစ်ပြီး Gameplay Mode ကတော့ တခြား Game တွေနဲ့ ကွဲတယ်။ ပွဲစပြီးဆိုကတည်းက ကိုယ်ကြိုက်တဲ့ သေနတ်ကို ရွေးလို့ရပြီး Guns အများစုကလည်း Level အလိုက် အလကားရပါတယ်။ Battle ထဲမှာ Armor item တွေ ကျည်ကဒ်တွေပါ ကောက်လို့ရပြီး ပြီးခါနီး Safe Zone ​သဘောမျိုးတွေပါ ပါသေးပါတယ်။ Map က PvP လို ကျည်းပေမယ့် ပွဲကြာရင် Zone လာတတ်တယ်။ 


•            Game ရဲ့ Character ဒီဇိုင်းတွေက Sci-Fi ဆန်သလို Cyber သမားတွေတွက် Robot Arm ပုံစံတွေပါတော့ သဘောကျစေမှာပါ။ ဒါ့အပြင် Character ပေါ်မူတည်ပြီးလည်း Gun ကိုင်တဲ့ပုံစံပြောင်းတာကြောင့် ဆော့ရတာ မဆိုးဘူးလို့ပြောရမယ်။ Wall တွေပေါ် တွယ်တက်လို့ရသလို အစက Admin တောင် Error ဖြစ်တယ်ထင်တာ။ Bullet Effect တွေလည်း ကြည့်ကောင်းသလို လျောထိုးတာတွေလည်း လုပ်လို့ရသေးတယ်။


•           Game က Money နဲ့ပတ်သတ်ပြီး တစ်မျိုးထဲလာတာကြောင့် ဘယ်ဟာမဆို ကိုယ်ကြိုက်တဲ့ Skin ကော Gun Upgrade ကော ဆော့ရင်ဆော့သလို ဝယ်လို့ရတယ်။ ပိုက်ဆံသုံးမှ ရမယ့် Game မျိုးမဟုတ်ဘဲ In Game မှာ ကြိုစားရုံနဲ့ ဝယ်လို့ရတော့ မဆိုးဘူးပြောရမယ်။ 


•            ခက်တာက Game က Test ဆိုတော့ လိုအပ်ချက်တွေ အတော်များသေးတယ်။ Bug တွေ တွေ့နေရပြီး တစ်ခါလေ Cheater လို့ထင်ရလောက်အောင် ပွဲဝင်ဝင်ခြင်း Lose သွားတာတွေ၊ ပွဲအစမှာတင် ထူးဆန်းစွာနဲ့ Zone တန်းဝင်လာတာမျိုးတွေပေါ့။ နောက်ပြီး လူဆော့နည်းတော့ Bot တွေဘဲ တွေ့နေရပြီး တစ်ခါလေ GAME ထဲကထွက်သွားတဲ့လူတွေက Freeze ဖြစ်နေတတ်တယ်။ နောက်ပြီး Color မကွဲသလို Auto မလို့သာ ရန်သူကို တန်းပစ်ပေမယ့် တကယ်လိုက်ရှာရင် ကိုယ့် Team သူ့ Team မှန်းတောင် ခွဲရခက်နေတတ်တယ်။ အဲတော့ လိုအပ်ချက်တွေများသေးတာကြောင့် အတွေ့ကြုံဖြစ် စမ်းကြည့်ခြင်တဲ့သူတွေတွက်ဘဲ အဆင်ပြေအုန်းမယ့် Game တစ်ခုပါ။





====================

- Android Version = 7.0 +

- Total Size = 368 MB

- Type = Online

- Developer = Ludos Game

======================

Download Link
*****************


=========================

#Online_HELLO, #FPS_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...