LiLi

0% COMMUNITY SCORE
LOADING...
RATE:


      ဒီတစ်ခါတော့ စိတ်အေးလက်အေးဆော့ရဖို့အတွက် LiLi နဲ့ အတူ စွန့်စားရတော့မှာပါ။ သုတေသနစာတမ်း အတွက်  လေ့လာရေးခရီးတစ်ခုကို ကိုယ်တိုင်ထွက်လာတာဖြစ်ပြီး Geos ဆိုတဲ့ ထူးဆန်းတဲ့ ကျွန်းကြီးတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ LiLi ရဲ့ ရည်ရွယ်ချက်က သူမရဲ့ စာတမ်းအတွက် ပန်းပင်တစ်မျိုးကို လိုက်ရှာနေတာပါ။ အဲကြောင့် ဒီ ကျွန်းပေါ်ကို ရောက်လာတာဖြစ်ပြီး ရောက်ရောက်ခြင်းမှာဘဲ ထူးဆန်းတာတွေ ကြုံခဲ့ရပါတယ်။




          ဝိညာဥ်ပေါင်းထားတဲ့ သစ်သားအရုပ်တွေနဲ့ စုံခဲ့ပြီး ဒီကျွန်းကြီးရဲ့ ဆန်းကြယ်မှုတွေကို စကြုံပါတော့တယ်။ ပန်းပင်နဲ့ပတ်သတ်ပြီး ထူးဆန်းတဲ့ မျိုးစိတ်တွေ အများကြီးရှိသလို ဒီ ကျွန်းကြီးပေါ်မှာလည်း ပြဿနာတစ်ခုကို ကြုံနေရပါတယ်။ အဲဒါကတော့ ဒီ ဝိညာဥ်တွေအကုန်လုံး ထိန်းချုပ်မှုအောက်မှာရှိနေပြီး ပိတ်မိနေကြတဲ့ သူတွေပါ။  ဘာကြောင့်ပိတ်မိနေပြီး ဘယ်သူက ထိန်းချုပ်နေတယ်ဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။ 




         Game က အကြမ်းဖက်တာတွေ၊ သတ်ဖြတ်တာတွေမပါသလို အေးအေးဆေးဆေးနဲ့ ကျွန်းကြီးတစ်ခုလုံး လျှောက်သွားလို့ရမယ့် Game မျိုးပါ။ ဒါပေမယ့် ဒီ Game မှာ လုယက်မှုလေးတွေပါပေမယ့် ဆော့ရတာ ပျော်စရာအရမ်းကောင်းပါတယ်။ ပန်းတွေရှာမယ် Task တွေလုပ်မယ်၊ ပြီးရင် ဒီကျွန်းကြီးရဲ့ နောက်ကွယ်က အကြောင်းရာကို ဖော်ထုတ်ကြမယ်။ Adventure ကိုမှ Open World ဆန်ဆန်နဲ့ RPG ပေါင်းထားတော့ ဆော့ရတာ သဘောကျစေမှာပါ။ Graphic အနေနဲ့လည်း ပုံမှန်အနေထားမှာ ရှိပြီး Environment ဖန်တီးထားတာက တကယ်ကို သဘာဝကျပြီး လှပသလို ဆော့ရင်းနဲ့ စိတ်ချမ်းသာစေမယ့် Game အမျိုးစားပါ။ 




⚠️ Zip ဖြည်ပြီးတာနဲ့ App နှစ်ခုကိုတွေ့ရမှာဖြစ်ပြီး တစ်ခုက Amazon ၊ နောက်တစ်ခုက Game ပါ။ Apk Only ဘဲဖြစ်တာကြောင့် ဖိုင်ထည့်စရာတွေမလိုပါဘူး။ Zip ထဲက App နှစ်ခုလုံးကို Install တင်ထားရုံပါဘဲ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ⚠️


===================

Android version = 4.2 +

Size = 490 MB

Type = Offline

============


Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...