Marvel Duel



          PvP Card game အမျိုးစားတစ်ခုပါ။ Card game ဆိုပေမယ့် အထင်တော့သေးလို့မရပါဘူး။ Size အနေနဲ့လည်း များသလို သုံးထားတဲ့ Graphic တွေ Character Detail တွေကလည်း အမိုက်စား Effect တွေနဲ့ တွေ့မြင်ရမယ့် Game တစ်ခုပါ။ Card game ဆိုတော့ Strategy ဆန်သလို Card ရဲ့ Attack , Defence တွေကိုလည်း လည်လည်ဝယ်ဝယ်ဖြစ်နေမှ အဆင်ပြေမှာပါ။ 




            Game က PvP ထည့်ပေးထားသလို Rank စနစ်တွေပါ ဆော့လို့ရပါသေးတယ်။ တကယ်လို့ ကိုယ်က PvP ပျင်းသွားရင် Challenge Mode တွေ Adventure Mode တွေမှာ သွားကမြင်းလို့ရပါတယ်။ ပြောလို့သာပြောသာ အဲဒီ Adventure Mode က ပိုတောင် Hard ဖြစ်တယ်ထင်တယ်။ 


            Card Game ဆ်ိုတော့ Table ပေါ်က Card လေးတွေ တစ်ခုနဲ့တစ်ခု တိုက်သွားတာလေးတွေဘဲ တွေ့ရမှာပေါ့။ မဟုတ်ပါဘူး ဒီ Marvel Dual Game က Card အချင်းချင်းထိပြီး တိုက်ရုံတင်မကဘဲ Card ထဲက သက်ဆိုင်တဲ့ Character တွေကပါ ရုပ်လုံးကြွပြီး တစ်ဖက် Card ကို ဗျင်းတာပါ။ Heroe Characters ပေါင်း 150 ကျော်ထိရှိပြီး အပြိုင်Uni ရဲ့ Heroes တွေကစ ပါဝင်ထားပါသေးတယ်။  Last Survive မှာ ကျန်ခဲ့တဲ့သူက Main Hero ကနေ Action ဆန်ဆန် ချတဲ့ တိုက်ကွက် အခန်းတွေပါ ပါဝင်သေးပါတယ်။ 




            Marvel ပရိတ်သတ်တွေကတော့ သဘောကျကြမှာပါ။ ဘာလို့ဆို Admin တောင် Miles ရဲ့ Venom Red ပုံစံကြီးမြင်တော့ ကြောင်တောင်ကြောင်သွားသေးတယ်။ ပြီးတော့ Comic ထဲက ကိုယ်တွေမသိတဲ့သူတွေတောင် အများကြီးထည့်ပေးထားသေးတယ်။ Game က Battle မှာ ကိုယ်မသုံးခြင်တဲ့ Card တွေ ပြန်ရောင်းလို့ရတော့ မဆိုးဘူးပြောရမယ်။ Counter Attack တွေပါတဲ့ Card တွေလဲရှိသလို Support ကြမ်းတဲ့ Card တွေလည်း အရမ်းမိုက်တယ်။ ချက်ခြင်းကြီးတော့ နားလည်ဖို့ရာခက်ပေမယ့် တဖြည်းဖြည်းခြင်းတော့ အသားကျသွားမယ့် Game ကောင်းတစ်ခုပါ။ 




===================

Android version = 6.0 +

Size = 1.04 GB

Type = Online

============





Ready......

Comments

လူကြည့်အများဆုံး GAMES