MIR4 Mobile

0% COMMUNITY SCORE
LOADING...
RATE:


•           ဒီနေ့မနက်ကမှ ထွက်လာတဲ့ Game တစ်ခုဖြစ်ပြီး စစဝင်ခြင်းမှာတင် လူစောင့်ရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ Game က  MMORPG အမျိုးစားဖြစ်ပြီး Nex-Generation Mobile Graphic ကို ပိုင်ဆိုင်ထားတာပါ။ ပြောရရင် ဒီ Game က South Korea တွက်သာ ဖြစ်နိုင်ပြီး In Game Culture တွေအရ Korea ရာဇဝင်အတိုင်း K Drama လို ဇာတ်အိမ်တည်ထားတာပါ။ ပြီးတော့ နာမည်ကြီး Korea မင်းသမီးဖြစ်တဲ့ Seo Ye-ji ကပါ ပါဝင်အားဖြည့်ပေးထားပါသေးတယ်။


•            ပြောရရင် ဒီ Game ရဲ့ Developer ဖြစ်တဲ့ Wemade Co Ltd က ဟိုးအရင် 2016 လောက်တုန်းက Legend of Mir ဆိုပြီး UE4 သုံးထားတဲ့ MMORPG ကို ပွဲထုတ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အခုတော့ Mir4 ကို သူတို့ရဲ့ Rework Game အနေနဲ့ ပြန်ပြင်ဆင်ပြီးမှ သေချာထွက်လာခဲ့တာပါ။ ဒီ Game နဲ့ပတ်သတ်ပြီး Marketing ဆင်းပြီးနောက်ပိုင်းမှာ Pre- Register ပေါင်း 300,000 ထိရခဲ့လို့လည်းပြောပါတယ်။ ဘာလို့ဆို နာမည်ကြီးမင်းသမီးပါ ထည့်သုံးထားတာကို။ 



•              အဲတော့ Game က ထုံးစံတိုင်း Korea ကဆိုတော့ သူတို့နိုင်ငံတွက်ဘဲ Language ရအုန်းမှာပါ။ Admin အခုနောက်ပိုင်း သတိထားမိလာတာက ဒီ Korea Developer တွေရဲ့ ပြိုင်ဆိုင်မှုက ကြမ်းလာကြတယ်လို့တော့ မြင်မိတယ်။ ဘာလို့ဆို နောက်ပိုင်းထွက်လာတဲ့ Game အများစုက Graphic အတော်ကြီးကို ပြင်ဆင်လာကြပြီး သူ့ထက်ငါ ပိုကောင်းအောင် ပို့စို့ပတ်စက် သုံးလာကြတာပါ။ အဲလို အပြိုင်ဆိုင်သုံးလို့ Game မနိုင်မှာကိုလည်း စိုးရိမ်စရာမလိုဘဲ Game Optimize တင်မကဘဲ Size ကပါ အရင် Game တွေကထက် သိသိသာသာလျော့အောင်လုပ်ပြီး အကောင်းဆုံးပြင်ဆင်လာကြတာပါ။ တရုတ်တွေက Game တွေကို ဘယ်လောက် အတုယူပြီး ထုတ်ထုတ် ဒီ Korea ကတော့ သူတို့ရဲ့ လမ်းကြောင်းတိုင်း တောက်လျှောက်အပြိုင်ဆိုင်ထုတ်တာပါ။ 




•            Game ဘက်ကို ပြန်လှည့်ရရင် Admin သဘောကျတာက Character Face တွေပါ။ ပို့စို့ပတ်စက် ချောကြသလို တခြား Game တွေထက်တောင် သဘာဝကျမိတယ်လို့ မြင်မိတယ်။ Role 4 ခုပါပြီး Male ကော Female ကော တစ်သတ်မှတ်ထဲလာတာပါ။ ဒါပေမယ့် ကိုယ်ယူထားတဲ့ Character ကိုတော့ ကြိုက်သလို Customize လုပ်လို့ရတယ်။ အဲတော့ Game က Character တင် လှရုံတင်မကဘဲ Graphic ကြီးကပါ Environment ကို တွေ့လိုက်တာနဲ့ Mobile လို့တောင် ထင်မှာမဟုတ်ပါဘူး။ 





•             Shadow တွေ Blur တွေရဲ့ Support က Game ကို ပိုပြီး Realistic ဖြစ်စေသလို Skill Effect တွေကလည်း MMORPG နဲ့ဆိုတော့ တခြား Player တွေနဲ့ပေါင်းပြီး Map တစ်ခုလုံးမှာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရောင်စုံတွေ့ရမှာပါ။ ဒီနေရာမှာ Admin သတိထားမိတာက Graphic High Setting မှာတောင် Texture Resolution မသိမသာ လျော့ထားသလို ခံစားမိတယ်။ ဒါပေမယ့် ချုံပြီးကြည့်ရင်တော့ HD လို ခံစားရမှာဖြစ်ပြီး ဒါကလည်း Size မပုတ်အောင်လို့ Mobile တစ်ခုအနေနဲ့ သင့်တော်သလို လုပ်ပေးထားတယ်လို့မြင်မိတယ်။ ဒါတောင် Mid Phone တွေက High Setting မှာအတော်ရုန်းရမှာဖြစ်ပြီး ဖုန်းပူပြီး အားစားမှာပါ။ 




•              Game ရဲ့ ဇာတ်အိမ်ကတော့ အတော်ကောင်းတယ်ပြောရမယ်။ ဘာလို့ဆို အစပိုင်းမှာတင် ဇာတ်ကို မျက်စိလည်ပြီး မထင်မှတ်ထားအောင် လုပ်ပေးထားတာ။ Admin ဆို ဒီ Game ရဲ့ ဇာတ်လမ်းကို Suprise ဖြစ်ရုံတင်မကဘဲ ပိုပြီးတော့တောင် မထင်ထားတာတွေလိုက်ရတော့ စိတ်ထဲကနေတောင် တစ်မြိမြိဖြစ်မိတယ်။ Gameplay က Auto Quest နဲ့ Auto Combat ပါဝင်ပြီး Jump စနစ်တွေနဲ့ တခြား Action စတိုင်တွေပါ ထည့်ပေးထားသေးတယ်။ ဒါဆို ဒီ Game က PTW လားဆိုတာထက် ဒီလို Game တွေက နှစ်ခါပြန်လှည့်ကြည့်စရာမလိုပါဘူး။ ဒါကလည်း Online Multiplayer စနစ်ဖြစ်တာကြောင့် သူ့ထုံးစံတိုင်းသွားမှာဖြစ်သလို Mobile သမားတွေတွက်တော့ Graphic ရယ် Story တွေကဘဲ ဖမ်းစားပြီး ဆွဲဆောင်နေမှာပါ။ ဆော့ရင်ဆော့နိုင်သလို အချိန်ပေးရမှာဖြစ်တာကြောင့် ဇာတ်လမ်းသဘောကျရင်တောင် Main Quest တွက် ရုန်းရမှာပါ။




•              အဲတော့ Game က Graphic အတော်လှတာကြောင့် Environment ခံစားခြင်တဲ့သူတွေတွက် သင့်လျော်သလို Story သမားတွေတွက်လည်း Language ကလွဲရင် စိတ်ဝင်စားစရာကောင်းပါတယ် ။ ထပ်တိုးအနေနဲ့ပြောရရင် ဒီထဲက ကောင်မလေးတွေက အသေချောကြသလို Sexy လည်းဖြစ်တာကြောင့် Boy Player တွေကို ဆွဲဆောင်စေမှာလည်း အမှန်ဘဲ။ 


         ⚠️  Game ထဲရောက်ရင် 2.3 GB လောက် ထပ် Download လုပ်ရမှာဖြစ်ပြီး Total Size အနေနဲ့ကတော့ 2.60 GB ဝန်းကျင်လောက်ဘဲ ရှိတဲ့ Game ပါ။ Account နဲ့ပတ်သတ်ပြီးလည်း Google ကော FB ကော သုံးလို့ရတာကြောင့် အဆင်ပြေစေမှာပါ  ⚠️


=====================

- Android Version = 5.0 +

- Size = 98 MB

- Total Size = 2.6 GB

- Type = Online

- Developer = Wemade

Download Link
*****************



==========================

#Online_HELLO, #MMORPG_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...