MARVEL Relam Of Champions

0% COMMUNITY SCORE
LOADING...
RATE:


           ဒီနေ့ဘဲ Beta Test ထွက်လာတာဖြစ်ပြီး Marvel fan တွေတွက်တော့ သဘောကျစေမယ့် Game ကောင်းလေးပါ။ ဘာလို့ဆို အရင် MARVEL Game တွေနဲ့မတူပါဘူး။ Gameplay ပုံစံအသစ်နဲ့ ထွက်လာရုံတင်မကဘဲ စိတ်ဝင်စားစရာကောင်းတဲ့ Story Background နဲ့ပါ သဘောကျသွားစေမှာပါ။

 
            Game က မတူညီတဲ့ အချိန်တစ်ခုကို နေရာယူထားပြီး တခြား ကမ္ဘာတွေနဲ့မတူတဲ့ ဖြစ်တည်မှုပုံစံနဲ့ ပုံဖော်ထားတဲ့ Battleworld ဆိုတဲ့ ကမ္ဘာကို အခြေခံထားတာပါ။ အဲမှာရှိတဲ့ စစ်သည်တွေဟာ သူတို့နယ်မြေကို တိုးတတ်အောင်လုပ်ရင်း ဆင့်ကဲပြောင်းလဲမှုပုံစံတွေနဲ့ စွမ်းအားရှင်အုပ်စုတွေ အများကြီးပြောင်းလဲပေါ်ပေါက်လာခဲ့ပါတယ်။ 


           ဒါပေမယ့် အဲဒီ ကမ္ဘာကို မကောင်းတဲ့ဘက်မှာရှိတဲ့ Hulk က သူ့ရဲ့ စွမ်းအင်တွေနဲ့ ဖြစ်တည်မှုကို ထိန်းချုပ်ခဲ့ပြီး သူ့ရဲ့ လက်အောက်ခံ Battleworld အဖြစ်ပြောင်းလဲခဲ့ပါတယ်။ သူရဲ့ ကိုယ်ပိုင် စည်းမျဥ်းတွေနဲ့ အုပ်ချုပ်စေခဲ့ပြီး ကွဲထွက်နေတဲ့ အုပ်စုမှန်သမျှကို နိုင်ငံတော်အင်ပါယာ အဖြစ်နဲ့ ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ Level တူလာတဲ့ စွမ်းအားရှင်မှန်သမျှကိုတော့ အကုန်တိတ်တစိတ် သတ်ပစ်တာပါ။ 




           ဒီလိုနဲ့ ကြာလာတော့ သူ့ရဲ့ ထိန်းချုပ်မှုတွေဟာ တဖြည်းဖြည်း ယိုင်နဲ့လာခဲ့ပါတယ်။ ပိုဆိုးတာက ထူးဆန်းစွာနဲ့ အသတ်ခံခဲ့ရပြီး ဘယ်သူဘယ်ဝါဆိုတာကို တရားခံမပေါ်ခဲ့ပါဘူး။ စည်းမရှိတော့တဲ့ အင်ပါယာဖြစ်ခဲ့ပြီး နယ်မြေတွေပေါ်မူတည်ကာ အာဏာနဲ့ ကြီးစိုးမှုတွေဟာ အုပ်စုတစ်ခုခြင်းစီတိုင်း ထကြွလာခဲ့ပါတယ်။ အဲဒါကြောင့် Tony Stark ဦးဆောင်တဲ့ အုပ်စုက Global Conflict ကြောင့် နယ်မြေတွေအကုန်ပျက်စီးသွားမှာကို စိုးရိမ်နေခဲ့ပါတယ်။ ပြီးတော့ ဒီ အဖြစ်ပျက်တွေဟာ တိုက်ဆိုင်မှုတစ်ခုထက်ပိုနိုင်ပြီး အင်အားကြီးအုပ်စုတစ်စုက ကြိုးကိုင်နေနိုင်တယ်လို့ သံသယဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီ Battleworld ကမ္ဘာကြီးက သင့်ရဲ့ ရွေးချယ်မှုပေါ် မူတည်နေပါတယ်။ သင်ဟာ ဆင့်ခေါ်ခံခဲ့ရပေမယ့် ကိုယ်နေခြင်တဲ့ အုပ်စုကို ရွေးချယ်နိုင်သလို အဲဒီအုပ်စုကလည်း စစ်မှန်တဲ့ နယ်မြေဖြစ်ဖို့ လိုပါတယ်။




            Game က 3v3 ဖြစ်တဲ့ Brawls ပုံစံ Arena Conquest တင်မကဘဲ Stronghold Mode ပါ ပါသေးပါတယ်။ 3v3 က အစပိုင်းမှာ Bot တွေဖြစ်ပေမယ့် နောက်ပိုင်း Versus ပြောင်းသွားရင် Real Player တွေနဲ့ တွေ့ရမှာပါ။ အလွယ်ပြောရရင် Tower ဖြိုတာမျိုးဖြစ်ပေမယ့် နည်းနည်း ဒီဇိုင်းဆန်းပါတယ်။ Player အကုန်လုံးအစကတည်းက ကိုယ်ကြိုက်တဲ့ Role ကို ကိုင်နိုင်ပြီး Hero Role တစ်ကောင်ခြင်းစီတွက်ဘဲ Battle Rating သတ်မှတ်တာပါ။ Gameplay ပုံစံက Battle Map အလယ်မှာ Capture စနစ်ကို Time နဲ့သတ်မှတ်ထားပြီး အဲဒီ Capture ရမှ ရန်သူရဲ့ Tower Defence က ထိုးကျသွားမှာပါ။ မဟုတ်ရင် Tower ပုံစံ Defence က ကစားသမားတွေကို ကန်ထုတ်ပါတယ်။ အဲဒီကြားထဲကမှ 3v3 ဆိုတဲ့တိုင်း အကုန်ဗျင်းကြရတာပေါ့။ ပြီးတော့ Skill လည်းလိုပါတယ်။ ဘာလို့ဆို Map ရဲ့ Wall တွေက Basic Attack တွေ Straight Ability တွေဆိုရင် Block ဖြစ်တယ်။ အဲတော့ အချိန်တိုလေးတွင်း ကစားကွက်မိမိ ဆော့ရမှာပါ။ 


            ကျန်တဲ့ Stronghold ကလည်း Real Player တွေနဲ့ဘဲ ကစားရမှာပါ။ ဒါပေမယ့် တစ်သင်းတည်းကစားရမှာဖြစ်ပြီး Crystal ကို Defence လုပ်ပြီး ပူးပေါင်းကစားရမှာပါ။ Level မြင့်တာနဲ့ အမျှ လွယ်တော့မလွယ်ဘူး။ Game က အခုမှ Test ဆိုတော့ Bug တွေ fps လျော့တာတွေ ကြုံနိုင်ပါသေးတယ်။ Heroes ရဲ့ Armor တွေက တပ်ဆင်တဲ့အတိုင်း ပုံပေါ်တာကြောင့် Customize လုပ်ရတာ သဘောကျစေမှာပါ။ 


             ပြီးတော့ Game က Quest လုပ်ရင်းနဲ့ Hero 5 ယောက်တောင် အလကားရမှာပါ။ တခြား Armor အကောင်းစားတွေကောပေါ့။ Admin အနေနဲ့ပြောရရင်တော့ Marvel Fan တွေဆိုရင် ဆော့ကြည့်သင့်ပါတယ်။ ဘာလို့ဆို ဒီထဲမှာ ပါတဲ့ ဇာတ်ကောင်တွေအကုန်လုံးက ကိုယ်သိထားတဲ့ Heroes တွေနဲ့ ကွဲထွက်နေတာပါ။ အဲတော့ အကုန်အသစ်ဆန်းတွေကြီးဖြစ်နေမှာပေါ့။ Doctor Strange တို့ Blackpanther တို့ဆိုရင် Female တွေနော်။ ပြီးတော့ Skill တွေကလည်း ဆိုးတော့မဆိုးဘူး Role အလိုက် တော်တော် Strong ဖြစ်တယ်။ အဲတော့ ဆော့ကြည့်သင့်တယ်လို့တော့ ပြောခြင်ပါတယ်။


===================

Android version = 8.0 +

Size = 839 MB

Total Size = 1.2 GB

Type = Online

============




============

Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...