Lineage 2 M



              မနေ့က Update မှာတင် English Patch ကို ထပ်ထည့်ပေးလိုက်တာဖြစ်ပြီး အခု English version နဲ့ ဘယ် VPN မှ ခံစရာမလိုတော့ပါဘူး။ Game က MMORPG အမျိုးစားဖြစ်ပြီး Lineage Revolution ကို ဆော့ဖူးသူတိုင်း ဒီ Game ကို ပိုသဘောကျကြမှာပါ။ ဒီ Developer က မကြာသေးခင်က ထွက်ထားတဲ့ Blade & Souls Revolution ကို ထုတ်လုပ်ခဲ့သူပါဘဲ။ ပြောရရင် ဒီ game က အတော် Popular ဖြစ်ရုံတင်မကဘဲ Korea version မှာတင် ကစားသူပေါင်း များစွာရှိပါတယ်။ Server တွေလည်း ခွဲပေးထားတာကြောင့် Server Full သွားရင်တောင် စိတ်ပူစရာမလိုပါဘူး။ 




                Game ရဲ့ ဇာတ်ကြောင်းကို ပြောရရင် အဓိကကတော့ သင်ပါဘဲ။ Etis က အဓိက ရန်သူတော်ကြီးဖြစ်ပြီး Giran တိုင်းပြည်ကို ဖျက်ဆီးဖို့တွက် စစ်ချီလာခဲ့ပါတယ်။ အဲချိန်မှာ Leah တို့က တိုင်းပြည်ရဲ့ အဖြူရောင်စွမ်းအင်တွေကို အမွေဆက်ခံဖို့တွက် သင့်ကို ဆင့်ခေါ်ခဲ့တာပါ။ သင်ရောက်ရောက်ခြင်းမှာဘဲ တိုင်းပြည်က အတော် ပျက်ဆီးနေခဲ့ပြီး ပြန်လည်ခုခံဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲချိန်မှာ Etis ကြီးလည်း ရောက်ချလာတော့ အခြေနေတွေက ထင်ထားတာထက် ပိုဆိုးကုန်တာပေါ့။ ဒါပေမယ့် Leah တို့က သင်ဟာ အနာဂတ်ရဲ့ မျှော်လင့်ချက်ဖြစ်တာကြောင့် Talking ကျွန်းဆီကို ခေါ်သွားခဲ့ပါတယ်။ အဲမှာဘဲ သင့်ရဲ့ ဇာတ်လမ်းက စတင်လာခဲ့တာပါ။ အသစ်ရောက်လာဆိုတော့ နောက်ထပ် တိုက်ပွဲတွေတွက် ပြင်ဆင်ရတော့မှာပေါ့။ 





              Game က Character မျိုးစုံပါဝင်ပြီး Elf တင်မဟုတ်ဘဲ Dark Elf တွေပါ ထည့်ပေးထားပါတယ်။ ဆိုးတာက Character Face နဲ့ Body Detail ပြင်လို့မရပါဘူး။  သတ်မှတ်ထားတဲ့ ဇာတ်ကောင်ကိုဘဲ တန်းယူလို့ရမှာပါ။ ဒါပေမယ့် ကိုယ်က ဘယ်လက်နက်နဲ့ဘဲ ယူယူ GAME ထဲရောက်ရင် Class ပြန်ခွဲပြီး ကြိုက်တာ ထပ်ပြောင်းကိုင်လို့ရတယ်။ အဲအချက်ကိုတော့ Admin သဘောကျသလို Face အနေနဲ့လည်း ချောကြပါတယ်။ အထူးသဖြင့် Elf တွေကတော့ Sweet Sound စနစ်ပါတယ်လို့ ပြောတာဘဲ။ 




              Game က တခြား MMORPG တွေလို့ Auto Quest တွေပါပေမယ့် Quest အားလုံးတော့ Autoတွေ မဟုတ်ပါဘူး။ တစ်ချို့ Quest တွေက ကိုယ်တိုင်သွားရတာဖြစ်ပြီး Teleport တောင် လုပ်လို့မရပါဘူး။ Main Task တွက် Teleport Free တွေ ပေးထားပေမယ့် တစ်ချို့နယ်မြေတွေမှာတော့ ပိုက်ဆံပေးရတာရှိသလို Teleport ကန့်သတ်ထားတဲ့ နယ်မြေတွေလည်း ပါပါတယ်။ အဲတော့ Teleport Card တွေကို သိပ်မဖြုန်းဘဲ အကျိုးရှိစွာသုံးပါ။ 




             ဘာလို့အဲလို ပြောလဲဆိုရင် Quest လုပ်လို့ ရန်သူကိုသွားတိုက်တဲ့အခါကြရင် ကိုယ့်စီမှာ HP ကုန်သွားတာဖြစ်ဖြစ် Bow ကိုင်တဲ့လူတွေဆိုရင် Arrow ကုန်သွားတာဖြစ်ဖြစ် အတော်ဂွကြပါတယ်။ အဲချိန်ကြရင် Teleport က တကယ်အရေးပါတာဖြစ်ပြီး သေဖို့အခွင့်ရေးနည်းပါတယ်။ Game က တခြားဟာတွေလို Skill တွေ Spell လှလှ တွေကို ဦးစားပေးတာတော့မဟုတ်ပါဘူး။ Level အလိုက် Skill Unlock ဖြစ်တာမဟုတ်ဘဲ Skill Book တွေကို Market တွေမှာ လိုက်ဝယ်ရတာပါ။ အဲတော့ Skill အသစ်ဆန်းသုံးခြင် Gold ပိုစုရမှာပေါ့။ 




             Game က Auto Combat ပါပေမယ့် Auto Skill မပါပါဘူး။ Skill က ကိုယ်တိုင် သုံးရတာ​ဖြစ်တာကြောင့် ကိုယ့် HP နဲ့ Damage ကို သေချာ ချိန်စပြီးမှ ဆော့ကြပါ။ Admin ကတော့ Skill ထက် Upgrade လုပ်တာကို ဦးစားပေးတယ်။ အဲဒါက တကယ်လို့ ကိုယ်က မအားရင်တောင် Auto Combat နဲ့ Level တက်အောင်လုပ်ထားလို့ရတယ်။ အဲလိုချိန်ကြရင် HP ပုလင်းတွေကို ဝယ်ဖို့ မနှမြောပါနဲ။Armor နဲ့ Weapon တွေ Upgrade လုပ်တဲ့နေရာမှာ တစ်ခုသတိထားစေခြင်တာက တအားကြီးဇွတ်မမြင့်ပါနဲ့။ ဇွတ်မြင့်လို့ Fail သွားရင် Item ပါ အဆုံးပါ။ Admin ဆို အဲတုန်းက အတော်တိုင်ပတ်သွားတယ်။ Level က အဓိဖြစ်သလို Level 40 ကျော်ရင်လည်း Boss တွေကို Party နဲ့ ပျော်ပျော်ကြီးတိုက်လို့ရပါတယ်။ Lineage က PvP ကို အကြီးကြီးလုပ်ပေးတတ်တာကြောင့် ခု Game မှာလည်း Boss ကို အုပ်လိုက်ကြီး ဗျင်းရမှာပါ။ Clan တွေလည်း ဖွဲ့လို့ရသလို Clan Member တွေစုံဖို့တွက် နေရာသက်သက်ပါ ထည့်ပေးထားပါတယ်။  


              Game က အရင်က Lineage Revolution မှာ Tow View ပုံစံနဲ့ကစားခဲ့ရပြီး အခု Lineage 2 M မှာတော့ Third Person View တွေနဲ့ 360° Camera တွေပါ လည့်လို့ရလာပါပြီ။ Admin အကြိုက်ဆုံး View ကတော့ Shoulder View ပေါ့။ ကြည့်ရတာ Action ဆန်သလို ခေါင်လည်းမမူးဘူး။ နောက် Graphic က Unreal Engine သုံးထားတာကြောင့် ကြည့်ကောင်းနေတာတော့ အမှန်ပါ။ မြှားတွေ ကိုယ်ပေါ်စိုက်နေတဲ့ထိ Detail ဖြစ်တာကြောင့် မဆိုးဘူးလို့ပြောရမယ်။  


            ဒီ GAME က Mid Phone တွေတောင်  Graphic Medium နဲ့ ဆော့ရတာ အတော်အဆင်ပြေပါတယ်။ Low Graphic နဲ့ဆော့ရင်တော့ fps လျော့တာမျိုး မရှိတော့ပါဘူး။ Game က Low Graphic ကြီးနဲ့ဆော့လို့ Effect တွေ လျော့မသွားပါဘူး။ အဓိက လျော့ချလိုက်တာက Textures Resolution ပါ။ အဲတော့ Quility နဲ့ Performance ကို ကိုယ်နှစ်သက်သလို ချိန်ပြီးဆော့ကြပေါ့။


              ချုံပြောရရင် Lineage ရဲ့ New Version ဖြစ်တာကြောင့် ဆော့ကြည့်သင့်တယ်လို့တော့ ထင်တယ်။ တခြားပြောစရာတွေ များကြီးရှိသေးပေမယ့် ကစားရင်းနဲ့ နားလည်သွားပါလိမ့်မယ်။ English Patch ဆိုပေမယ့် Full တော့မဟုတ်သေးပါဘူး။ ဒါပေမယ့် Quest တွေက ဘာသာပြန်ပြီးသားဆိုတော့ အဆင်ပြေတယ်။ 


           ⚠️ Game က Download Size က 1.3 GB ရှိပေမယ့် အထဲကြရင် 4.2 GB ထိ ထပ် Download လုပ်ရပါမယ်။ Total အနေနဲ့ကတော့ 5.6 GB ထိရှိပါတယ်။ Extra File မဟုတ်တော့ Storage သက်သာတယ်လို့ ပြောရမှာဘဲ။ ⚠️


===================

Android version = 7.0 +

Size = 1.3 GB

Total Size = 5.6 GB

Type = Online

============





Ready........

Comments

လူကြည့်အများဆုံး GAMES