Lovelink

0% COMMUNITY SCORE
LOADING...
RATE:


         မနက်ကမှ Official Release ထွက်လာတဲ့ Game လေးဖြစ်ပြီး FA တွေ SG တွေတွက်တော့ လုံးဝ သဘောကျစေမယ့် Virtual Romance Game လေးပါ။ တကယ်ပြောတာနော် ဒီထဲမှာမှ ရည်းစားမရရင် တစ်သက်လုံး Super FA သာ စာရင်းသွင်းထားလိုက်တော့။ ဒီ Game မှာဆိုရင် အချောအလှပေါင်း အယောက် ၆၀ ကျော်ထိပါဝင်ပြီး တစ်ယောက်ခြင်းစီမှာလည်း ကိုယ်ပိုင် Lifestyle အမျိုးမျိုးနဲ့ သဘာဝကျကျ ကစားသူကို ရင်ခုန်အောင် ဆွဲဆောင်နိုင်တဲ့ Game ပါ ။


        Game က ယောကျ်ားလေးကော မိန်းကလေးကော သဘောကျစေမှာပါ။ ဒါပေမယ့် အသက် ၁၆ နှစ်အထက်တွေဘဲ ဆော့ကြဖို့ သတိပေးခြင်ပါတယ်။ ဘာလို့ဆို တစ်ချို့ စာသားတွေက Hot တအားဖြစ်လွန်းလို့ပါ။ ဒီ Game ကို Admin သဘောကျတာက Game က Character ပေါ်မူတည်ပြီး အဖြစ်ပျက်ပေါင်းစုံကို တွေ့ရတာမျိုးပါ။ မိန်းကလေးတွေဆိုရင် Gym ကစားတဲ့ Boy တွေ၊ Supernatural ဆန်တဲ့ Vampire လေးတွေကော အစုံစုံတွေ့ရမှာပါ။ အဲလိုဘဲ Boy တွေတွက်လည်း Streamer Girl တွေ၊ Royal ဆန်တဲ့ ကောင်မလေးတွေ၊ Supernatural တွေကို စိတ်ဝင်စားတတ်တဲ့ Sexy Type အစုံတွေ့ရမှာပါ။ ပိုစိတ်ဝင်စားစေမှာက Dialog တွေက တစ်ယောက်နဲ့ တစ်ယောက် မထပ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင် အကြောင်းရာပေါ်မူတည်ပြီး  စကားအသွားအလာ ပြောပေးတာပါ။ ဥပမာ - Streamer ဆိုရင် game လောကနဲ့ပတ်သတ်ပြီး တွေ့ရတာမျိုးတွေပေါ့။ Water ရောင်းတဲ့ ကိစ္စတွေတောင် ပါသေးတယ်။ သိတဲ့သူတွေ သိမှာပါ။ 




         ပြီးတော့ Dialog တွေက ခေတ်လည်းမှီသလို Crush တစ်ယောက်က ကိုယ့်ကို ပြန်ကြိုက်လာအောင် ဘယ်လို Chat ရမလဲဆိုတာကစ လေ့လာလို့ရမယ့် Game ပါ။ Choice စနစ်နဲ့ဆိုတော့ ကိုယ်ရဲ့ ဖွန်ကြောင်နိုင်စွမ်းကလည်း မြင့်မှ အဆင်ပြေမှာပါ။ တအားကြီးလဲ serious ဖြစ်စရာမလိုသလို အရိပ်ပြလို့ အကောင်မမြင်အောင်လည်း တုံး စရာမလိုဘူး။ Game က Informal Language တွေသုံးတာဖြစ်တာကြောင့် English ကိုမှ ခေတ်နဲ့အညီ လေ့လာခြင်ရင် ဗန်းစကားတွေကစ ပါဝင်ပြီး အထောက်ကူပြုစေမယ့် Game ကောင်းလေးပါ။ တစ်ခုတော့ရှိတယ် သူတို့ Online တက်တဲ့ခါမှ စကားပြန်ရတာမျိုးဆိုတော့ သဘာဝကျတာပေါ့။ တစ်ချိန်လုံး စကားပြောနေစရာမလိုဘူး။ နောက်ပြီး ဂျီးလဲမများနဲ့။ အရွေးလွန်ရင် ဒီထဲမှာပါ FA ဖြစ်သွားမယ်။ 
 
💜💜💜💜💜💜💜💜💜

Android version = 5.1 +

Size = 70 MB

Type = Online

❤️❤️❤️❤️❤️❤️





Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...