Moonlight Blade



•             ဒီ Game က MMORPG အမျိုးစားဖြစ်ပြီး ပြောရရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက Trailer တွေနဲ့ဘဲ စောင့်မျှော်ခဲ့ရတဲ့ Game တစ်ခုပါ။ Tencent ရဲ့ ပြောပြချက်အရတော့ ဒီ Game ရဲ့ World ဟာ Skyrim ထက် 18 ကြိမ်လောက်ထိ ကြီးမားတယ်လို့ ပြောထားတယ်။ ဟုတ်မဟုတ်တော့မသိဘူး ဒီ Game ရဲ့ Land ကို Realistic ဖြစ်အောင်လို့ Satellite Maps အကူညီတွေပါယူထားပြီး မတူညီတဲ့ နယ်မြေပေါင်း 17 ခုနဲ့ အပင်မျိုးစိတ်ပေါင်း 2,200 ထိပါ ဖန်တီးထားတာပါ။ အဲတော့ World လှမလှကတော့ စိတ်ပူစရာတောင်မလိုဘူး။ 
 


•             နည်းနည်းကွဲတာက ဒီ Game က တခြား MMO တွေဖြစ်တဲ့ Black Desert တို့ Blade & Soul တို့ Revelation Online တို့လို Monster တွေ Creature တွေကို တိုက်ခိုက်ရတာမျိူးမဟုတ်ဘဲ Reality ဖြစ်တဲ့ Human တွေနဲ့ဘဲ ရင်ဆိုင်ရမယ့် Game ပါ။ ပြောရရင် လူဆိုးတွေနဲ့ဘဲ ပုံစံကွဲအောင် ချရမှာပေါ့။ Character Creation ဘက်ကို ကြည့်မယ်ဆိုရင်လည်း PC နီးပါးထိ ပြင်ဆင်ထားပြီး ပိုထူးဆန်းတာက ကိုယ့်ရဲ့ Face ကိုပါ Photo နဲ့ Analyze လုပ်ပြီး ဖန်တီးလို့တာပါ။ အဲတော့ ကိုယ့်မျက်ခွက်ကြီးနဲ့ Game ထဲမှာ ဆော့လို့ရတာပေါ့။ ဒါပေမယ့် Admin ထင်ရသလောက်တော့ ကိုယ့်ပုံထက် သူတို့ Create လုပ်ထားတာတွေကို ပိုသဘောကျကြမယ်ထင်တယ်။ 





•            Male ကော Female ​ကော ပြီးတော့ ကလေးပုံစံ Loli Size လေးတွေပါ ဖန်တီးနိုင်ပြီး Role အနေနဲ့ကတော့ 6 မျိုးထိပါတာကြောင့် ရွေးချယ်စရာများတယ်လို့တော့ ပြောလို့ရတယ်။ Face Customize မှာလည်း Strong ဖြစ်ပြီး အံ့သြစရာကောင်းတာက တစ်ချို့ Face တွေဆို အတော်လှတဲ့အပြင် Alita နဲ့တူတဲ့ ဒီဇိုင်းပါ ပါသေးတယ်ဆိုတာပါ။




•            ဒီ Game မှာက Storyline ကောင်းတဲ့အပြင် Graphic ကလည်း အတော်ကြီးကို လှတာပါ။ ပြောရရင် Admin တောင် တရုတ်ပြည်မှာ လျှောက်သွားနေသလိုထိ ခံစားရတယ်။   Weather စနစ်တွေ အတော်သုံးထားတဲ့အပြင် Day ,Night Cycle နဲ့ Real Time Shadow တွေကလည်း Game ကို အတော် Support ပေးနေတာပါ။ အဓိကက ဒီ Game မှာ ဖန်တီးထားတဲ့ Environment က အသေးစိတ်ကျပြီး တောထဲဆိုရင်လည်း မြက်ပင်အစ ရေ​ပြင်အဆုံး သဘာဝကျအောင်ထိ ပုံဖော်ထားတာပါ။ Admin ကတော့ ဒီလို လှတဲ့ Game တွေဆိုရင် ဘယ်နေရာရောက်ရောက် ဓာတ်ပုံရိုက်ဖို့ဘဲ ချောင်းနေတော့တာ။ အဲကြောင့် SS တွေလည်း ဗြောင်းဆန်နေတာဘဲ။ 




•            Game က Auto Quest ပါပေမယ့် စိတ်ကျေနပ်စေမှာက Auto Combat မပါပါဘူး။ Attacking ပိုင်းမှာ ကိုယ်တိုင်ဘဲ Control လုပ်ရမှာဖြစ်ပြီး Combine Skill တွေပါ ပါသေးတာကြောင့် တိုက်ရခိုက်ရတာတော့ အတော်မိုက်တယ်။ အခုလို Biggest ဖြစ်တဲ့ Map ထဲမှာ Auto Quest ပါတာက လက်ခံလို့ရပြီး ပြီးတော့ Chinese Only ဆိုတော့ Quest နဲ့ပတ်သတ်ပြီးလည်း  အဆင်ပြေတာပေါ့။ Level အလိုက် Feature တွေ Unlock ဖြစ်တာကြောင့် Combat ပိုင်းမှာက ဒီထက် Hidden Skill တွေ ပါနိုင်သေးပါတယ်။ Animation တွေမှာလည်း အရမ်း အားရတယ် ဥပမာ မြင်းထိန်းတာတွေတို့ ၊ လှုပ်ရှားတာတွေက အတော်ပီပြင်တယ်။ 




•            Gameplay အနေနဲ့ကတော့ Main Quest တွေအပြင် Side Quest တွေပါ ပါသေးပြီး တခြားအနေနဲ့ကတော့ PvP နဲ့ PvE အပြင် Battle Royale ပါ ထည့်ပေးထားပါသေးတယ်။ Co-op တွေ Dungeons တွေအပြင် Guild vs Guild , 1v1 , 5v5 , 40v40 ထိ PvP အနေနဲ့ ဆော့လို့ရပါတယ်။ ဒါပေမယ့် 1v1 မှာက PTW ဆန်ပေမယ့် တကယ် Fair ဖြစ်တဲ့ Mode ကတော့ Battle Royale ပါ။ Team 5 ယောက်ထိ တွဲဆော့နိုင်ပြီး နောက်ဆုံးကျန်ခဲ့တဲ့သူက အနိုင်မှာပေါ့။ 


❤️         Game က Combat တွေအပြင် NPC တွေမှာလည်း ချောချောလေးတွေပါသေးပါတယ်။ ကောင်းကင်ထိ လေဟုန်တက်လို့ရပြီး Chinese သိုင်းကားတွေလို ခေါင်းမိုးပေါ်ထိ ခုန်ပျံကျော်လွှားလုပ်လို့ရပါတယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဒီ Game က ပြောရရင် Life System ကြီးလို ဖန်တီးပေးထားပြီး PTW လို့ပြောပေမယ့် သဘာဝကျပါတယ်။ Game ထဲမှာ ကိုယ်သဘောကျတဲ့လူရဲ့လက်ကို တွဲပြီး World တစ်ခွင် လျှောက်သွားလို့ရသလို အခုလို Lockdown ကာလမှာ စုံတွဲတွေတွက်တော့ စိတ်ထွက်ပေါက်ဖြစ်စေမယ့် Game တစ်ခုပါ။ ရည်းစားမရှိလဲ ရှိတဲ့သူကို လိုက်ဆွဲပေါ့။ ❤️


•            ဒီ Game မှာ Admin ဆော့ကြည့်ရသလောက်တော့ တရုတ်တွေက အတော်စည်းလုံးတယ်ပြောလို့ရတယ်။ ကိုယ်တောင် ဆော့တာ ဘယ်လောက်မှ မကြာသေးဘူး Guild တွေ Group တွေကနေ အကုန်လာခေါ်ကြတာ။ သူတို့ပြောတာတော့ Event ကြောင့် အခုလို Invite တွေ လုပ်တာလို့ပြောတယ်။ ဒါပေမယ့် အရင်ဆုံးသူတို့က အပျော်ဆော့တာလား တကယ်ဆော့တာလားလို့ မေးတတ်တယ်။ အထူးသဖြင့် ကိုယ်ရဲ့ Character က Power မလောက်ရင်တောင် သူတို့က Support လုပ်ပြီး ကူမယ်ဆိုတာမျိူးပေါ့။ 




❗️        Game က ​လောလောဆယ် China version ဆိုပေမယ့် အများစုပြောတာကတော့ NA နဲ့ EU တွက်ပါ လာလိမ့်မယ်လို့ ခန့်မှန်းကြတယ်။ Admin ကတော့ Chinese Culture မလို့ သိပ်မမျှော်မှန်းပေမယ့် TW version တော့ ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဘာလို့ဆို အခု Game က Account တွက် Wechat နဲ့ QQ လိုပါတယ်။ ❗️




•         ⚠️  Game Size က 1.2 GB ဆိုပေမယ့် In Game ကြရင် 2.7 GB ထပ် Download လုပ်ရမယ်လို့ ​ပြလိမ့်မယ်။ ဒါပေမယ့် Game ထဲရောက်ရင် နောက်ထပ် Mode တွေတွက် ထပ်ဆွဲရအုန်းမှာဖြစ်တာကြောင့် Download လုပ်မယ့် Size က 5.25 GB ထိရှိပါတယ်။ အဲဒါကြောင့် မိမိဖုန်းထဲမှာ 6.8 GB ထိ နေရာယူမှာဖြစ်ပြီး Storage အနေနဲ့ 7 GB အထက်ထိ လွတ်နေမှ အဆင်ပြေမှာပါ။ ⚠️





=====================

- Android Version = 7.0 +

- Size = 1.2 GB

- Total Size = 7 GB 

- Type = Online

- Developer = Tencent

===================

Download Link
*****************


=========================

#Online_HELLO, #MMORPG_HELLO, #HELLOYDB

( Game အသစ်တွေကို နေ့စဥ်သိဖို့တွက် See First လုပ်ဖို့ မမေ့နဲ့နော် 😉 )

Related Posts

  • Misguided Never Back Home ° 2 နှစ်ကျော် စောင့်ခဲ့ရတဲ့ Game လေးကတော့ အခုဆိုရင် ရုပ်လုံးအပြည့်နဲ့ Official ထွက်လာခဲ့ပါပြီ။ ဒီ Game ကို Indonesia အခြေစိုက် Indie Developer ဖြစ်တဲ့ JEVO Games … Read More
  • Hunter Craft ° ဒီ Game လေးက Data သမားတွေ အရမ်းသဘောကျစေမယ့် Survival Game လေးဖြစ်ပြီး အရင် စထွက်တုန်းကလည်း တင်‌ပေးဖူးပါတယ်။ အခု Update အဆင့်ဆင့်နဲ့ Game က တကယ်ကို အသက်ဝင်လာတဲ့ … Read More
  • Battlefield Mobile ( Second Beta ) ° ဒုတိယအကြိမ်မြောက် Close Beta အနေနဲ့ ထွက်လာတဲ့ Battlefield Mobile ဟာ India နဲ့ Thailand Region တွေမှာ ကစားလို့ရနေပြီဖြစ်ပြီး အရင် Beta ကထက် Graphic Optimization … Read More
  • Bladed Fury ° PC နဲ့ Console ကနေ ဆင်းလာတဲ့ Rating ကောင်း Game တစ်ခုဖြစ်ပြီး Mobile တွက်ပါ Premium Game အနေနဲ့ ထွက်လာတာပါ။ 2D Action Game တစ်ခုဖြစ်တာနဲ့ အညီ Story ကစ Mythology… Read More
  • The Complex ° Admin ကိုယ်တိုင် အရမ်းဆော့ခြင်နေတဲ့ Game တစ်ခုဖြစ်ပြီး FMV အမျိုးစားမလို့ Movie ဇာတ်လမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကိုယ့်ရဲ့ ရွေးချယ်မှုအတိုင်း အဖြစ်ပျက်တွေဟာ … Read More

Comments

လူကြည့်အများဆုံး GAMES