LATEST NEWS

Fetching news...

Metel

Metel

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS:


       ဒီနေ့ ကျွန်တော် အိမ်ကို စောစောပြန်ရမယ်။ နှင်းမုန်တိုင်းလည်းရှိတော့ နောက်ကျနေလို့မဖြစ်ဘူး။ ဆိုးတာက ကျွန်တော် ပြန်မယ့်လမ်းက တောအုပ်တွေနဲ့ မှောင်မဲနေတာဘဲ။ လမ်းမီးတိုင်လေးရှိတော့ နည်းနည်းတော့ စိတ်သက်သာတာပေါ့။ အဲချိန်မှာ ကျွန်တော် ရုတ်တရက် ခံစားမိတာက တစ်ယောက်ယောက် ကျွန်တော့်ကို စိုက်ကြည့်နေသလိုခံစားရတယ်။ ကြက်သီးတွေလည်း ထလာတော့ ကျွန်တော်လည်း ခပ်သွက်သွက်လျှောက်တာပေါ့။ 


         အဲမှာ ကျွန်တော့်နောက်က တစ်ယောက်ယောက်လိုက်လာသလိုခံစားရတယ်။ နောက်လှည့်ကြည့်တော့ အမှောင်ထဲမှာ မျက်လုံးတစ်စုံကိုတွေ့တယ်။ အခြေနေမဟန်ဘူးထင်တာနဲ့ ကျွန်တော် ပြေးမယ့် အလုပ်မှာ အုန်းကနဲ့ ကျွန်တော့်ခေါင်းကို ဖြတ်ရိုက်ခံလိုက်ရတယ်။ ကျွန်တော်နိုးလာတော့ အခန်းလေးထဲကို ရောက်နေတယ်။ သံလှောင်အိမ်ထဲထည့်ထားပြီး လျှပ်စစ်ပါ ရှော့တိုက်ထားတာ။ အဲတော့ ကျွန်တော်ရောက်နေတဲ့နေရာက သာမန်တော့မဖြစ်နိုင်သလို ဒီကနေ လွတ်အောင်လည်း ကျွန်တော်ကြံရတော့မယ်။ 




         Game က Horror အမျိုးစားဖြစ်ပြီး စိတ္တဇလူသတ်သမားရဲ့ အကွက်မိမိ ထောက်ချောက်တွေကြားက လွတ်အောင်လုပ်ရမှာပါ။ Game က ကလေးတွေဆိုရင် မလွတ်နိုင်ပါဘူး။ ဘာလို့ဆို Puzzle ပိုင်းလေးတွေက လူကြီးအတွေးနဲ့မှ အဆင်ပြေစေမယ့် Game ပါ။ Admin လည်း မလွတ်သေးဘူးဆိုတော့ ကလေးပေါ့ ။ အဲတော့ ဒီ Game ကနေ လွတ်အောင်မဆော့နိုင်ရင် အကုန် ကလေးဘဲ ။ 




         Graphic က Horror ဆိုပေမယ့် တကယ်မိုက်ပါတယ်။ Realistic ဆန်သလို ပစ္စည်းရှာရတာလည်း အုန်းနည်းနည်းစားတယ်။ ပိုဆိုးတာက အသံထွက်ရင် လူသတ်သမားက ပြန်လာတာပါ။ GAME က ကြောက်စရာကောင်းတာထက် စိတ်လှုပ်ရှားတာရယ်၊ အုန်းစားတာရယ်က စိန်ခေါ်မှုရှိတာပါ။ အဲတော့ Rating 5 မှာ 4.7 ထိရထားတော့ တကယ်ကို လူကြိုက်များတဲ့ Game ကောင်းလေးပါ။ 


==================

Android version = 4.1 +

Size = 77 MB

Type = Offline

============






========

Ready......
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...